Puma က စတားလင်းနှင့် ပေါင်သန်း ၁၀၀ စပွန်ဆာစာချုပ် ချုပ်ရန် ပြင်ဆင်

0
68

မန်စီးတီးတောင်ပံကစာသးမား စတားလင်းဟာ Puma ကုမ္ပဏီ နဲ့ ပေါင်သန်း ၁၀၀ တန်ကြေးရှိ စပွန်ဆာစာချုပ် ချုပ်ဆိုသွားဖို့ရှိနေပါတယ်။

ဂျာမနီအားကစားပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Puma ဟာ မန်စီးတီးအသင်းရဲ့ ဂျာစီစပွန်ဆာအဖြစ်လည်း ၁၀ နှစ် စပွန်ဆာစာချုပ်ချုပ်ဆိုထားတာပါ။

လက်ရှိအချိန်မှာတော့ အင်္ဂလန်လက်ရွေးစင် စတားလင်းလည်း ပေါင်သန်း ၁၀၀ တန်ကြေး ရှိ နှစ်ရှည်စပွန်ဆာစာချုပ်ချုပ်ဆိုသွားဖို့ရှိနေပြီး Puma ထုတ်ကုန်တွေကို စတားလင်းက ကြော်ငြာ ပေးရမှာဖြစ်ပါတယ်။

စတားလင်းနဲ့ Adidas တို့ရဲ့ စပွန်ဆာစာချုပ်က လာမယ့်ဇွန်လအကုန်မှာ သက်တမ်းကုန် ဆုံးမှာဖြစ်ပြီး အဲဒီအချိန်ရောက်မှ Puma က စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။

Puma ဟာ ပြီးခဲ့တဲ့ရာသီကလည်း မန်စီးတီးနည်းပြ ဂွါဒီယိုလာ၊ တိုက်စစ်မှူးအဂွဲရိုး၊ နောက်ခံလူ ဇန်ချင်ကိုတို့နဲ့ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

အသက် ၂၅ နှစ်ရှိ စတားလင်းဟာ အခုနှစ်ရာသီ ပြိုင်ပွဲစုံမှာ ဂိုး ၂၀ သွင်းယူပြီး ခြေစွမ်းပြ နေပါတယ်။

—————

မန္စီးတီးေတာင္ပံကစာသးမား စတားလင္းဟာ Puma ကုမၸဏီ နဲ႔ ေပါင္သန္း ၁၀၀ တန္ေၾကးရွိ စပြန္ဆာစာခ်ဳပ္ ခ်ဳပ္ဆိုသြားဖို႔ရွိေနပါတယ္။

ဂ်ာမနီအားကစားပစၥည္းထုတ္လုပ္ေရး ကုမၸဏီတခုျဖစ္တဲ့ Puma ဟာ မန္စီးတီးအသင္းရဲ႕ ဂ်ာစီစပြန္ဆာအျဖစ္လည္း ၁၀ ႏွစ္ စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုထားတာပါ။

လက္ရွိအခ်ိန္မွာေတာ့ အဂၤလန္လက္ေ႐ြးစင္ စတားလင္းလည္း ေပါင္သန္း ၁၀၀ တန္ေၾကး ရွိ ႏွစ္ရွည္စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုသြားဖို႔ရွိေနၿပီး Puma ထုတ္ကုန္ေတြကို စတားလင္းက ေၾကာ္ျငာ ေပးရမွာျဖစ္ပါတယ္။

စတားလင္းနဲ႔ Adidas တို႔ရဲ႕ စပြန္ဆာစာခ်ဳပ္က လာမယ့္ဇြန္လအကုန္မွာ သက္တမ္းကုန္ ဆုံးမွာျဖစ္ၿပီး အဲဒီအခ်ိန္ေရာက္မွ Puma က စာခ်ဳပ္ခ်ဳပ္ဆိုမွာျဖစ္ပါတယ္။

Puma ဟာ ၿပီးခဲ့တဲ့ရာသီကလည္း မန္စီးတီးနည္းျပ ဂြါဒီယိုလာ၊ တိုက္စစ္မႉးအဂြဲ႐ိုး၊ ေနာက္ခံလူ ဇန္ခ်င္ကိုတို႔နဲ႔ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။

အသက္ ၂၅ ႏွစ္ရွိ စတားလင္းဟာ အခုႏွစ္ရာသီ ၿပိဳင္ပြဲစုံမွာ ဂိုး ၂၀ သြင္းယူၿပီး ေျခစြမ္းျပ ေနပါတယ္။

DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here