အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ သန်းခွဲရှိ၊ သေဆုံးသူ ၉ သောင်းရှိလာ

0
20

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ ၁ သန်းခွဲထိ ရှိလာခဲ့ပြီး သေဆုံးသူ ၉၀၀၀၀ အထိ ရောက်ရှိလာခဲ့ပြီလို့ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် သုတေသနစစ်တမ်းမှာ ဖော်ပြပါတယ်။

ဘောလ်တီမိုးအခြေစိုက် စောင့်ကြည့်ရေးအဖွဲ့က အချိန်သီတင်းပတ် တစ်ပတ်အတွင်းမှာပဲ သေဆုံးသူအရေအတွက်ဟာ ၁၀၀၀၀ အထိ ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စာရင်းအင်းဝက်ဘ်ဆိုက်ဒ်တခုဖြစ်တဲ့ Worldometer မှာတော့ အမေရိကန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုနဲ့ သေဆုံးမှုနှုန်းအမြင့်ဆုံးနိုင်ငံဖြစ်ပေမယ့် ဘယ်လ်ဂျီယံ၊ စပိန်၊ ဗြိတိန်၊ အီတလီနဲ့ ဆွီဒင်နိုင်ငံတွေကတော့ တဦးချင်း သေဆုံးမှုနှုန်းမှာ ပိုမိုများပြားတယ်လို့ ဖော်ပြပါတယ်။

ဂျွန်ဟော့ပ်ကင်းတ က္ကသိုလ် သုတေသနစစ်တမ်းအရ နယူးယောက်ပြည်နယ်တခု တည်းမှာတင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၈,၃၀၀ ထက်မနည်း ရှိခဲ့ပြီး ဒါဟာ တနိုင်ငံလုံးသေဆုံးသူဦးရေရဲ့ ၃ ပုံ ၁ ပုံနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ လာမယ့် ဇွန်လ ၆ ရက်အထိ အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးရသူ ဦးရေဟာ ၁၁၂,၀၀၀ ယောက်ထိ ရှိလာနိုင်တယ်လို့ မက်ဆာ ချူးဆက်တက္ကသိုလ်လေ့လာမှုတခုက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ကုန်ပိုင်းလောက်က တရုတ်နိုင်ငံက စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် တကမ္ဘာလုံးမှာတော့ သေဆုံးသူ ၃၁၆,၀၀၀ ယောက်ထက်မနည်း ရှိခဲ့ပြီဖြစ်ပါတယ်။

————

အေမရိကန္ျပည္ေထာင္စုမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ အေရအတြက္ဟာ ၁ သန္းခြဲထိ ရွိလာခဲ့ၿပီး ေသဆုံးသူ ၉၀၀၀၀ အထိ ေရာက္ရွိလာခဲ့ၿပီလို႔ ဂြၽန္ေဟာ့ပ္ကင္းတကၠသိုလ္ သုေတသနစစ္တမ္းမွာ ေဖာ္ျပပါတယ္။

ေဘာလ္တီမိုးအေျခစိုက္ ေစာင့္ၾကည့္ေရးအဖြဲ႕က အခ်ိန္သီတင္းပတ္ တစ္ပတ္အတြင္းမွာပဲ ေသဆုံးသူအေရအတြက္ဟာ ၁၀၀၀၀ အထိ ရွိခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

စာရင္းအင္းဝက္ဘ္ဆိုက္ဒ္တခုျဖစ္တဲ့ Worldometer မွာေတာ့ အေမရိကန္ႏိုင္ငံဟာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈနဲ႔ ေသဆုံးမႈႏႈန္းအျမင့္ဆုံးႏိုင္ငံျဖစ္ေပမယ့္ ဘယ္လ္ဂ်ီယံ၊ စပိန္၊ ၿဗိတိန္၊ အီတလီနဲ႔ ဆြီဒင္ႏိုင္ငံေတြကေတာ့ တဦးခ်င္း ေသဆုံးမႈႏႈန္းမွာ ပိုမိုမ်ားျပားတယ္လို႔ ေဖာ္ျပပါတယ္။

ဂြၽန္ေဟာ့ပ္ကင္းတ ကၠသိုလ္ သုေတသနစစ္တမ္းအရ နယူးေယာက္ျပည္နယ္တခု တည္းမွာတင္ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ကူးစက္ခံရမႈေၾကာင့္ ေသဆုံးသူ ၂၈,၃၀၀ ထက္မနည္း ရွိခဲ့ၿပီး ဒါဟာ တႏိုင္ငံလုံးေသဆုံးသူဦးေရရဲ႕ ၃ ပုံ ၁ ပုံနီးပါး ရွိေနခဲ့တာ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ လာမယ့္ ဇြန္လ ၆ ရက္အထိ အေမရိကန္ႏိုင္ငံမွာ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးရသူ ဦးေရဟာ ၁၁၂,၀၀၀ ေယာက္ထိ ရွိလာႏိုင္တယ္လို႔ မက္ဆာ ခ်ဴးဆက္တကၠသိုလ္ေလ့လာမႈတခုက ဆိုပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ႏွစ္ကုန္ပိုင္းေလာက္က တ႐ုတ္ႏိုင္ငံက စတင္ခဲ့တဲ့ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈေၾကာင့္ တကမာၻလုံးမွာေတာ့ ေသဆုံးသူ ၃၁၆,၀၀၀ ေယာက္ထက္မနည္း ရွိခဲ့ၿပီျဖစ္ပါတယ္။

DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here