ဒေါက်တာဇော်မြင့်မောင် ပြန်ကျန်းမာလို့မန္တလေးနေအိမ်ကိုပြန်ရောက်

0
75

သွေးကင်ဆာရောဂါကို ထိုင်းနိုင်ငံမှာ သွားရောက် ကုသမှုခံယူနေရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ ဆေးကုသမှု အောင်မြင်ခဲ့တယ်လို့ ှဇနီးဖြစ်သူ ဒေါက်တာ ယုယုမေက သူ့ရဲ့ Facebook မှာ ဒီကနေ့ ရေးသားလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက ပြည်ပထွက် ကုသမှု ခံယူရာကနေ မနေ့က ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး ထိုင်းဆေးရုံက နောက်ထပ် ခြောက်လအကြာမှာ ပြန်လည် စမ်းသစ် စစ်ဆေးဖို့ ထပ်မံချိန်းဆိုထားပါတယ်။

အခုလောလောဆယ်မှာတော့ နေအိမ်မှာပဲ သီးသန့်စောင့်ကြည့်မှု ခံယူနေတယ်လို့ ဒေါက်တာ ယုယုမေက ရေးသားထားပါတယ်။

ဝန်ကြီးချုပ်တာဝန်ကို မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးဖြစ်တဲ့ ဦးဇာနည်အောင်က ယာယီ တာဝန်ယူထားပါတယ်။

ဒေါက်တာ ဇော်မြင့်မောင်ဟာ မကြာသေးခင်က မန္တလေးနေ့စဉ် သတင်းစာမှာ ကင်ဆာကို အံတုရေးအတွက် လိုအပ်တဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဆောင်းပါး တစ်ပုဒ် ရေးသားခဲ့ပါတယ်။

ရောဂါဖြစ်ပြီဆိုတာကိုသိတာနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေကို ပြင်ဆင် ထားသင့်တယ်လို့ ဒေါက်တာ ဇော်မြင့်မောင်က တိုက်တွန်းထားပါတယ်။

ကင်ဆာကြောင့် သေဆုံးရတဲ့ အရေအတွက်ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘာတစ်လွှား သေဆုံးမှုတွေထက်တောင် ပိုများနေတယ်လို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

~~~~~~~~~~~~~~~

ေသြးကင္ဆာေရာဂါကို ထိုင္းႏိုင္ငံမွာ သြားေရာက္ ကုသမႈခံယူေနရတဲ့ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္ဟာ ေဆးကုသမႈ ေအာင္ျမင္ခဲ့တယ္လို႔ ွဇနီးျဖစ္သူ ေဒါက္တာ ယုယုေမက သူ႔ရဲ႕ Facebook မွာ ဒီကေန႔ ေရးသားလိုက္ပါတယ္။

ၿပီးခဲ့တဲ့ မတ္လဆန္းပိုင္းက ျပည္ပထြက္ ကုသမႈ ခံယူရာကေန မေန႔က ျပန္လည္ေရာက္ရွိလာတာျဖစ္ၿပီး ထိုင္းေဆး႐ုံက ေနာက္ထပ္ ေျခာက္လအၾကာမွာ ျပန္လည္ စမ္းသစ္ စစ္ေဆးဖို႔ ထပ္မံခ်ိန္းဆိုထားပါတယ္။

အခုေလာေလာဆယ္မွာေတာ့ ေနအိမ္မွာပဲ သီးသန႔္ေစာင့္ၾကည့္မႈ ခံယူေနတယ္လို႔ ေဒါက္တာ ယုယုေမက ေရးသားထားပါတယ္။

ဝန္ႀကီးခ်ဳပ္တာဝန္ကို မႏၲေလးတိုင္းအစိုးရအဖြဲ႕ ဝန္ႀကီးတစ္ဦးျဖစ္တဲ့ ဦးဇာနည္ေအာင္က ယာယီ တာဝန္ယူထားပါတယ္။

ေဒါက္တာ ေဇာ္ျမင့္ေမာင္ဟာ မၾကာေသးခင္က မႏၲေလးေန႔စဥ္ သတင္းစာမွာ ကင္ဆာကို အံတုေရးအတြက္ လိုအပ္တဲ့ အခ်က္အလက္ေတြနဲ႔ ပတ္သက္ၿပီး ေဆာင္းပါး တစ္ပုဒ္ ေရးသားခဲ့ပါတယ္။

ေရာဂါျဖစ္ၿပီဆိုတာကိုသိတာနဲ႔ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာေတြကို ျပင္ဆင္ ထားသင့္တယ္လို႔ ေဒါက္တာ ေဇာ္ျမင့္ေမာင္က တိုက္တြန္းထားပါတယ္။

ကင္ဆာေၾကာင့္ ေသဆုံးရတဲ့ အေရအတြက္ဟာ ကို႐ိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ ကမာၻတစ္လႊား ေသဆုံးမႈေတြထက္ေတာင္ ပိုမ်ားေနတယ္လို႔ ေဆာင္းပါးမွာ ေဖာ္ျပထားပါတယ္။

Photo: Yu Yu May – facebook

RFA Burmese

LEAVE A REPLY

Please enter your comment!
Please enter your name here