ကိုရိုနာကြောင့် ပြင်သစ်လိဂ်ဖျက်သိမ်း ပီအက်စ်ဂျီကို ချန်ပီယံအဖြစ် သတ်မှတ်

0
222

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲကို ဖျက်သိမ်းလိုက်ပြီး ပီအက်စ်ဂျီ အသင်းကို ချန်ပီယံအသင်းအဖြစ် သတ်မှတ်လိုက်ပါတယ်။

ပြင်သစ်နိုင်ငံမှာ ဘောလုံးပွဲတွေနဲ့အတူ တခြားအားကစားပြိုင်ပွဲတွေကို စက်တင်ဘာလအထိ ပိတ်ပင်လိုက်တာကြောင့် ဘောလုံးလိဂ်ပြိုင်ပွဲကိုလည်း ဖျက်သိမ်းလိုက်တာပါ။

ပြိုင်ပွဲပြီးဖို့ ၁၀ ပွဲအလိုမှာပဲ ဖျက်သိမ်းလိုက်တာကြောင့် အမှတ်ပေး ဇယားမှာ ၁၂ မှတ်ဖြတ် ဦးဆောင်နေတဲ့ ပီအက်စ်ဂျီအသင်းကို ချန်ပီယံဆုဖလားပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

ချန်ပီယံလိဂ်ဝင်ခွင့်ကိုတော့ ဒုတိယနေရာက မာဆေးနဲ့ တတိယနေရာက ရင်းနက်စ် အသင်းတို့ရရှိခဲ့ပါတယ်။ အဆင့်၄ နေရာက လိုင်လီအသင်းက ယူရိုပါလိဂ်ကစားခွင့်ရမှာပါ။ အ

မှတ်ပေးဇယားအောက်ဆုံးက ၂ သင်းဖြစ်တဲ့ အမ်မီယန်းစ်နဲ့ တူးလော့တို့ တန်းဆင်းခဲ့ရပြီး လိဂ် ၂ က လန်းစ်နဲ့ လိုရီယန့် အသင်းတွေက တန်းတက်ကစားခွင့်ရရှိခဲ့ပါတယ်။ရှုံးထွက်ဖလားဗိုလ်လုပွဲစဉ်တွေကိုတော့ သြဂုတ်လအတွင်း ကျင်းပဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။

—————

ကို႐ိုနာဗိုင္းရပ္စ္အႏၲရာယ္ေၾကာင့္ ျပင္သစ္လီဂူးဝမ္းၿပိဳင္ပြဲကို ဖ်က္သိမ္းလိုက္ၿပီး ပီအက္စ္ဂ်ီ အသင္းကို ခ်န္ပီယံအသင္းအျဖစ္ သတ္မွတ္လိုက္ပါတယ္။

ျပင္သစ္ႏိုင္ငံမွာ ေဘာလုံးပြဲေတြနဲ႔အတူ တျခားအားကစားၿပိဳင္ပြဲေတြကို စက္တင္ဘာလအထိ ပိတ္ပင္လိုက္တာေၾကာင့္ ေဘာလုံးလိဂ္ၿပိဳင္ပြဲကိုလည္း ဖ်က္သိမ္းလိုက္တာပါ။

ၿပိဳင္ပြဲၿပီးဖို႔ ၁၀ ပြဲအလိုမွာပဲ ဖ်က္သိမ္းလိုက္တာေၾကာင့္ အမွတ္ေပး ဇယားမွာ ၁၂ မွတ္ျဖတ္ ဦးေဆာင္ေနတဲ့ ပီအက္စ္ဂ်ီအသင္းကို ခ်န္ပီယံဆုဖလားေပးဖို႔ ဆုံးျဖတ္ခဲ့တာပါ။

ခ်န္ပီယံလိဂ္ဝင္ခြင့္ကိုေတာ့ ဒုတိယေနရာက မာေဆးနဲ႔ တတိယေနရာက ရင္းနက္စ္ အသင္းတို႔ရရွိခဲ့ပါတယ္။ အဆင့္၄ ေနရာက လိုင္လီအသင္းက ယူ႐ိုပါလိဂ္ကစားခြင့္ရမွာပါ။ အ

မွတ္ေပးဇယားေအာက္ဆုံးက ၂ သင္းျဖစ္တဲ့ အမ္မီယန္းစ္နဲ႔ တူးေလာ့တို႔ တန္းဆင္းခဲ့ရၿပီး လိဂ္ ၂ က လန္းစ္နဲ႔ လိုရီယန႔္ အသင္းေတြက တန္းတက္ကစားခြင့္ရရွိခဲ့ပါတယ္။ရႈံးထြက္ဖလားဗိုလ္လုပြဲစဥ္ေတြကိုေတာ့ ၾသဂုတ္လအတြင္း က်င္းပဖို႔ စီစဥ္ထား တယ္လို႔ သိရပါတယ္။

DVB TV News

 

LEAVE A REPLY

Please enter your comment!
Please enter your name here