အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တွင် ဆိုင်ကလုန်းအမ်ဖန်ကြောင့် သေဆုံးသူ ၈၂ ဦး ထိရှိလာ

0
61
ဓာတ်ပုံ-ရိုက်တာ

စူပါဆိုင်ကလုန်းအမ်ဖန် ဝင်ရောက်လို့ အိန္ဒိယအရှေ့ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်မှာ သေဆုံးသူ ၈၂ ယောက်ထက်မနည်း ရှိလာတယ်လို့ တာဝန်ရှိသူတွေက မေလ ၂၁ ရက်မှာ ပြောဆိုပါတယ်။

အိန္ဒိယအရှေ့ပိုင်းမှာ သေဆုံးသူ ၇၂ ယောက်ထက်မနည်း ရှိပြီး သေဆုံးသူအများစုဟာ ဓာတ်လိုက်သေဆုံးတာနဲ့ သစ်ပင်ပိတာကြောင့်ဖြစ်တယ်လို့ အနောက်ဘန်ဂေါပြည်နယ် ဝင်ကြီးချုပ်က ပြောဆိုပါတယ်။

မုန်တိုင်းဟာ ကုန်းတွင်းပိုင်း ဝင်ရောက်ပြိး နောက်မှာ အားပျော့သွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းတွင်းပိုင်းကို ဆက်ဝင်ရောက်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် အနောက်တောင်ပိုင်း ရှက်ကီရာခရိုင်မှာလည်း ဆည်တစ်ခု ကျိုးခဲ့ပြီး ရေကြီးခဲ့ပါတယ်။

စူပါဆိုင်ကလုန်း အမ်ဖန် မဝင်ရောက်ခင် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးက ပြည်သူ ၃ သန်းကျော်ကို အာဏာပိုင်တွေက နေရာပြောင်းရွှေ့ပေးခဲ့ပါတယ်။

————–

စူပါဆိုင္ကလုန္းအမ္ဖန္ ဝင္ေရာက္လို႔ အိႏၵိယအေရွ႕ပိုင္းနဲ႔ ဘဂၤလားေဒ့ရွ္မွာ ေသဆုံးသူ ၈၂ ေယာက္ထက္မနည္း ရွိလာတယ္လို႔ တာဝန္ရွိသူေတြက ေမလ ၂၁ ရက္မွာ ေျပာဆိုပါတယ္။

အိႏၵိယအေရွ႕ပိုင္းမွာ ေသဆုံးသူ ၇၂ ေယာက္ထက္မနည္း ရွိၿပီး ေသဆုံးသူအမ်ားစုဟာ ဓာတ္လိုက္ေသဆုံးတာနဲ႔ သစ္ပင္ပိတာေၾကာင့္ျဖစ္တယ္လို႔ အေနာက္ဘန္ေဂါျပည္နယ္ ဝင္ႀကီးခ်ဳပ္က ေျပာဆိုပါတယ္။

မုန္တိုင္းဟာ ကုန္းတြင္းပိုင္း ဝင္ေရာက္ၿပိး ေနာက္မွာ အားေပ်ာ့သြားခဲ့ၿပီးေနာက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ကုန္းတြင္းပိုင္းကို ဆက္ဝင္ေရာက္ခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္ အေနာက္ေတာင္ပိုင္း ရွက္ကီရာခ႐ိုင္မွာလည္း ဆည္တစ္ခု က်ိဳးခဲ့ၿပီး ေရႀကီးခဲ့ပါတယ္။

စူပါဆိုင္ကလုန္း အမ္ဖန္ မဝင္ေရာက္ခင္ အိႏၵိယနဲ႔ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံစလုံးက ျပည္သူ ၃ သန္းေက်ာ္ကို အာဏာပိုင္ေတြက ေနရာေျပာင္းေ႐ႊ႕ေပးခဲ့ပါတယ္။

DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here