တစ်ကယ်လို့များ ခင်ဗျားသာ သံသယလူနာဖြစ်ခဲ့ရင်

0
126

ခင်ဗျားအိမ်ရှေ့ကို PPE ဝတ်စုံပြည့်ဝတ်ထားတဲ့ လူသုံးလေးယောက်က အရေးပေါ်ကားအော်သံနဲ့အတူရောက်လမယ်။

သူ့နောက်မှာ ယူနီဖောင်းဝတ်ထားတဲ့ရဲတွေပါလာမယ်။မီးသတ်တွေကော ရပ်ကွက်လူကြီး စတာတွေပေါ့။

အဲ့နောက် ဘယ်သူသံသယလဲဆိုတာမေးပြီး ခင်ဗျားအပြင် ခင်ဗျားတို့ တစ်မိသားစုလုံးကို အစစ်အဆေးမရှိ။ခေါ်သွားကြလိမ့်မယ်။ပြီးရင် ခင်ဗျားတို့အိမ်ကို lock down ချကြမယ်။

ခင်ဗျားသားသမီးတွေ ခင်ဗျားမိဘအဖိုးအဖွားတွေ ။ ခင်ဗျားမောင်နှမသားချင်းတွေ။အရွယ်မရောက်လူမမယ်တွေ အသက်ကြီးလွန်းနေတာတွေ ဒါတွေကိုစာနာငဲ့ညှာနေမှာမဟုတ်ဘူး။

ခင်ဗျားတို့ကိုသယ်ဆောင်နေတဲ့အချိန်မှာခင်ဗျားတို့ခြေရင်းခေါင်းရင်း ခင်ဗျားတို့လမ်းမှာရှိတဲ့သူတွေထွက်ကြည့်ကြလိမ့်မယ်။ခင်ဗျားတို့ကားကဘေးကဖြတ်သွားတဲ့အခါ သူတို့အိမ်ထဲဝင်ပြေးကြလိမ့်မယ်။

ဒီမြင်ကွင်းကိုခင်ဗျားတို့နာနာကျင်ကျင်ကြည့်နေရလိမ့်မယ်။ခင်ဗျားတို့ ကားမြို့နယ်ကထွက်တာနဲ့လူတွေ ဘုရားဘုရားတကြလိမ့်အုန်းမယ်။

ခင်ဗျားတို့ဆေးရုံရောက်ပါပြီတဲ့။မိသားစုလိုက်အခန်းထဲထားမယ်ထင် လား။ထားခဲ့ပါစေအုန်း။တစ်ယောက်နဲ့တစ်ယောက် လှမ်းခေါ်ကြားရုံ အကွာအဝေးမှာပဲထားကြလိမ့်မယ်။

ခင်ဗျားသားသမီးငိုနေတာ ခင်ဗျားချော့ခွင့်မရဘုး။ညအိပ်တေးဆိုပြီးနဖူးလေးစမ်းခွင့်ခင်ဗျားမရတော့ဘူး။မြင်သာမြင် နာနာကျင်ကျင်ကြည့်နေရမယ့်ခင်ဗျားဘဝရဲ့နာကျင်မူက အစပဲရှိလိမ့်အူန်းမယ်။

အဲ့လိုရက်မျိုးခင်ဗျား အရင်နှစ်ပတ် အခုသုံးပတ်တိတိနေရတော့မယ်။ အဲ့အတွင်း ခင်ဗျားတို့ပုံမှန်အဖျားလာတိုင်းမယ်။
ဘယ်အချိန်မှာ မကောင်းဆိုးဝါးနိုးထလာမလဲဆိုတဲ့ စိတ်နဲ့ခင်ဗျားဆီကိုလုံခြုံမူ့အပြည့်နဲ့လာတိုင်းကြလိမ့်မယ်။

တစ်ပတ်လောက်ကြာရင်ခင်ဗျားနှာခေါင်းထဲကိုဂွမ်းထည့်ပြီး ဆေးစစ်ချက်ယူကြလိမ့်မယ်။သြော်ဂွမ်းထည့်တယ်ဆိုလို့ ပြောရအူန်းမယ်။အဲ့နှာခေါင်းထဲထည့်တဲ့ဂွမ်းတံဟာ အာခေါင်ထိတောင်ရောက်နိုင်တယ်။အဲ့ခံစားမူကိုသိချင်ရင် နဖာကလော်တံဂွမ်းချောင်းလေးပဲဝင်သလောက်ထည့်ကြည့်ပါအုန်း။

ခင်ဗျားခံနိုင်ရည်ရှိတယ်ဟုတ်။

ဟုတ်တာပေါ့။ခင်ဗျားက အံခဲခံနိုင်ပေမယ့်နုနယ်တဲ့ခင်ဗျား သားသမီး ကလေးသူငယ်တွေနဲ့ ခင်ဗျားမိဘဘိုးဘွားတွေ ခံနိုင်ကြပါ့မလား။

ခင်ဗျားတွေးကြည့်လေ။

အဲ့အချိန်မှာ ခင်ဗျားရင်ထဲ ခင်ဗျား မိဘတွေရင်ထဲ ခင်ဗျားမောင်နှမတွေရင်ထဲခင်ဗျားသားသမီးတွေရင်ထဲ ဘာတွေဖြစ်နေမလဲ။ ခင်ဗျားဟာ ချမ်းသားကြွယ်ဝပြီး အလယ်လတ်တန်းစားဆို ပြသနာမရှိပေမယ့် သာမာန်လက်လုပ်လက်စား အိမ်ငှားရမ်းနေရတဲ့ဘ ဝ ကြွေးမှီတွေ နေ့ပြန်တိုးတွေ နဲ့ဘဝဆို ခင်ဗျားအမျိုးသမီးရဲ့ သက်ပျင်းချသံဟာဆေးရုံခန်းထဲ ပလူပျံအောင်ကြားနေရလိမ့်အုန်းမယ်။

သံသယလူနာဖြစ်တဲ့ ခင်ဗျားတို့ကံကောင်းပါစေလို့မျော်လင့်ပါတယ်။

တစ်ကယ်လို့များ ခင်ဗျားတို့မိသားစု positive တွေ့ပါပြီတဲ့။

အရင်ဆုံး ခင်ဗျားတို့ကို ဒီ့ထပ်မကဝေးအောင်ခွဲထားကြလိမ့်အုန်းမယ်။ထိတွေ့ခွင့်ဆုံးရှုံးနေရတဲ့ကြားက မြင်တွေ့ခွင့်တွေပါ ခင်ဗျားဆုံးရှုံးရလိမ့်မယ်။

ခင်ဗျားတို့လမ်း lock downချခံရမယ်။ဘေးပတ်ဝန်းကျင်က ခင်ဗျားတို့ကိုဝမ်းမြောက်စွာဆုတောင်းမယ်ထင်သလား။သူတို့စားဝတ်နေရေးဂုဏ်သိက္ခါတွေအတွက် အခက်ခဲကြူံတိုင်းခင်ဗျားတို့ကို ကျိတ်ဆဲဆဲကြလိမ့်မယ်။

ဒင်းကြောင့် ငါတို့ပါဒုက်ခရောက်ရပြီဆိုပြီးတော့ပေါ့။ပိုးတွေ့လူနာစာရင်းဝင်တာနဲ့ခင်ဗျားပျော်ရွှင်ရယ်မောပြီးစနောက်ပျော်ရွှင်ခဲ့ရတဲ့ မိသားစု ပတ်ဝန်းကျင် အပေါင်းအသင်းကြားမှာ ခင်ဗျားဟာညတိုင်းခြောက်တဲ့ တစ္ဆေတစ်ကောင်ဖြစ်သွားပြီ။သူတို့တင်မက ပတ်ဝန်းကျင်ရပ်ကွက် စတာတွေကိုခင်ဗျားခြောက်လှန့်နိုင်စွမ်းရှိခဲ့ပြီ။

ခင်ဗျားအလုပ်ရှင်က အလုပ်ထုတ်မယ်။

ခင်ဗျားအိမ်ရှင်က နှင်ချမယ်။

ခင်ဗျားမိသားစုနဲ့ ခွဲနေရမယ်။

ခင်ဗျားစားချင်တာရှိတဲ့အခါခင်ဗျားအခန်းဝမှာ ထမင်းထုတ်ချပြီး အဝေးရောက်မှ ထမင်းလာပို့တာပါလို့အော်ကြလိမ့်မယ်။ ခင်ဗျားဝမ်းသာအားရနဲ့ထမင်းထုတ်ဆီလှမ်းနိုင်မယ်လို့တော့မထင်ပါဘူး။

ခင်ဗျားတို့မိသားစုဝင်တွေက တွေ့ချင်တဲ့အခါ ဆယ်ပေဆယ့်ငါးပေအကွာကနေ ဒါမှမဟုတ် အလုံပိတ်မှန်ကာထားတဲ့နောက်ကွယ်ကနေခင်ဗျားကိုကြည့်ရလိမ့်မယ်။ခင်ဗျားလဲပြန်ကြည့်နေရလိမ့်မယ်။

ခင်ဗျားလက်လေးကိုင်ဖို့ နဖူးလေးစမ်းဖို့ဆိုတာဝေး ခင်ဗျားဘာပြောလဲဆိုတာတောင်ကြားဖို့မနည်းနားထောင်ရလိမ့်မယ်။

ခင်ဗျားချောင်းတွေဆိုးလာပြီ။ကိုယ်ပူချိန်တက်လာပြီ။အသက်ရှုကျပ်လာပြီဆိုရင်တော့ခင်ဗျားပါးစပ်ထဲ ကနေ အဆုပ်ထဲကိုအောက်ဆီဂျင်သွင်းဖို့ ပိုက်တွေထိုးထည့်ကြလိမ့်မယ်။

အဲ့နာကျင်မူဒါဏ်ကိုမခံနိုင်မှာစိုးလို့ခင်ဗျားကို မေ့ဆေး သို့ အိပ်ဆေးပေးထားလိမ့်မယ်။ဆေးရှိန်ပြယ်ခါနီးလေ ထပ်ပေးလေလုပ်ကြလိမ့်မယ်။ဒါဟာ လည်ချောင်းထဲအောက်ဆီဂျင်ပိုက်ကြောင့်နေရခက်နေမယ့်ခင်ဗျားအတွက် ဆရာဝန်တွေရဲ့ စေတနာပါ။

သ်ု့ပေမယ့် ခင်ဗျားအပြင်လောကနဲ့ အမြင်အာရုံစပြီးအဆက်အသွယ်ပြတ်သွားပြီလေ။

ဆေးရုံ အထူးခန်း ကုတင်ပေါ်မှာအောက်ဆီဂျင်ပြွန်တပ်ပြီး ပက်လက်ကလေးမလူပ်မယှက်ငြိမ်သက်နေတဲ့ခဗျားကို မိသားစုဝင်တွေတွေ့အခါသူတို့မျက်ရည်ဖြိုင်ဖြိုင်ကျလာလိမ့်မယ်။

ခင်ဗျားကို ပြုစုယုယခွင့်မပြောနဲ့။မျက်နှာလေးတောင်ငုံံ့ကြည့်ခွင့်မရနိုင်တော့ဘူး။သူတို့အမှားတွေ သူတို့ကျူးလွန်ခဲ့တာတွေရှိရင် မှန်တံခါးအပြင်ဘက်ကနေ တောင်ပန်းတိုးလျိုးပြီးကန်တော့ကြလိမ့်မယ်။

ခင်ဗျားကတော့ မသိနိုင်တော့ဘုး။ပြန်နိုးထမလားမထမလားမသေချာတော့တဲ့ လမ်းဆုံလမ်းခွမှာခင်ဗျားဟာ ရှင်လျက်နဲ့ နူတ်ဆက်ခဲ့ရပြီ။

ခင်ဗျားဘာမှမကြားခဲ့ရခင်မိဘအတွက် မိသားစုအတွက်ခင်ဗျားပေါ်ကောင်းခဲ့တဲ့ လူသားတစ်ချို့အတွက်ဘာမှမလုပ်ပေးနိငင်ခင်မှာ ခင်ဗျားကိုယ်တိုင်မသိခြင်းတွေနဲ့ခင်ဗျားအိပ်ပျော်နေရလိမ့်မယ်။

ပြန်နိုးထတယ်မနိုးထဘူးဆိုတာခင်ဗျားရှင်ခြင်းသေခြင်းရဲ့အဆုံးအဖြတ်တောင်ဖြစ်စေနိုင်ပါတယ်။

မတော်လို့ခင်ဗျားမနိုးထနိုင်ခဲ့ဘူးဆိုရင်

လူသုံးယောက်လောက်နဲ့ခင်ဗျားကိုနေ့ချင်းပြီးမီးရှို့ကြလိမ့်မယ်။

ခင်ဗျားအသုဘကို ဘယ်သူမှလာခွင့်ပြုကြမယ်မဟုတ်ဘူး။ခင်ဗျားမသိနိုင်တော့ပါဘူးဒါတွေကို။

တစ်ခါတစ်ရံ ခင်ဗျားရဲ့မဆင်ခြင်မူဂရုမစိုက်မူတွေကရင်နင့်စရာ ဒဏ္ဏာရီတွေကိုမွေးဖွားစေခဲ့လိမ့်မယ်။

ခင်ဗျားရယ်ကောင်းရယ်နေလိမ့်မယ်။ဒါတွေဟာ ပုံပြင်တွေဖြစ်ပါစေလို့ကျနော် ဆုတောင်းပါတယ်။

Credit-မိုးဒေဝါ

—————-

ခင္ဗ်ားအိမ္ေရွ႕ကို PPE ဝတ္စုံျပည့္ဝတ္ထားတဲ့ လူသုံးေလးေယာက္က အေရးေပၚကားေအာ္သံနဲ႔အတူေရာက္လမယ္။

သူ႔ေနာက္မွာ ယူနီေဖာင္းဝတ္ထားတဲ့ရဲေတြပါလာမယ္။မီးသတ္ေတြေကာ ရပ္ကြက္လူႀကီး စတာေတြေပါ့။

အဲ့ေနာက္ ဘယ္သူသံသယလဲဆိုတာေမးၿပီး ခင္ဗ်ားအျပင္ ခင္ဗ်ားတို႔ တစ္မိသားစုလုံးကို အစစ္အေဆးမရွိ။ေခၚသြားၾကလိမ့္မယ္။ၿပီးရင္ ခင္ဗ်ားတို႔အိမ္ကို lock down ခ်ၾကမယ္။

ခင္ဗ်ားသားသမီးေတြ ခင္ဗ်ားမိဘအဖိုးအဖြားေတြ ။ ခင္ဗ်ားေမာင္ႏွမသားခ်င္းေတြ။အ႐ြယ္မေရာက္လူမမယ္ေတြ အသက္ႀကီးလြန္းေနတာေတြ ဒါေတြကိုစာနာငဲ့ညႇာေနမွာမဟုတ္ဘူး။

ခင္ဗ်ားတို႔ကိုသယ္ေဆာင္ေနတဲ့အခ်ိန္မွာခင္ဗ်ားတို႔ေျခရင္းေခါင္းရင္း ခင္ဗ်ားတို႔လမ္းမွာရွိတဲ့သူေတြထြက္ၾကည့္ၾကလိမ့္မယ္။ခင္ဗ်ားတို႔ကားကေဘးကျဖတ္သြားတဲ့အခါ သူတို႔အိမ္ထဲဝင္ေျပးၾကလိမ့္မယ္။

ဒီျမင္ကြင္းကိုခင္ဗ်ားတို႔နာနာက်င္က်င္ၾကည့္ေနရလိမ့္မယ္။ခင္ဗ်ားတို႔ ကားၿမိဳ႕နယ္ကထြက္တာနဲ႔လူေတြ ဘုရားဘုရားတၾကလိမ့္အုန္းမယ္။

ခင္ဗ်ားတို႔ေဆး႐ုံေရာက္ပါၿပီတဲ့။မိသားစုလိုက္အခန္းထဲထားမယ္ထင္ လား။ထားခဲ့ပါေစအုန္း။တစ္ေယာက္နဲ႔တစ္ေယာက္ လွမ္းေခၚၾကား႐ုံ အကြာအေဝးမွာပဲထားၾကလိမ့္မယ္။

ခင္ဗ်ားသားသမီးငိုေနတာ ခင္ဗ်ားေခ်ာ့ခြင့္မရဘုး။ညအိပ္ေတးဆိုၿပီးနဖူးေလးစမ္းခြင့္ခင္ဗ်ားမရေတာ့ဘူး။ျမင္သာျမင္ နာနာက်င္က်င္ၾကည့္ေနရမယ့္ခင္ဗ်ားဘဝရဲ႕နာက်င္မူက အစပဲရွိလိမ့္အူန္းမယ္။

အဲ့လိုရက္မ်ိဳးခင္ဗ်ား အရင္ႏွစ္ပတ္ အခုသုံးပတ္တိတိေနရေတာ့မယ္။ အဲ့အတြင္း ခင္ဗ်ားတို႔ပုံမွန္အဖ်ားလာတိုင္းမယ္။
ဘယ္အခ်ိန္မွာ မေကာင္းဆိုးဝါးႏိုးထလာမလဲဆိုတဲ့ စိတ္နဲ႔ခင္ဗ်ားဆီကိုလုံၿခဳံမူ႔အျပည့္နဲ႔လာတိုင္းၾကလိမ့္မယ္။

တစ္ပတ္ေလာက္ၾကာရင္ခင္ဗ်ားႏွာေခါင္းထဲကိုဂြမ္းထည့္ၿပီး ေဆးစစ္ခ်က္ယူၾကလိမ့္မယ္။ေၾသာ္ဂြမ္းထည့္တယ္ဆိုလို႔ ေျပာရအူန္းမယ္။အဲ့ႏွာေခါင္းထဲထည့္တဲ့ဂြမ္းတံဟာ အာေခါင္ထိေတာင္ေရာက္ႏိုင္တယ္။အဲ့ခံစားမူကိုသိခ်င္ရင္ နဖာကေလာ္တံဂြမ္းေခ်ာင္းေလးပဲဝင္သေလာက္ထည့္ၾကည့္ပါအုန္း။

ခင္ဗ်ားခံႏိုင္ရည္ရွိတယ္ဟုတ္။

ဟုတ္တာေပါ့။ခင္ဗ်ားက အံခဲခံႏိုင္ေပမယ့္ႏုနယ္တဲ့ခင္ဗ်ား သားသမီး ကေလးသူငယ္ေတြနဲ႔ ခင္ဗ်ားမိဘဘိုးဘြားေတြ ခံႏိုင္ၾကပါ့မလား။

ခင္ဗ်ားေတြးၾကည့္ေလ။

အဲ့အခ်ိန္မွာ ခင္ဗ်ားရင္ထဲ ခင္ဗ်ား မိဘေတြရင္ထဲ ခင္ဗ်ားေမာင္ႏွမေတြရင္ထဲခင္ဗ်ားသားသမီးေတြရင္ထဲ ဘာေတြျဖစ္ေနမလဲ။ ခင္ဗ်ားဟာ ခ်မ္းသားႂကြယ္ဝၿပီး အလယ္လတ္တန္းစားဆို ျပသနာမရွိေပမယ့္ သာမာန္လက္လုပ္လက္စား အိမ္ငွားရမ္းေနရတဲ့ဘ ဝ ေႂကြးမွီေတြ ေန႔ျပန္တိုးေတြ နဲ႔ဘဝဆို ခင္ဗ်ားအမ်ိဳးသမီးရဲ႕ သက္ပ်င္းခ်သံဟာေဆး႐ုံခန္းထဲ ပလူပ်ံေအာင္ၾကားေနရလိမ့္အုန္းမယ္။

သံသယလူနာျဖစ္တဲ့ ခင္ဗ်ားတို႔ကံေကာင္းပါေစလို႔ေမ်ာ္လင့္ပါတယ္။

တစ္ကယ္လို႔မ်ား ခင္ဗ်ားတို႔မိသားစု positive ေတြ႕ပါၿပီတဲ့။

အရင္ဆုံး ခင္ဗ်ားတို႔ကို ဒီ့ထပ္မကေဝးေအာင္ခြဲထားၾကလိမ့္အုန္းမယ္။ထိေတြ႕ခြင့္ဆုံးရႈံးေနရတဲ့ၾကားက ျမင္ေတြ႕ခြင့္ေတြပါ ခင္ဗ်ားဆုံးရႈံးရလိမ့္မယ္။

ခင္ဗ်ားတို႔လမ္း lock downခ်ခံရမယ္။ေဘးပတ္ဝန္းက်င္က ခင္ဗ်ားတို႔ကိုဝမ္းေျမာက္စြာဆုေတာင္းမယ္ထင္သလား။သူတို႔စားဝတ္ေနေရးဂုဏ္သိကၡါေတြအတြက္ အခက္ခဲႀကဴံတိုင္းခင္ဗ်ားတို႔ကို က်ိတ္ဆဲဆဲၾကလိမ့္မယ္။

ဒင္းေၾကာင့္ ငါတို႔ပါဒုက္ခေရာက္ရၿပီဆိုၿပီးေတာ့ေပါ့။ပိုးေတြ႕လူနာစာရင္းဝင္တာနဲ႔ခင္ဗ်ားေပ်ာ္႐ႊင္ရယ္ေမာၿပီးစေနာက္ေပ်ာ္႐ႊင္ခဲ့ရတဲ့ မိသားစု ပတ္ဝန္းက်င္ အေပါင္းအသင္းၾကားမွာ ခင္ဗ်ားဟာညတိုင္းေျခာက္တဲ့ တေစၦတစ္ေကာင္ျဖစ္သြားၿပီ။သူတို႔တင္မက ပတ္ဝန္းက်င္ရပ္ကြက္ စတာေတြကိုခင္ဗ်ားေျခာက္လွန႔္ႏိုင္စြမ္းရွိခဲ့ၿပီ။

ခင္ဗ်ားအလုပ္ရွင္က အလုပ္ထုတ္မယ္။

ခင္ဗ်ားအိမ္ရွင္က ႏွင္ခ်မယ္။

ခင္ဗ်ားမိသားစုနဲ႔ ခြဲေနရမယ္။

ခင္ဗ်ားစားခ်င္တာရွိတဲ့အခါခင္ဗ်ားအခန္းဝမွာ ထမင္းထုတ္ခ်ၿပီး အေဝးေရာက္မွ ထမင္းလာပို႔တာပါလို႔ေအာ္ၾကလိမ့္မယ္။ ခင္ဗ်ားဝမ္းသာအားရနဲ႔ထမင္းထုတ္ဆီလွမ္းႏိုင္မယ္လို႔ေတာ့မထင္ပါဘူး။

ခင္ဗ်ားတို႔မိသားစုဝင္ေတြက ေတြ႕ခ်င္တဲ့အခါ ဆယ္ေပဆယ့္ငါးေပအကြာကေန ဒါမွမဟုတ္ အလုံပိတ္မွန္ကာထားတဲ့ေနာက္ကြယ္ကေနခင္ဗ်ားကိုၾကည့္ရလိမ့္မယ္။ခင္ဗ်ားလဲျပန္ၾကည့္ေနရလိမ့္မယ္။

ခင္ဗ်ားလက္ေလးကိုင္ဖို႔ နဖူးေလးစမ္းဖို႔ဆိုတာေဝး ခင္ဗ်ားဘာေျပာလဲဆိုတာေတာင္ၾကားဖို႔မနည္းနားေထာင္ရလိမ့္မယ္။

ခင္ဗ်ားေခ်ာင္းေတြဆိုးလာၿပီ။ကိုယ္ပူခ်ိန္တက္လာၿပီ။အသက္ရႈက်ပ္လာၿပီဆိုရင္ေတာ့ခင္ဗ်ားပါးစပ္ထဲ ကေန အဆုပ္ထဲကိုေအာက္ဆီဂ်င္သြင္းဖို႔ ပိုက္ေတြထိုးထည့္ၾကလိမ့္မယ္။

အဲ့နာက်င္မူဒါဏ္ကိုမခံႏိုင္မွာစိုးလို႔ခင္ဗ်ားကို ေမ့ေဆး သို႔ အိပ္ေဆးေပးထားလိမ့္မယ္။ေဆးရွိန္ျပယ္ခါနီးေလ ထပ္ေပးေလလုပ္ၾကလိမ့္မယ္။ဒါဟာ လည္ေခ်ာင္းထဲေအာက္ဆီဂ်င္ပိုက္ေၾကာင့္ေနရခက္ေနမယ့္ခင္ဗ်ားအတြက္ ဆရာဝန္ေတြရဲ႕ ေစတနာပါ။

သ္ု႔ေပမယ့္ ခင္ဗ်ားအျပင္ေလာကနဲ႔ အျမင္အာ႐ုံစၿပီးအဆက္အသြယ္ျပတ္သြားၿပီေလ။

ေဆး႐ုံ အထူးခန္း ကုတင္ေပၚမွာေအာက္ဆီဂ်င္ႁပြန္တပ္ၿပီး ပက္လက္ကေလးမလူပ္မယွက္ၿငိမ္သက္ေနတဲ့ခဗ်ားကို မိသားစုဝင္ေတြေတြ႕အခါသူတို႔မ်က္ရည္ၿဖိဳင္ၿဖိဳင္က်လာလိမ့္မယ္။

ခင္ဗ်ားကို ျပဳစုယုယခြင့္မေျပာနဲ႔။မ်က္ႏွာေလးေတာင္ငုံံ့ၾကည့္ခြင့္မရႏိုင္ေတာ့ဘူး။သူတို႔အမွားေတြ သူတို႔က်ဴးလြန္ခဲ့တာေတြရွိရင္ မွန္တံခါးအျပင္ဘက္ကေန ေတာင္ပန္းတိုးလ်ိဳးၿပီးကန္ေတာ့ၾကလိမ့္မယ္။

ခင္ဗ်ားကေတာ့ မသိႏိုင္ေတာ့ဘုး။ျပန္ႏိုးထမလားမထမလားမေသခ်ာေတာ့တဲ့ လမ္းဆုံလမ္းခြမွာခင္ဗ်ားဟာ ရွင္လ်က္နဲ႔ ႏူတ္ဆက္ခဲ့ရၿပီ။

ခင္ဗ်ားဘာမွမၾကားခဲ့ရခင္မိဘအတြက္ မိသားစုအတြက္ခင္ဗ်ားေပၚေကာင္းခဲ့တဲ့ လူသားတစ္ခ်ိဳ႕အတြက္ဘာမွမလုပ္ေပးနိငင္ခင္မွာ ခင္ဗ်ားကိုယ္တိုင္မသိျခင္းေတြနဲ႔ခင္ဗ်ားအိပ္ေပ်ာ္ေနရလိမ့္မယ္။

ျပန္ႏိုးထတယ္မႏိုးထဘူးဆိုတာခင္ဗ်ားရွင္ျခင္းေသျခင္းရဲ႕အဆုံးအျဖတ္ေတာင္ျဖစ္ေစႏိုင္ပါတယ္။

မေတာ္လို႔ခင္ဗ်ားမႏိုးထႏိုင္ခဲ့ဘူးဆိုရင္

လူသုံးေယာက္ေလာက္နဲ႔ခင္ဗ်ားကိုေန႔ခ်င္းၿပီးမီးရႈိ႕ၾကလိမ့္မယ္။

ခင္ဗ်ားအသုဘကို ဘယ္သူမွလာခြင့္ျပဳၾကမယ္မဟုတ္ဘူး။ခင္ဗ်ားမသိႏိုင္ေတာ့ပါဘူးဒါေတြကို။

တစ္ခါတစ္ရံ ခင္ဗ်ားရဲ႕မဆင္ျခင္မူဂ႐ုမစိုက္မူေတြကရင္နင့္စရာ ဒဏၰာရီေတြကိုေမြးဖြားေစခဲ့လိမ့္မယ္။

ခင္ဗ်ားရယ္ေကာင္းရယ္ေနလိမ့္မယ္။ဒါေတြဟာ ပုံျပင္ေတြျဖစ္ပါေစလို႔က်ေနာ္ ဆုေတာင္းပါတယ္။

Credit-မိုးေဒဝါ

LEAVE A REPLY

Please enter your comment!
Please enter your name here