ဧရာဝတီတိုင်းတွင် အသက် ၆၀ ကျော်အရွယ်များ အပြင်မထွက်ရန် တိုက်တွန်း

0
151

ကိုဗစ်၁၉ ရောဂါဖြစ်ပွားနေချိန်ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီးက ပြည်သူတွေ အနေနဲ့ လိုအပ်မှ အပြင်ထွက်ဖို့နဲ့ အသက် ၆၀ ကျော် အရွယ် ပြည်သူတွေ အပြင်မထွက်ဖို့ တိုင်းအစိုးရအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ဧပြီ ၁၃ ရက်က ပြုလုပ်ခဲ့တဲ့ တိုင်းအဆင့် ကိုဗစ်၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီရဲ့ အစည်းအဝေးမှာ တိုင်း အတွင်းက ဝင်ထွက်သွားလာတဲ့ ဂိတ်ပေါက်တွေကို အရင်ကထက်ပိုမိုတင်းကြပ်စွာစစ်ဆေးသွားဖို့နဲ့ ပြည်သူတွေမလိုအပ်ဘဲ အပြင်မထွက်ဖို့အတွက် တိုက်တွန်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး က “ခရိုင်တွေကို စာထွက်ထားပါတယ်၊ လိုအပ်မှသာလျှင် အပြင်ထွက်ဖို့ အိမ်ထဲမှာပဲ နေထိုင်ကြဖို့ အပြင်ထွက်ရင်လည်း Mask တွေတပ်သွားဖို့ ပြီးတော့ အသက် ၆၀ ကျော်အရွယ် ရောဂါ အခံရှိသူတွေ အပြင်မထွက်ဖို့ နှိုးဆော်တဲ့ အနေနဲ့ သွားမှာဖြစ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရောဂါဖြစ်ပွားမှုအရှိန်မြင့်လာပြီဖြစ်တာကြောင့် တိုင်းအတွင်းမှာလည်း ခရီးသွားလာတာနဲ့ ပတ်သက်ပြီး တနေရာနဲ့ တနေရာသွားမယ်ဆိုရင် ကျန်းမာရေးနဲ့ပတ်သက်တာတွေနဲ့ အခြားနေထိုင်မှု ထောက်ခံချက်တွေ လိုအပ်မှာဖြစ်ပြီး စိစစ်ဖို့အတွက်ကိုတော့ တိုင်းအဆင့် ကိုဗစ်၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကနေ စာထုတ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းကို ဝင်ထွက်သွားလာနိုင်တဲ့ ဝင်ထွက်ပေါက် ၆ ခုကိုလည်း အရင်ကထက် ပိုမိုတင်းကြပ်ပြီး စစ်ဆေးတာတွေလုပ်ဖို့လည်း စီစဉ်နေပြီး တိုင်းအတွင်းက ပြည်သူတွေ မလိုအပ်ဘဲ အပြင်မထွက်ဖို့ ကိစ္စကိုတော့ ဧပြီ ၁၃ ရက်က ခရိုင် ၆ ခရိုင်ကို ညွှန်ကြားစာထုတ်ခဲ့ပြီးဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ရုံးက သိရပါတယ်။

ဧပြီ ၁၀ ရက် ည ၁၂ နာရီအချိန်ကနေစတင်ပြီး ဧပြီလ ၁၉ ရက်နေ့ထိ ဧရာဝတီတိုင်းသို့ ကုန်းလမ်းကနေလာရောက်တဲ့ ခရီးသည်တင်ယာဉ်တွေကို ပိတ်ထားပြီး ကုန်တင်ယာဉ်တွေနဲ့ ယာဉ်မောင်းအပါအဝင် ၇ ယောက်အောက် အိမ်စီးကားတွေကိုတော့ သွားလာခွင့် ခွင့်ပြုထား ပါတယ်။

ဧရာဝတီတိုင်းမှာ Facilities Quaranntine နေရာ ၄၀၅ ခုမှာ လူပေါင်း ၁၆၁၃ ဦးနေထိုင်နေပြီး၊ Home Quaranntine အဖြစ် ၁၀၀၉ ဦးနေထိုင်နေပါတယ်။ ကိုဗစ်၁၉ ရောဂါသံသရှိသူ ၁၃ ဦးရှိခဲ့ပြီး ဓာတ်ခွဲအဖြေအရ ၉ ဦးမှာ ရောဂါပိုးမတွေ့ရှိသော်လည်း ကျန် ၄ ဦးရဲ့ ဓာတ်ခွဲအဖြေကိုတော့ စောင့်နေဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်၁၉ ရောဂါ အတည်ပြုလူနာ ၆၂ ဦးအထိရှိလာပြီး သေဆုံးသူ ၄ ဦးကတော့ အသက် ၄၀ ကျော် ရောဂါအခံရှိသူ ၁ ဦး နဲ့ အသက် ၆၀ ကျော် ရောဂါအခံရှိသူ ၃ ဦးတို့ ဖြစ်ပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်) DVB TV News

——–

ကိုဗစ္၁၉ ေရာဂါျဖစ္ပြားေနခ်ိန္ကာလအတြင္း ဧရာဝတီတိုင္းေဒသႀကီးက ျပည္သူေတြ အေနနဲ႔ လိုအပ္မွ အျပင္ထြက္ဖို႔နဲ႔ အသက္ ၆၀ ေက်ာ္ အ႐ြယ္ ျပည္သူေတြ အျပင္မထြက္ဖို႔ တိုင္းအစိုးရအဖြဲ႕က တိုက္တြန္းလိုက္ပါတယ္။

ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံးမွာ ဧၿပီ ၁၃ ရက္က ျပဳလုပ္ခဲ့တဲ့ တိုင္းအဆင့္ ကိုဗစ္၁၉ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံျပန္ေရးေကာ္မတီရဲ႕ အစည္းအေဝးမွာ တိုင္း အတြင္းက ဝင္ထြက္သြားလာတဲ့ ဂိတ္ေပါက္ေတြကို အရင္ကထက္ပိုမိုတင္းၾကပ္စြာစစ္ေဆးသြားဖို႔နဲ႔ ျပည္သူေတြမလိုအပ္ဘဲ အျပင္မထြက္ဖို႔အတြက္ တိုက္တြန္းဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ေျပာေရးဆိုခြင့္ ရွိသူက ေျပာပါတယ္။

တိုင္းေဒသႀကီးအစိုးရအဖြဲ႕ လွ်ပ္စစ္စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးဝင္းေဌး က “ခ႐ိုင္ေတြကို စာထြက္ထားပါတယ္၊ လိုအပ္မွသာလွ်င္ အျပင္ထြက္ဖို႔ အိမ္ထဲမွာပဲ ေနထိုင္ၾကဖို႔ အျပင္ထြက္ရင္လည္း Mask ေတြတပ္သြားဖို႔ ၿပီးေတာ့ အသက္ ၆၀ ေက်ာ္အ႐ြယ္ ေရာဂါ အခံရွိသူေတြ အျပင္မထြက္ဖို႔ ႏႈိးေဆာ္တဲ့ အေနနဲ႔ သြားမွာျဖစ္တယ္” လို႔ ဒီဗြီဘီကို ေျပာပါတယ္။

ေရာဂါျဖစ္ပြားမႈအရွိန္ျမင့္လာၿပီျဖစ္တာေၾကာင့္ တိုင္းအတြင္းမွာလည္း ခရီးသြားလာတာနဲ႔ ပတ္သက္ၿပီး တေနရာနဲ႔ တေနရာသြားမယ္ဆိုရင္ က်န္းမာေရးနဲ႔ပတ္သက္တာေတြနဲ႔ အျခားေနထိုင္မႈ ေထာက္ခံခ်က္ေတြ လိုအပ္မွာျဖစ္ၿပီး စိစစ္ဖို႔အတြက္ကိုေတာ့ တိုင္းအဆင့္ ကိုဗစ္၁၉ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီကေန စာထုတ္သြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဧရာဝတီတိုင္းကို ဝင္ထြက္သြားလာႏိုင္တဲ့ ဝင္ထြက္ေပါက္ ၆ ခုကိုလည္း အရင္ကထက္ ပိုမိုတင္းၾကပ္ၿပီး စစ္ေဆးတာေတြလုပ္ဖို႔လည္း စီစဥ္ေနၿပီး တိုင္းအတြင္းက ျပည္သူေတြ မလိုအပ္ဘဲ အျပင္မထြက္ဖို႔ ကိစၥကိုေတာ့ ဧၿပီ ၁၃ ရက္က ခ႐ိုင္ ၆ ခ႐ိုင္ကို ၫႊန္ၾကားစာထုတ္ခဲ့ၿပီးျဖစ္တယ္လို႔ တိုင္းအစိုးရအဖြဲ႕႐ုံးက သိရပါတယ္။

ဧၿပီ ၁၀ ရက္ ည ၁၂ နာရီအခ်ိန္ကေနစတင္ၿပီး ဧၿပီလ ၁၉ ရက္ေန႔ထိ ဧရာဝတီတိုင္းသို႔ ကုန္းလမ္းကေနလာေရာက္တဲ့ ခရီးသည္တင္ယာဥ္ေတြကို ပိတ္ထားၿပီး ကုန္တင္ယာဥ္ေတြနဲ႔ ယာဥ္ေမာင္းအပါအဝင္ ၇ ေယာက္ေအာက္ အိမ္စီးကားေတြကိုေတာ့ သြားလာခြင့္ ခြင့္ျပဳထား ပါတယ္။

ဧရာဝတီတိုင္းမွာ Facilities Quaranntine ေနရာ ၄၀၅ ခုမွာ လူေပါင္း ၁၆၁၃ ဦးေနထိုင္ေနၿပီး၊ Home Quaranntine အျဖစ္ ၁၀၀၉ ဦးေနထိုင္ေနပါတယ္။ ကိုဗစ္၁၉ ေရာဂါသံသရွိသူ ၁၃ ဦးရွိခဲ့ၿပီး ဓာတ္ခြဲအေျဖအရ ၉ ဦးမွာ ေရာဂါပိုးမေတြ႕ရွိေသာ္လည္း က်န္ ၄ ဦးရဲ႕ ဓာတ္ခြဲအေျဖကိုေတာ့ ေစာင့္ေနဆဲျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္၁၉ ေရာဂါ အတည္ျပဳလူနာ ၆၂ ဦးအထိရွိလာၿပီး ေသဆုံးသူ ၄ ဦးကေတာ့ အသက္ ၄၀ ေက်ာ္ ေရာဂါအခံရွိသူ ၁ ဦး နဲ႔ အသက္ ၆၀ ေက်ာ္ ေရာဂါအခံရွိသူ ၃ ဦးတို႔ ျဖစ္ပါတယ္။

သတင္း- မင္းထက္မုန္း (ပုသိမ္) DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here