စကော့တလန်ပရီးမီးယားရှစ်ပြိုင်ပွဲကို ဖျက်သိမ်း၊ ဆဲလ်တစ်အသင်း ချန်ပီယံဖြစ်

0
76

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် စကော့တလန် ပရီးမီးယားရှစ်ကို ဖျက်သိမ်းလိုက်တဲ့အတွက် ဆဲလ်တစ်အသင်းဟာ အခုနှစ် ဘောလုံးရာသီအတွက် ချန်ပီယံဆုကို ရရှိသွားပါတယ်။

စကော့ပရီးမီးယားရှစ်အသင်းတွေရဲ့ ရပ်တည်မှုကို ပွဲတပွဲချင်းစီ အမှတ်ပေးကာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်ကြောင့် Hearts အသင်းဟာ တန်းဆင်းခဲ့ရပြီ ဖြစ်ပါတယ်။

ပရီးမီယားရှစ်ပြိုင်ပွဲကို ပြီးဆုံးအောင် ကစားဖို့အတွက် အဆင်မပြေဘူးလို့ အသင်း ၁၂ သင်းက သဘောတူခဲ့တာကြောင့် မေ ၁၈ ရက်က လုပ်ခဲ့တဲ့ ဘုတ်အဖွဲ့အစည်းအဝေးမှာ ၂၀၁၉-၂၀ ရာသီကို ဖျက်သိမ်းလိုက်ဖို့ စကော့တလန်အသင်းတွေက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဆုံးဖြတ်ရာမှာ အသုံးပြုခဲ့တဲ့ တပွဲချင်းစီ အမှတ်ပေးတဲ့စနစ်ကြောင့် လက်ရှိ အမှတ်ပေးဇယားမှာ ပြောင်းလဲမှုတခုသာ ရှိခဲ့ရပြီး စိန့်ဂျွန်စတုန်းအအသင်းဟာ ဟီဘာနီယန်အသင်းကို ကျော်တက်ပြီး အဆင့် ၆ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။

ချန်ပီယံအဖြစ် သတ်မှတ်ခံထားရတဲ့ ဆဲလ်တစ်အသင်းဟာ ဘောလုံးပြိုင်ပွဲတွေကို မရပ်နားခင်မှာ ဒုတိယနေရာက ရိန်းဂျားအသင်းထက် တပွဲပိုကစားထားပြီး ၁၃ မှတ် ပြတ်နေပါတယ်။

ဒါ့ကြောင့် ဆဲလ်တစ်အသင်းဟာ စကော့တလန်လိဂ်ချန်ပီယံဘွဲ့ကို ၉ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

တန်းဆင်းခဲ့ရတဲ့ Hearts အသင်းကတော့ အမှတ်ပေးဇယားရဲ့ အောက်ခြေမှာ ဟာမီတန်အကယ်ဒမီကယ်အသင်းနဲ့ ၄ မှတ်အကွာကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ လိဂ်ဥက္ကဋ္ဌ အန်ဘာ့ဂျ်ကလိဂ်ကို ယာယီပြန်လည်ပြင်ဆင်ခွင့်အတွက် အဆိုပြုချက်တခုကို ဆောင်ရွက်ဖို့ သဘောတူခဲ့တာကြောင့် Hearts အသင်းဟာ တန်းဆင်းရမှုကနေ ခေတ္တဆိုင်းငံ့ထားမှုကို ရရှိဖို့ အခွင့်အရေး ရှိနေပါတယ်။

စကော့တလန် ဘောလုံးအားကစားရဲ့ တာဝန်ရှိသူတွေဟာ လိဂ်ကိုစောပြီး ပိတ်သိမ်းလိုက်ရင်တောင် ဥရောပပြိုင်ပွဲ ဝင်ရောက်ခွင့်နဲ့ပတ်သက်တဲ့ ဝင်ခွင့်ဆုံးရှုံးမှု မရှိစေရဘူးဆိုတဲ့ UEFA ရဲ့ အာမခံချက်ကို ရရှိထားပြီးလည်း ဖြစ်ပါတယ်။

————–

ကို႐ိုနာဗိုင္းရပ္စ္ ျပန႔္ပြားမႈေၾကာင့္ စေကာ့တလန္ ပရီးမီးယားရွစ္ကို ဖ်က္သိမ္းလိုက္တဲ့အတြက္ ဆဲလ္တစ္အသင္းဟာ အခုႏွစ္ ေဘာလုံးရာသီအတြက္ ခ်န္ပီယံဆုကို ရရွိသြားပါတယ္။

စေကာ့ပရီးမီးယားရွစ္အသင္းေတြရဲ႕ ရပ္တည္မႈကို ပြဲတပြဲခ်င္းစီ အမွတ္ေပးကာ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး ဒီဆုံးျဖတ္ခ်က္ေၾကာင့္ Hearts အသင္းဟာ တန္းဆင္းခဲ့ရၿပီ ျဖစ္ပါတယ္။

ပရီးမီယားရွစ္ၿပိဳင္ပြဲကို ၿပီးဆုံးေအာင္ ကစားဖို႔အတြက္ အဆင္မေျပဘူးလို႔ အသင္း ၁၂ သင္းက သေဘာတူခဲ့တာေၾကာင့္ ေမ ၁၈ ရက္က လုပ္ခဲ့တဲ့ ဘုတ္အဖြဲ႕အစည္းအေဝးမွာ ၂၀၁၉-၂၀ ရာသီကို ဖ်က္သိမ္းလိုက္ဖို႔ စေကာ့တလန္အသင္းေတြက ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

ဆုံးျဖတ္ရာမွာ အသုံးျပဳခဲ့တဲ့ တပြဲခ်င္းစီ အမွတ္ေပးတဲ့စနစ္ေၾကာင့္ လက္ရွိ အမွတ္ေပးဇယားမွာ ေျပာင္းလဲမႈတခုသာ ရွိခဲ့ရၿပီး စိန႔္ဂြၽန္စတုန္းအအသင္းဟာ ဟီဘာနီယန္အသင္းကို ေက်ာ္တက္ၿပီး အဆင့္ ၆ ေနရာကို ေရာက္ရွိသြားခဲ့ပါတယ္။

ခ်န္ပီယံအျဖစ္ သတ္မွတ္ခံထားရတဲ့ ဆဲလ္တစ္အသင္းဟာ ေဘာလုံးၿပိဳင္ပြဲေတြကို မရပ္နားခင္မွာ ဒုတိယေနရာက ရိန္းဂ်ားအသင္းထက္ တပြဲပိုကစားထားၿပီး ၁၃ မွတ္ ျပတ္ေနပါတယ္။

ဒါ့ေၾကာင့္ ဆဲလ္တစ္အသင္းဟာ စေကာ့တလန္လိဂ္ခ်န္ပီယံဘြဲ႕ကို ၉ ႏွစ္ဆက္တိုက္ ဆြတ္ခူးႏိုင္ခဲ့ၿပီလည္း ျဖစ္ပါတယ္။

တန္းဆင္းခဲ့ရတဲ့ Hearts အသင္းကေတာ့ အမွတ္ေပးဇယားရဲ႕ ေအာက္ေျခမွာ ဟာမီတန္အကယ္ဒမီကယ္အသင္းနဲ႔ ၄ မွတ္အကြာကို ေရာက္ရွိေနခဲ့တာ ျဖစ္ပါတယ္။

ဒါေပမဲ့ လိဂ္ဥကၠ႒ အန္ဘာ့ဂ်္ကလိဂ္ကို ယာယီျပန္လည္ျပင္ဆင္ခြင့္အတြက္ အဆိုျပဳခ်က္တခုကို ေဆာင္႐ြက္ဖို႔ သေဘာတူခဲ့တာေၾကာင့္ Hearts အသင္းဟာ တန္းဆင္းရမႈကေန ေခတၱဆိုင္းငံ့ထားမႈကို ရရွိဖို႔ အခြင့္အေရး ရွိေနပါတယ္။

စေကာ့တလန္ ေဘာလုံးအားကစားရဲ႕ တာဝန္ရွိသူေတြဟာ လိဂ္ကိုေစာၿပီး ပိတ္သိမ္းလိုက္ရင္ေတာင္ ဥေရာပၿပိဳင္ပြဲ ဝင္ေရာက္ခြင့္နဲ႔ပတ္သက္တဲ့ ဝင္ခြင့္ဆုံးရႈံးမႈ မရွိေစရဘူးဆိုတဲ့ UEFA ရဲ႕ အာမခံခ်က္ကို ရရွိထားၿပီးလည္း ျဖစ္ပါတယ္။

DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here