ပါကစ္စတန်မှာ ခရီးသည်တင် လေယာဉ်တစ်စီး လူနေအိမ်ခြေတွေပေါ်ပျက်ကျ၊

0
92

ပါကစ္စတန်မှာ ခရီးသည်တင်ဂျက်လေယာဉ်တစ်စီး လူနေအိမ်ခြေတွေပေါ် ပျက်ကျခဲ့ကြောင်း သိရပါတယ်။ အဆိုပါ လေယောဉ်ပေါ်မှာ လေယာဉ်အမှုထမ်းတွေအပါအဝင် စုစုပေါင်း (၁၀၇)ဦးအထိ လိုက်ပါစီးနင်းခဲ့ပြီး၊ အားလုံး သေဆုံးကုန်ကြကြောင်း သိရပါတယ်။

လေယာဉ်မှာ Airbus A320 အမျိုးအစားဖြစ်ပြီး၊ အင်ဂျင်နှစ်လုံးစလုံး စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု တပြိုင်တည်း ဖြစ်ခဲ့တာကြောင့် ပျက်ကျခဲ့တာလို့ ကနဦးထုတ်ပြန်ချက်အရ သိရပါတယ်။ လေယာဉ်မှာ ပါကစ္စတန်အစိုးရပိုင် လေကြောင်းလိုင်းမှ ဖြစ်ပါတယ်။

အဆိုပါလေယာဉ်ဟာ ကရာချီမြို့ Jinnah International Airport လေဆိပ်မှာ ဆင်းသက်ဖို့ ပြင်ဆင်စဉ်မှာ အခုလို ဆိုးရွားတဲ့ဖြစ်စဉ်ကို ကြုံခဲ့ရတာပါ။ လေယာဉ်ဟာ Model Colony.လို့ခေါ်တဲ့ လူနေမှုအဝန်းအဝိုင်းအတွင်းကို ပျက်ကျခဲ့တာလို့ သိရပါတယ်။

မြေပြင်မှာ ထိခို်က်ဒဏ်ရာရရှိသူ၊ သေဆုံးသူစာရင်းကိုတော့ မသိရသေးပါဘူး။ လေယာဉ်ဟာ ဒေသစံတော်ချိန် ဒီကနေ့ မေလ(၂၂)ရက် ညနေပိုင်း (၂.၄၅)နာရီမှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။ လေယာဉ်မှူးဟာ ပျက်မကျခင် စက္ကန့်အနည်းငယ်အလိုမှာ လေကြောင်းထိန်းချုပ်ရေးစင်တာကို သတင်းပို့ခဲ့ပါသေးတယ်။

အဆိုပါ သတင်းပို့ချက်မှာ ” စက်နှစ်လုံးစလုံး ချို့ယွင်း … မေဒေး မေဒေး … အခြေအနေ ပြင်းထန် “ဟူ၍ဖြစ်ပါတယ်။ အဆိုပါလေယာဉ်ဟာ ပြည်တွင်းခရီးစဉ်တွေ သီးခြားပြေးဆွဲနေတဲ့ လေယာဉ်ဖြစ်ပြီး၊ အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေက အလောင်းတွေ တစ်ခုပြီးတစ်ခု သယ်ယူလာတဲ့ ဓာတ်ပုံတွေက စိတ်မကောင်းစရာပါ။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

ပါကစၥတန္မွာ ခရီးသည္တင္ဂ်က္ေလယာဥ္တစ္စီး လူေနအိမ္ေျခေတြေပၚ ပ်က္က်ခဲ့ေၾကာင္း သိရပါတယ္။ အဆုိပါ ေလေယာဥ္ေပၚမွာ ေလယာဥ္အမႈထမ္းေတြအပါအဝင္ စုစုေပါင္း (၁၀၇)ဦးအထိ လုိက္ပါစီးနင္းခဲ့ၿပီး၊ အားလုံး ေသဆုံးကုန္ၾကေၾကာင္း သိရပါတယ္။

ေလယာဥ္မွာ Airbus A320 အမ်ိဳးအစားျဖစ္ၿပီး၊ အင္ဂ်င္ႏွစ္လုံးစလုံး စက္ပိုင္းဆုိင္ရာ ခ်ိဳ႕ယြင္းမႈ တၿပိဳင္တည္း ျဖစ္ခဲ့တာေၾကာင့္ ပ်က္က်ခဲ့တာလုိ႔ ကနဦးထုတ္ျပန္ခ်က္အရ သိရပါတယ္။ ေလယာဥ္မွာ ပါကစၥတန္အစုိးရပုိင္ ေလေၾကာင္းလုိင္းမွ ျဖစ္ပါတယ္။

အဆုိပါေလယာဥ္ဟာ ကရာခ်ီၿမိဳ႕ Jinnah International Airport ေလဆိပ္မွာ ဆင္းသက္ဖုိ႔ ျပင္ဆင္စဥ္မွာ အခုလုိ ဆုိးရြားတဲ့ျဖစ္စဥ္ကို ႀကဳံခဲ့ရတာပါ။ ေလယာဥ္ဟာ Model Colony.လုိ႔ေခၚတဲ့ လူေနမႈအဝန္းအဝုိင္းအတြင္းကုိ ပ်က္က်ခဲ့တာလုိ႔ သိရပါတယ္။

ေျမျပင္မွာ ထိခို္က္ဒဏ္ရာရရွိသူ၊ ေသဆုံးသူစာရင္းကိုေတာ့ မသိရေသးပါဘူး။ ေလယာဥ္ဟာ ေဒသစံေတာ္ခ်ိန္ ဒီကေန႔ ေမလ(၂၂)ရက္ ညေနပုိင္း (၂.၄၅)နာရီမွာ ပ်က္က်ခဲ့တာျဖစ္ပါတယ္။ ေလယာဥ္မွဴးဟာ ပ်က္မက်ခင္ စကၠန္႔အနည္းငယ္အလုိမွာ ေလေၾကာင္းထိန္းခ်ဳပ္ေရးစင္တာကို သတင္းပုိ႔ခဲ့ပါေသးတယ္။

အဆုိပါ သတင္းပုိ႔ခ်က္မွာ ” စက္ႏွစ္လုံးစလုံး ခ်ိဳ႕ယြင္း … ေမေဒး ေမေဒး … အေျခအေန ျပင္းထန္ “ဟူ၍ျဖစ္ပါတယ္။ အဆုိပါေလယာဥ္ဟာ ျပည္တြင္းခရီးစဥ္ေတြ သီးျခားေျပးဆြဲေနတဲ့ ေလယာဥ္ျဖစ္ၿပီး၊ အေရးေပၚ ကယ္ဆယ္ေရးဝန္ထမ္းေတြက အေလာင္းေတြ တစ္ခုၿပီးတစ္ခု သယ္ယူလာတဲ့ ဓာတ္ပုံေတြက စိတ္မေကာင္းစရာပါ။

လင္းေဇာ္ကို (D Nae Khit)

LEAVE A REPLY

Please enter your comment!
Please enter your name here