တလင်တမယား ဥပဒေ ပုဒ်မ ၁၃ဖြင့် အမှုဖွင့် တိုင်ကြားတဲ့ အမျိုးသမီး ခြိမ်းခြောက်ခံနေရဟုဆို

0
116

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ၎င်းခင်ပွန်း ဖောက်ပြန်ခြင်းကြောင့် တလင်တမယား ဥပဒေ ပုဒ်မ ၁၃ဖြင့် အမှုဖွင့်ခဲ့ကြောင်း Top Phoenix မီဒီယာသို့ ပြောပါတယ်။

“တရားရုံးက ကျမ မသိဘဲ အာမခံပေးလိုက်တယ်။ ကျမကို ဆောင်ရွက်ပေးတဲ့ ဥပဒေအရာရှိက မကန့်ကွက်တော့ အာမခံ ပေးလိုက်ပါတယ်”ဟု တလင်တမယား ဥပဒေ ပုဒ်မ ၁၃ဖြင့် တရားလို ပြုလုပ် တိုင်တန်းသော မသီသီခိုင်က ပြောပါတယ်။

“၁၀လကြာတဲ့ အချုပ်သားတွေကိုသာ ရုံးထုတ်ကြောင့် ကျမ ကြားတယ်။ ဒါပေမဲ့ ယခု ကျမ တိုင်တန်းသူကို တစ်ယောက်တည်းကိုပဲ ရုံးထုတ်ပြီး အားမခံ ပေးလိုက်တယ်။ ကျမ ခြိမ်းခြောက်ခံနေရတယ်။ ရဲစခန်းကို သွားတိုင်တော့ ရဲက အမှုမဖွင့်ပေးဘူး”ဟု ထပ်မံ ပြောဆိုပါတယ်။

“လှိုင်သာယာ(အနောက်ပိုင်း)မြို့မရဲစခန်းသို့ Top Phoenix မီဒီယာမှ သွားယောက် စုံစမ်းပေမဲ့ စခန်းမှူးက တာဝန်ဖြင့် အပြင်သို့ ရောက်ရှိနေကြောင့် ပြောတယ်။ မနေ့က တာဝန်ကျတဲ့ ရဲအရာရှိသို့ မေးမြန်းဖို့ ပြောဆိုတယ်။ မေလ ၂၁ရက်နေ့ တာဝန်ကျ ရဲအရာရှိကို Top Phoenix မီဒီယာမှ မေးမြန်းတော့ အမှုဖွင့် တိုင်းကြားတာ ယခင်ဖွင့်တဲ့ အမှုပါ။ အမှုက မပြီးသေးဘူး ။

တရားရုံးတွင် ရင်ဆိုင်နေတုန်းမို့ အမှုတစ်ခုကို နောက်ထပ် ဖွင့်မရကြောင့် သူ့ကို ရှင်းပြတယ်”ဟု ဆိုတယ်။လှိုင်သာယာ(အရှေ့ပိုင်း/အနောက်ပိုင်း)မြို့နယ် တရားသူကြီးကို Top Phoenix မီဒီယာမှ ဆက်သွယ်ရန် ကြိုးစားသော်လည်း မရရှိခဲ့ပါ။

Top Phoenix Media Group

လႈိင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္တြင္ ေနထိုင္သည့္ အမ်ိဳးသမီးတစ္ဦးက ၎ခင္ပြန္း ေဖာက္ျပန္ျခင္းေၾကာင့္ တလင္တမယား ဥပေဒ ပုဒ္မ ၁၃ျဖင့္ အမႈဖြင့္ခဲ့ေၾကာင္း Top Phoenix မီဒီယာသို႔ ေျပာပါတယ္။

“တရား႐ုံးက က်မ မသိဘဲ အာမခံေပးလိုက္တယ္။ က်မကို ေဆာင္႐ြက္ေပးတဲ့ ဥပေဒအရာရွိက မကန႔္ကြက္ေတာ့ အာမခံ ေပးလိုက္ပါတယ္”ဟု တလင္တမယား ဥပေဒ ပုဒ္မ ၁၃ျဖင့္ တရားလို ျပဳလုပ္ တိုင္တန္းေသာ မသီသီခိုင္က ေျပာပါတယ္။

“၁၀လၾကာတဲ့ အခ်ဳပ္သားေတြကိုသာ ႐ုံးထုတ္ေၾကာင့္ က်မ ၾကားတယ္။ ဒါေပမဲ့ ယခု က်မ တိုင္တန္းသူကို တစ္ေယာက္တည္းကိုပဲ ႐ုံးထုတ္ၿပီး အားမခံ ေပးလိုက္တယ္။ က်မ ၿခိမ္းေျခာက္ခံေနရတယ္။ ရဲစခန္းကို သြားတိုင္ေတာ့ ရဲက အမႈမဖြင့္ေပးဘူး”ဟု ထပ္မံ ေျပာဆိုပါတယ္။

“လႈိင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕မရဲစခန္းသို႔ Top Phoenix မီဒီယာမွ သြားေယာက္ စုံစမ္းေပမဲ့ စခန္းမႉးက တာဝန္ျဖင့္ အျပင္သို႔ ေရာက္ရွိေနေၾကာင့္ ေျပာတယ္။ မေန႔က တာဝန္က်တဲ့ ရဲအရာရွိသို႔ ေမးျမန္းဖို႔ ေျပာဆိုတယ္။ ေမလ ၂၁ရက္ေန႔ တာဝန္က် ရဲအရာရွိကို Top Phoenix မီဒီယာမွ ေမးျမန္းေတာ့ အမႈဖြင့္ တိုင္းၾကားတာ ယခင္ဖြင့္တဲ့ အမႈပါ။ အမႈက မၿပီးေသးဘူး ။

တရား႐ုံးတြင္ ရင္ဆိုင္ေနတုန္းမို႔ အမႈတစ္ခုကို ေနာက္ထပ္ ဖြင့္မရေၾကာင့္ သူ႔ကို ရွင္းျပတယ္”ဟု ဆိုတယ္။လႈိင္သာယာ(အေရွ႕ပိုင္း/အေနာက္ပိုင္း)ၿမိဳ႕နယ္ တရားသူႀကီးကို Top Phoenix မီဒီယာမွ ဆက္သြယ္ရန္ ႀကိဳးစားေသာ္လည္း မရရွိခဲ့ပါ။

Top Phoenix Media Group

LEAVE A REPLY

Please enter your comment!
Please enter your name here