မန္တလေးမှာ ကန့်သတ်စောင့်ကြည့်ခံနေရသူ ၇၀၀၀ ကျော်ရှိ

0
125

မန္တလေးတိုင်းအတွင်းမှာ ကန့်သတ်စောင့်ကြည့်ခံနေရတဲ့သူ ၇၀၀၀ (ခုနှစ်ထောင်ကျော်) ရှိပြီး မြင်းခြံ ရိုင်မှာ အရေအတွက် အများဆုံးဖြစ်တယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။

အတည်ပြုလူနာ နည်းပါးတဲ့ဒေသက လာတဲ့သူတွေကို စောင့်ကြည့်ရေး စခန်းတွေမှာ မထားတော့ဘူးလို့ မန္တလေးတိုင်း ကိုရိုနာဗိုင်းရပ် ထိန်းချုပ်ရေးနဲ့ အရေးပေါ် တုံ့ပြန်ရေးကော်မတီက မနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

အတည်ပြုလူနာများတဲ့ဒေသက လာတဲ့သူတွေနဲ့ ပြည်ပပြန်တွေကိုတော့ အရင် အတိုင်းပဲ ကန့်သတ် စောင့်ကြည့်ဖို့ (၂၁) ရက်နဲ့ နေအိမ်မှာ သီးသန့် နေထိုင်ဖို့ (၇) ရက် ထားရဦးမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

ဒီလိုထုတ်ပြန်ရတာက ရွှေပြည်သာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ဗိုလ်တထောင်နဲ့ ကလေးမြို့နယ်တွေမှာ ရောဂါပိုးကူးစက်မှု့ အလွန်နည်းပါးနေတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းပြင်ပက ရောက်ရှိလာတဲ့သူတွေကို ကန့်သတ် စောင့်ကြည့်ထားတဲ့ စနစ်ကို ဧပြီလ ၂၁ ရက် နေ့က စတင်ကျင့်သုံးခဲ့တာဖြစ်ပါတယ်။

မန္တလေးမှာဆိုရင် ကိုရိုနာဗိုင်းရပ်ရောဂါပိုး စစ်ဆေးတဲ့ စက်နှစ်လုံးနဲ့ အခုမေလအတွင်းမှာ စတင် စစ်ဆေးနိုင်မှာ ဖြစ်ပြီး မန္တလေးမြို့က ဒေသခံတွေ လှူဒါန်းတဲ့ စက်တစ်လုံးနဲ့အတူ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ခြောက်ယောက်တို့က စစ်ဆေးမယ်လို့ မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

—————

မႏၲေလးတိုင္းအတြင္းမွာ ကန႔္သတ္ေစာင့္ၾကည့္ခံေနရတဲ့သူ ၇၀၀၀ (ခုႏွစ္ေထာင္ေက်ာ္) ရွိၿပီး ျမင္းၿခံ ႐ိုင္မွာ အေရအတြက္ အမ်ားဆုံးျဖစ္တယ္လို႔ တိုင္းအစိုးရက ထုတ္ျပန္ထားပါတယ္။

အတည္ျပဳလူနာ နည္းပါးတဲ့ေဒသက လာတဲ့သူေတြကို ေစာင့္ၾကည့္ေရး စခန္းေတြမွာ မထားေတာ့ဘူးလို႔ မႏၲေလးတိုင္း ကို႐ိုနာဗိုင္းရပ္ ထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚ တုံ႔ျပန္ေရးေကာ္မတီက မေန႔က ေၾကညာခ်က္ထုတ္ျပန္ပါတယ္။

အတည္ျပဳလူနာမ်ားတဲ့ေဒသက လာတဲ့သူေတြနဲ႔ ျပည္ပျပန္ေတြကိုေတာ့ အရင္ အတိုင္းပဲ ကန႔္သတ္ ေစာင့္ၾကည့္ဖို႔ (၂၁) ရက္နဲ႔ ေနအိမ္မွာ သီးသန႔္ ေနထိုင္ဖို႔ (၇) ရက္ ထားရဦးမွာ ျဖစ္တယ္လို႔ ေၾကညာခ်က္မွာ ပါရွိပါတယ္။

ဒီလိုထုတ္ျပန္ရတာက ေ႐ႊျပည္သာ၊ လႈိင္သာယာ၊ မဂၤလာဒုံ၊ ဗိုလ္တေထာင္နဲ႔ ကေလးၿမိဳ႕နယ္ေတြမွာ ေရာဂါပိုးကူးစက္မႈ႕ အလြန္နည္းပါးေနတဲ့အတြက္ေၾကာင့္ ျဖစ္တယ္လို႔ ဆိုပါတယ္။

မႏၲေလးတိုင္းျပင္ပက ေရာက္ရွိလာတဲ့သူေတြကို ကန႔္သတ္ ေစာင့္ၾကည့္ထားတဲ့ စနစ္ကို ဧၿပီလ ၂၁ ရက္ ေန႔က စတင္က်င့္သုံးခဲ့တာျဖစ္ပါတယ္။

မႏၲေလးမွာဆိုရင္ ကို႐ိုနာဗိုင္းရပ္ေရာဂါပိုး စစ္ေဆးတဲ့ စက္ႏွစ္လုံးနဲ႔ အခုေမလအတြင္းမွာ စတင္ စစ္ေဆးႏိုင္မွာ ျဖစ္ၿပီး မႏၲေလးၿမိဳ႕က ေဒသခံေတြ လႉဒါန္းတဲ့ စက္တစ္လုံးနဲ႔အတူ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္က ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္ ေျခာက္ေယာက္တို႔က စစ္ေဆးမယ္လို႔ မႏၲေလးၿမိဳ႕ေတာ္ဝန္ ေဒါက္တာ ရဲလြင္က သူ႔ရဲ႕ Facebook စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

RFA Burmese

LEAVE A REPLY

Please enter your comment!
Please enter your name here