ကိုဗစ်-၁၉ လူနာသစ် ၆ ဦး ယနေ့တွေ့ရှိဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

0
170

ဒီကနေ့မေလ ၄ ရက်နေ့မှာ ကိုဗစ်-၁၉ လူနာသစ် ၆ ဦးတွေ့ရှိတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာမှာ ရေးပါတယ်။

မေလ ၁ ရက်နဲ့ မေလ ၂ ရက်နေ့ စစ်ဆေးမှုတွေအရကိုဗစ်-၁၉ positive တစ်ယောက်မှမတွေ့ခဲ့ဘူး။ မေလ ၃ ရက်မှာ ၄ ယောက်နဲ့ ဒီကနေ့ မေလ ၄ ရက်နေ့မှာ ၆ ယောက်တွေ့ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့ လုံးဝ ပေါ့လို့ မဖြစ်ဘူးဆိုတာ ကြားရ၊ ဖတ်ရ သူတွေ ငြီးငွေ့ရလောက်အောင်သတိပေး နေရတာပါလို့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကပြောပါတယ်။

အဆိုပါလူနာသစ် ၆ ဦးနဲ့ ပတ်သက်ပြီး အသေးစိတ် မသိရသေးသလို လူနာသစ်ထပ်တွေ့တဲ့ သတင်းကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်ရေးမှာ လောလောဆယ် အထူးအလေးထားရမယ့် ကိစ္စကြီး ၂ ရပ်ရှိကြောင်းနဲ့ ကျန်းမာရေးအရ စစ်ဆေးပြီး ပြန်ဖွင့်ခွင့် ပေးလိုက်တဲ့ စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေကြား ရောဂါမပြန့်ပွါးရေးနဲ့ နယ်စပ်မှ ပြန်လာမယ့် အလုပ်သမားတွေ အကြား ရောဂါ မပြန့်ပွါးရေးတို့ဖြစ်တယ်လို့လည်းပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက စက်ရုံ၊ အလုပ်ရုံတွေမှာလိုက်နာရမယ့် စည်းကမ်း၊ စည်းမျဉ်းတွေ၊ ပြည်တော်ပြန်တွေနဲ့ သက်ဆိုင်တဲ့အစီအစဉ်၊ စည်းကမ်းတွေ သေသေချာချာ ထုတ်ပြန်ထားပြီး အားလုံးက တိတိကျကျ လိုက်နာမယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါကို အောင်နိုင်မှာဖြစ်တယ်လို့ လည်း နိုင်ငံတော် အတိုင်ပင်ခံက ပြောပါတယ်။

ဓာတ်ပုံ-MOHS / DVB TV News

ဒီကေန႔ေမလ ၄ ရက္ေန႔မွာ ကိုဗစ္-၁၉ လူနာသစ္ ၆ ဦးေတြ႕ရွိတယ္လို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးပါတယ္။

ေမလ ၁ ရက္နဲ႔ ေမလ ၂ ရက္ေန႔ စစ္ေဆးမႈေတြအရကိုဗစ္-၁၉ positive တစ္ေယာက္မွမေတြ႕ခဲ့ဘူး။ ေမလ ၃ ရက္မွာ ၄ ေယာက္နဲ႔ ဒီကေန႔ ေမလ ၄ ရက္ေန႔မွာ ၆ ေယာက္ေတြ႕ခဲ့ပါတယ္။ ဒါေၾကာင့္ ကြၽန္မတို႔ လုံးဝ ေပါ့လို႔ မျဖစ္ဘူးဆိုတာ ၾကားရ၊ ဖတ္ရ သူေတြ ၿငီးေငြ႕ရေလာက္ေအာင္သတိေပး ေနရတာပါလို႔ အတိုင္ပင္ခံ ပုဂၢိဳလ္ကေျပာပါတယ္။

အဆိုပါလူနာသစ္ ၆ ဦးနဲ႔ ပတ္သက္ၿပီး အေသးစိတ္ မသိရေသးသလို လူနာသစ္ထပ္ေတြ႕တဲ့ သတင္းကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကလည္း သတင္းထုတ္ျပန္ျခင္းမရွိေသးပါဘူး။

ကိုဗစ္-၁၉ ေရာဂါကို ထိန္းခ်ဳပ္ေရးမွာ ေလာေလာဆယ္ အထူးအေလးထားရမယ့္ ကိစၥႀကီး ၂ ရပ္ရွိေၾကာင္းနဲ႔ က်န္းမာေရးအရ စစ္ေဆးၿပီး ျပန္ဖြင့္ခြင့္ ေပးလိုက္တဲ့ စက္႐ုံ၊ အလုပ္႐ုံေတြက အလုပ္သမားေတြၾကား ေရာဂါမျပန္႔ပြါးေရးနဲ႔ နယ္စပ္မွ ျပန္လာမယ့္ အလုပ္သမားေတြ အၾကား ေရာဂါ မျပန္႔ပြါးေရးတို႔ျဖစ္တယ္လို႔လည္းေျပာပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနက စက္႐ုံ၊ အလုပ္႐ုံေတြမွာလိုက္နာရမယ့္ စည္းကမ္း၊ စည္းမ်ဥ္းေတြ၊ ျပည္ေတာ္ျပန္ေတြနဲ႔ သက္ဆိုင္တဲ့အစီအစဥ္၊ စည္းကမ္းေတြ ေသေသခ်ာခ်ာ ထုတ္ျပန္ထားၿပီး အားလုံးက တိတိက်က် လိုက္နာမယ္ဆိုရင္ ကိုဗစ္-၁၉ ေရာဂါကို ေအာင္ႏိုင္မွာျဖစ္တယ္လို႔ လည္း ႏိုင္ငံေတာ္ အတိုင္ပင္ခံက ေျပာပါတယ္။

ဓာတ္ပုံ-MOHS / DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here