ကင်ဂျုံအန်း၏ကျန်းမာရေးစောင့်ကြည့်ဆဲဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

0
211

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ကျန်းမာရေးကို စောင့်ကြည့်နေဆဲဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် မြောက်ကိုရီးယားမှာ အငတ်ဘေးဆိုက်ရောက်နိုင်တဲ့ အန္တရာယ် အမှန်တကယ်ရှိနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက ပြောလိုက်ပါတယ် ။

ပွန်ပေယိုက သတင်းထောက်တွေမေးတာကို ဖြေကြားရာမှာ ကင်ရဲ့ လက်ရှိသတင်းကို မရသေးဘဲ အနီးကပ်စောင့်ကြည့်နေတယ်လို့သာ ဖြေကြားပါတယ်။

ဒါ့အပြင် သူက တရုတ်ပြည်နဲ့ကပ်နေတဲ့ မြောက်ကိုရီးယားနိုင်ငံထဲမှာ စားနပ်ရိက္ခာ ပြတ်လပ်နေပြီး တကယ်အငတ် ဘေးဖြစ်နေနိုင်ကြောင်းလည်း ပြောပါတယ်။ဒီရက်ပိုင်းအတွင်းမှာ အမေရိကန်နဲ့ တောင်ကိုရီးယားအာဏာပိုင် တွေကတော့ ကင်ဟာ ကမ်းခြေမြို့တခုဖြစ်တဲ့ ဝုန်ဆမ်းမှာ ရှိနေနိုင်တယ်လို့ ထုတ်ပြောထားပေမဲ့ အတည်မပြု နိုင်သေးဘူးလို့ ရိုက်တာသတင်းက ရေးပါတယ်။

DVB TV News

——————

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းရဲ႕ က်န္းမာေရးကို ေစာင့္ၾကည့္ေနဆဲျဖစ္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ကပ္ေဘးေၾကာင့္ ေျမာက္ကိုရီးယားမွာ အငတ္ေဘးဆိုက္ေရာက္ႏိုင္တဲ့ အႏၲရာယ္ အမွန္တကယ္ရွိေနတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြန္ေပယိုက ေျပာလိုက္ပါတယ္ ။

ပြန္ေပယိုက သတင္းေထာက္ေတြေမးတာကို ေျဖၾကားရာမွာ ကင္ရဲ႕ လက္ရွိသတင္းကို မရေသးဘဲ အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔သာ ေျဖၾကားပါတယ္။

ဒါ့အျပင္ သူက တ႐ုတ္ျပည္နဲ႔ကပ္ေနတဲ့ ေျမာက္ကိုရီးယားႏိုင္ငံထဲမွာ စားနပ္ရိကၡာ ျပတ္လပ္ေနၿပီး တကယ္အငတ္ ေဘးျဖစ္ေနႏိုင္ေၾကာင္းလည္း ေျပာပါတယ္။ဒီရက္ပိုင္းအတြင္းမွာ အေမရိကန္နဲ႔ ေတာင္ကိုရီးယားအာဏာပိုင္ ေတြကေတာ့ ကင္ဟာ ကမ္းေျခၿမိဳ႕တခုျဖစ္တဲ့ ဝုန္ဆမ္းမွာ ရွိေနႏိုင္တယ္လို႔ ထုတ္ေျပာထားေပမဲ့ အတည္မျပဳ ႏိုင္ေသးဘူးလို႔ ႐ိုက္တာသတင္းက ေရးပါတယ္။

DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here