ချောက်မြို့တွင် ရန်ကုန်ကပြန်လာသည့် လွှတ်တော်အမတ်ကို Facility Quarantine ထားရှိ

0
7688

ချောက်မြို့ အမှတ် ၁ အထက်တန်းကျောင်းမှာ ဖွင့်လှစ်ထားတဲ့ Facility Quarantine မှာ ရန်ကုန်က ပြန်လာတဲ့ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးဘိုကြီးဟာ ဒီကနေ့ နေ့လည်ပိုင်းက အသွားအလာကန့်သတ် စောင့်ကြည့် Quarantine ဝင်နေတယ်လို့ သိရပါတယ်။

“မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ တိုင်းကျော်လို့ရှိရင် Quarantine ဝင်ပါဆိုတဲ့ စာတွေ့လို့ ကျနော်အသိစိတ်ဓာတ်နဲ့ ဒီကနေ့မှာ ကျနော်တို့မြို့နယ်က သတ်မှတ်ထားတဲ့ ကာလအထိ နေသွားမှာ”လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီးက ပြောပါတယ်။

လွှတ်တော်အမတ်ဟာ မြောက်ဒဂုံရှိ မိသားစုထံကို သင်္ကြန်ပိတ်ရက် ခေတ္တသွားရောက်နေထိုင်ခဲ့ပြီး ၂၂ ရက်နေ့က ချောက်မြို့ကို ပြန်လည် ရောက်ရှိတာဖြစ်ပြီး ဒီကနေ့ ၂၄ ရက်ကစပြီး Facility Quarantine အဖြစ် ၂၁ နေထိုင်သွားမယ်လို့ သိရပါတယ်။

ချောက်မြို့ အမှတ် ၁၅ နယ်မြေရှိ အထက ၁ ကျောင်းမှာ ဖွင့်လှစ်ထားတဲ့ Facility Quarantine စင်တာမှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားသူ ၁၀ ဦးရှိတယ်လို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံက သိရပါတယ်။

သတင်း- ကိုလင်း(ချောက်)

————-

ေခ်ာက္ၿမိဳ႕ အမွတ္ ၁ အထက္တန္းေက်ာင္းမွာ ဖြင့္လွစ္ထားတဲ့ Facility Quarantine မွာ ရန္ကုန္က ျပန္လာတဲ့ျပည္သူ႔လြတ္ေတာ္ ကိုယ္စားလွယ္ ဦးဘိုႀကီးဟာ ဒီကေန႔ ေန႔လည္ပိုင္းက အသြားအလာကန႔္သတ္ ေစာင့္ၾကည့္ Quarantine ဝင္ေနတယ္လို႔ သိရပါတယ္။

“မေကြးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ကေန တိုင္းေက်ာ္လို႔ရွိရင္ Quarantine ဝင္ပါဆိုတဲ့ စာေတြ႕လို႔ က်ေနာ္အသိစိတ္ဓာတ္နဲ႔ ဒီကေန႔မွာ က်ေနာ္တို႔ၿမိဳ႕နယ္က သတ္မွတ္ထားတဲ့ ကာလအထိ ေနသြားမွာ”လို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဘိုႀကီးက ေျပာပါတယ္။

လႊတ္ေတာ္အမတ္ဟာ ေျမာက္ဒဂုံရွိ မိသားစုထံကို သၾကၤန္ပိတ္ရက္ ေခတၱသြားေရာက္ေနထိုင္ခဲ့ၿပီး ၂၂ ရက္ေန႔က ေခ်ာက္ၿမိဳ႕ကို ျပန္လည္ ေရာက္ရွိတာျဖစ္ၿပီး ဒီကေန႔ ၂၄ ရက္ကစၿပီး Facility Quarantine အျဖစ္ ၂၁ ေနထိုင္သြားမယ္လို႔ သိရပါတယ္။

ေခ်ာက္ၿမိဳ႕ အမွတ္ ၁၅ နယ္ေျမရွိ အထက ၁ ေက်ာင္းမွာ ဖြင့္လွစ္ထားတဲ့ Facility Quarantine စင္တာမွာ အသြားအလာကန႔္သတ္ေစာင့္ၾကည့္ထားသူ ၁၀ ဦးရွိတယ္လို႔ ၿမိဳ႕နယ္ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရး လုပ္ငန္းေကာ္မတီထံက သိရပါတယ္။

သတင္း- ကိုလင္း(ေခ်ာက္)

LEAVE A REPLY

Please enter your comment!
Please enter your name here