အဝေးပြေးယာဉ်လိုင်းတချို့ ပြန်လည်ပြေးဆွဲ

0
318

ပြည်နယ်နဲ့ တိုင်းအလိုက် ခရီးသည်တင်ယာဉ်တွေအားလုံး မေလ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်ပြေးဆွဲဖို့ ပြည်ထောင်စုအစိုးရက ညွှန်ကြားချက် ထုတ်ပြန်ထားပြီး အချို့ယာဉ်လိုင်းတွေ ပြန်ဖွင့်ဖို့ ပြင်ဆင်နေပါပြီ။

စစ်ကိုင်းတိုင်းအနေနဲ့ ဧပြီ ၂၉ ရက်နေ့ထဲက ပြန်ဖွင့်ဖို့ ညွှန်ကြားထားပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ခုံတစ်ဝက်ပဲ လူတင်ရမှာကြောင့် တွက်ချေမကိုက်တဲ့အတွက် ယာဉ်လိုင်းတွေက ယာဉ်မထွက်ဘဲ ရပ်ထားကြတယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမိုးကျော်သူက ပြောပါတယ်။

ရန်ကုန် – မုံရွာယာဉ်လိုင်းတချို့ မေလ ၅ ရက်နေ့မှာ ပြန်လည်ပြေးဆွဲမယ်လို့ ထုတ်ပြန်ထားပြီး၊ တစ်ချို့ယာဉ်လိုင်းတွေက မေလ ၁၇ ရက်နေ့တွေမှာ ပြန်လည်ပြေးဆွဲမယ်လို့ သိရပါတယ်။

ယာဉ်လိုင်းတွေပြန်လည်ပြေးဆွဲဖို့ စီစဉ်နေပေမယ့် လက်မှတ်ဈေးနှုန်းတွေကတော့ မပြောနိုင်သေးဘူးလို့ ယာဉ်လိုင်းတာဝန်ရှိသူတွေက ဆိုပါတယ်။

ကားတစ်စီးမှာ ထိုင်ခုံတစ်ဝက်ပဲလူတင်ဖို့ ညွှန်ကြားထားပေမယ့် ယာဉ်လိုင်းတွေကို အခြားသီးသန့် လျှော့ပေါ့ခံစားခွင့် ဥပမာ လမ်းကြေး တံတားကြေးလျှော့ပေါ့ သက်သာခွင့် စတာတွေကိုတော့ ပေးထားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

အလားတူ ရန်ကုန်- မော်လမြိုင် အဝေးပြေးယာဉ်လိုင်း တချို့လည်း ဒီနေ့ ပြန်လည်ပြေးဆွဲနေတာကို တွေ့ရပြီး ရိုးရိုးကားလက်မှတ် တစ်စောင်ကို တစ်သောင်းကျပ်နဲ့ ရောင်းချနေပါတယ်။ နှစ်ယောက်ခုံ တစ်ခုံမှာ ခရီးသည်တစ်ယောက်သာ လိုက်ပါခွင့်ရမယ်လို့ ပြောထားပါတယ်။

—————-

ျပည္နယ္နဲ႔ တိုင္းအလိုက္ ခရီးသည္တင္ယာဥ္ေတြအားလုံး ေမလ ၁၇ ရက္ေန႔ ေနာက္ဆုံးထားၿပီး ျပန္လည္ေျပးဆြဲဖို႔ ျပည္ေထာင္စုအစိုးရက ၫႊန္ၾကားခ်က္ ထုတ္ျပန္ထားၿပီး အခ်ိဳ႕ယာဥ္လိုင္းေတြ ျပန္ဖြင့္ဖို႔ ျပင္ဆင္ေနပါၿပီ။

စစ္ကိုင္းတိုင္းအေနနဲ႔ ဧၿပီ ၂၉ ရက္ေန႔ထဲက ျပန္ဖြင့္ဖို႔ ၫႊန္ၾကားထားေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရးအတြက္ ခုံတစ္ဝက္ပဲ လူတင္ရမွာေၾကာင့္ တြက္ေခ်မကိုက္တဲ့အတြက္ ယာဥ္လိုင္းေတြက ယာဥ္မထြက္ဘဲ ရပ္ထားၾကတယ္လို႔ စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအားအရင္းအျမစ္ ဝန္ႀကီး ဦးမိုးေက်ာ္သူက ေျပာပါတယ္။

ရန္ကုန္ – မုံ႐ြာယာဥ္လိုင္းတခ်ိဳ႕ ေမလ ၅ ရက္ေန႔မွာ ျပန္လည္ေျပးဆြဲမယ္လို႔ ထုတ္ျပန္ထားၿပီး၊ တစ္ခ်ိဳ႕ယာဥ္လိုင္းေတြက ေမလ ၁၇ ရက္ေန႔ေတြမွာ ျပန္လည္ေျပးဆြဲမယ္လို႔ သိရပါတယ္။

ယာဥ္လိုင္းေတြျပန္လည္ေျပးဆြဲဖို႔ စီစဥ္ေနေပမယ့္ လက္မွတ္ေဈးႏႈန္းေတြကေတာ့ မေျပာႏိုင္ေသးဘူးလို႔ ယာဥ္လိုင္းတာဝန္ရွိသူေတြက ဆိုပါတယ္။

ကားတစ္စီးမွာ ထိုင္ခုံတစ္ဝက္ပဲလူတင္ဖို႔ ၫႊန္ၾကားထားေပမယ့္ ယာဥ္လိုင္းေတြကို အျခားသီးသန႔္ ေလွ်ာ့ေပါ့ခံစားခြင့္ ဥပမာ လမ္းေၾကး တံတားေၾကးေလွ်ာ့ေပါ့ သက္သာခြင့္ စတာေတြကိုေတာ့ ေပးထားတာမ်ိဳး မရွိဘူးလို႔ ဆိုပါတယ္။

အလားတူ ရန္ကုန္- ေမာ္လၿမိဳင္ အေဝးေျပးယာဥ္လိုင္း တခ်ိဳ႕လည္း ဒီေန႔ ျပန္လည္ေျပးဆြဲေနတာကို ေတြ႕ရၿပီး ႐ိုး႐ိုးကားလက္မွတ္ တစ္ေစာင္ကို တစ္ေသာင္းက်ပ္နဲ႔ ေရာင္းခ်ေနပါတယ္။ ႏွစ္ေယာက္ခုံ တစ္ခုံမွာ ခရီးသည္တစ္ေယာက္သာ လိုက္ပါခြင့္ရမယ္လို႔ ေျပာထားပါတယ္။

RFA Burmese

LEAVE A REPLY

Please enter your comment!
Please enter your name here