ပါကစ္စတန် လေယာဉ်ပျက်ကျမှုမှာ နာမည်ကြီးမော်ဒယ် Zara Abid ပါဝင်ခဲ့ပြီး၊ သေဆုံးဟု သတင်းထွက်ပေါ်

0
69

ဒီကနေ့ ညနေပိုင်းလောက်မှာ ဖြစ်ခဲ့တဲ့ ပါကစ္စတန်အစိုးရလေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်ပျက်ကျမှုမှာ လေယာဉ်ပေါ်ပါသူ စုစုပေါင်း (၁၀၇)ဦးအထိ သေဆုံးခဲ့တယ်လို့ ပြည်နယ်အစိုးရက ကြေညာခဲ့ပါတယ်။

ဒါပေမယ့် အသက်ရှင်လျှက် ကယ်တင်နိုင်သူတွေလည်း ရှိတယ်လို့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ အခု လေယာဉ်ပျက်ကျမှုမှာ နာမည်ကျော်မော်ဒယ် Zara Abid တစ်ယောက်ပါဝင်ခဲ့ပြီး၊ သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာကြောင့်-

ပါကစ္စတန်လူထုအတွက် နှမြောတသ ဝမ်းနည်းစရာ ဖြစ်စေခဲ့ပါတယ်။ ကရာချီအပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးမှာ လေယာဉ်ဟာ လူနေအိမ်ခြေတွေပေါ်ကို ပျက်ကျခဲ့တာပါ။ မြို့တော်ဝန် Waseem Akhtar ကတော့ ပါရှိလူကုန် သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပြီး၊

မြေပြင်မှာရှိနေတဲ့ လူ ဘယ်နှစ်ယောက် ထိခိုက်တယ်၊ သေဆုံးတယ်ဆိုတာကိုတော့ အတည်ပြုခဲ့ခြင်း မရှိပါဘူး။ ကြားသိရတဲ့ သတင်းတွေအရတော့ အနည်းဆုံး လူပေါင်း (၁၂၀)လောက် သေဆုံးဖွယ်ရှိတယ်လို့ သိရပါတယ်။

Zara Abid ဟာ ဖတ်ရှင်လောကမှာရော၊ ဒီဇိုင်းလောကမှာပါ နာမည်ကြီးတဲ့ မော်ဒယ်တစ်ယောက် ဖြစ်ပါတယ်။ သူမ သေဆုံးတယ်ဆိုတာ သက်ဆိုင်ရာက အတည်ပြုခြင်း၊ ကာယကံရှင်မိသားစုတွေက ရေငုံနှုတ်ပိတ်နေဆဲရှိပေမယ့် သူမအတွက် ဝမ်းနည်းကြောင်း ပို့စ်တင်သူတွေ ရာနဲ့ချီ ရှိခဲ့ပါတယ်။

ဆုမွန်ကောင်း တောင်းသူတွေထဲမှာ လုပ်ဖော်ကိုင်ဘက်တွေ၊ ဘဝတူမော်ဒယ်တွေ၊ နိုင်ငံရေးအရ သြဇာတိက္ကမကြီးသူတွေ ပါဝင်ခဲ့တာကြောင့် Zara Abid သေဆုံးတယ်ဆိုတာ ဖြစ်နိုင်တယ်လို့ အတည်ပြုနေကြပါတယ်။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

ဒီကေန႔ ညေနပုိင္းေလာက္မွာ ျဖစ္ခဲ့တဲ့ ပါကစၥတန္အစုိးရေလေၾကာင္းလုိင္းပုိင္ ခရီးသည္တင္ ေလယာဥ္ပ်က္က်မႈမွာ ေလယာဥ္ေပၚပါသူ စုစုေပါင္း (၁၀၇)ဦးအထိ ေသဆုံးခဲ့တယ္လုိ႔ ျပည္နယ္အစိုးရက ေၾကညာခဲ့ပါတယ္။

ဒါေပမယ့္ အသက္ရွင္လွ်က္ ကယ္တင္ႏုိင္သူေတြလည္း ရွိတယ္လုိ႔ သတင္းေတြလည္း ထြက္ေပၚလာခဲ့ပါတယ္။ အခု ေလယာဥ္ပ်က္က်မႈမွာ နာမည္ေက်ာ္ေမာ္ဒယ္ Zara Abid တစ္ေယာက္ပါဝင္ခဲ့ၿပီး၊ ေသဆုံးခဲ့တယ္လုိ႔ သတင္းေတြ ထြက္ေပၚခဲ့တာေၾကာင့္-

ပါကစၥတန္လူထုအတြက္ ႏွေျမာတသ ဝမ္းနည္းစရာ ျဖစ္ေစခဲ့ပါတယ္။ ကရာခ်ီအျပည္ျပည္ဆုိင္ရာ ေလဆိပ္အနီးမွာ ေလယာဥ္ဟာ လူေနအိမ္ေျခေတြေပၚကို ပ်က္က်ခဲ့တာပါ။ ၿမိဳ႕ေတာ္ဝန္ Waseem Akhtar ကေတာ့ ပါရွိလူကုန္ ေသဆုံးခဲ့ေၾကာင္း အတည္ျပဳခဲ့ၿပီး၊

ေျမျပင္မွာရွိေနတဲ့ လူ ဘယ္ႏွစ္ေယာက္ ထိခုိက္တယ္၊ ေသဆုံးတယ္ဆုိတာကုိေတာ့ အတည္ျပဳခဲ့ျခင္း မရွိပါဘူး။ ၾကားသိရတဲ့ သတင္းေတြအရေတာ့ အနည္းဆုံး လူေပါင္း (၁၂၀)ေလာက္ ေသဆုံးဖြယ္ရွိတယ္လုိ႔ သိရပါတယ္။

Zara Abid ဟာ ဖတ္ရွင္ေလာကမွာေရာ၊ ဒီဇုိင္းေလာကမွာပါ နာမည္ႀကီးတဲ့ ေမာ္ဒယ္တစ္ေယာက္ ျဖစ္ပါတယ္။ သူမ ေသဆုံးတယ္ဆုိတာ သက္ဆုိင္ရာက အတည္ျပဳျခင္း၊ ကာယကံရွင္မိသားစုေတြက ေရငုံႏႈတ္ပိတ္ေနဆဲရွိေပမယ့္ သူမအတြက္ ဝမ္းနည္းေၾကာင္း ပုိ႔စ္တင္သူေတြ ရာနဲ႔ခ်ီ ရွိခဲ့ပါတယ္။

ဆုမြန္ေကာင္း ေတာင္းသူေတြထဲမွာ လုပ္ေဖာ္ကိုင္ဘက္ေတြ၊ ဘဝတူေမာ္ဒယ္ေတြ၊ ႏုိင္ငံေရးအရ ၾသဇာတိကၠမႀကီးသူေတြ ပါဝင္ခဲ့တာေၾကာင့္ Zara Abid ေသဆုံးတယ္ဆုိတာ ျဖစ္ႏုိင္တယ္လုိ႔ အတည္ျပဳေနၾကပါတယ္။

လင္းေဇာ္ကုိ (D Nae Khit)

LEAVE A REPLY

Please enter your comment!
Please enter your name here