အာဆာအဖွဲ့ မီးရှို့ခဲ့သည့် နံသာတောင်ကျေးရွာကို ICRC အဖွဲ့ စားနပ်ရိက္ခာ ထောက်ပံ့

2

၂၀၁၇ အကြမ်းဖက်ဖြစ်စဉ်အတွင်း အာဆာအဖွဲ့ရဲ့ မီးရှို့တာခံခဲ့ရတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ ရခိုင်တိုင်းရင်းသားဒေသခံတွေ နေထိုင်တဲ့ နံသာတောင်ကျေးရွာရှိ မိသားစု ၄၁ စုကို ICRC က စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်း MRCS တို့ ပူးပေါင်းပြီး မတ်လ ၁၉ ရက်နေ့က ရိက္ခာထောက်ပံ့ခဲ့တာလို့ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ မောင်တောမြို့နယ်ကြက်ခြေနီတပ်ဖွဲမှူး ဦးဝင်းနိုင်က ပြောကြားပါတယ်။

“ဒုက္ခအခက်အခဲဖြစ်နေကြတဲ့ ဒေသနေပြည်သူတွေ နေရပ်မစွန့်ခွာရန်၊ ဒေသမငြိမ်သက်မှုကြောင့် မိသားစုဘဝတွေ အဘက်ဘက်က ပျက်စီးယိုယွင်းနေသော အခြေအနေမှ ပြန်လည်ရပ်တည်နိုင်အောင်လို့ အခုလို သူတို့ရဲ့လိုအပ်နေတဲ့ အထောက်အပံ့တွေအဖြစ် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။”

နံသာတောင်ကျေးရွာရှိ မိသားစု ၄၁ စု၊ လူဦးရေ ၂၀၅ ဦးအား ဆန်၊ ပဲ၊ ဆီ၊ သကြား၊ ဆား၊ လက်ဖက်ခြောက်၊ အာဟာရမုန့်၊ မိသားစုသန့်ရှင်းရေးပစ္စည်းတွေကို ၁ လစာစီ ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

နံသာတောင်ကျေးရွာဟာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်အတွင်း အာဆာအကြမ်းဖက်အဖွဲ့ရဲ့ မီးရှို့ခံခဲ့ရပြီးနောက် ကျေးရွာသူ ရွာသားတွေဟာ မောင်တောမြို့ပေါ်နဲ့ ဆွေမျိုးတွေရှိရာ ကျေးရွာတွေမှာ ယာယီ နေထိုင်ခဲ့ကြရပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ကတော့ အိန္ဒိယအစိုးရက ဆောက်လုပ်လှူဒါန်းပေးတဲ့ နေအိမ် ၄၂ အိမ်မှာ ပြန်လည်နေထိုင်နေကြတာပါ။

လင်းလက် DVB TV News

———–

၂၀၁၇ အၾကမ္းဖက္ျဖစ္စဥ္အတြင္း အာဆာအဖြဲ႕ရဲ႕ မီးရႈိ႕တာခံခဲ့ရတဲ့ ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္၊ ေတာင္ၿပိဳလက္ဝဲၿမိဳ႕ ရခိုင္တိုင္းရင္းသားေဒသခံေတြ ေနထိုင္တဲ့ နံသာေတာင္ေက်း႐ြာရွိ မိသားစု ၄၁ စုကို ICRC က စားနပ္ရိကၡာေတြ ေထာက္ပံ့ေပးခဲ့တယ္လို႔ သိရပါတယ္။

ႏိုင္ငံတကာၾကက္ေျခနီအဖြဲ႕ (ICRC) နဲ႔ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္း MRCS တို႔ ပူးေပါင္းၿပီး မတ္လ ၁၉ ရက္ေန႔က ရိကၡာေထာက္ပံ့ခဲ့တာလို႔ ျမန္မာႏိုင္ငံၾကက္ေျခနီအဖြဲ႕ ေမာင္ေတာၿမိဳ႕နယ္ၾကက္ေျခနီတပ္ဖြဲမႉး ဦးဝင္းႏိုင္က ေျပာၾကားပါတယ္။

“ဒုကၡအခက္အခဲျဖစ္ေနၾကတဲ့ ေဒသေနျပည္သူေတြ ေနရပ္မစြန႔္ခြာရန္၊ ေဒသမၿငိမ္သက္မႈေၾကာင့္ မိသားစုဘဝေတြ အဘက္ဘက္က ပ်က္စီးယိုယြင္းေနေသာ အေျခအေနမွ ျပန္လည္ရပ္တည္ႏိုင္ေအာင္လို႔ အခုလို သူတို႔ရဲ႕လိုအပ္ေနတဲ့ အေထာက္အပံ့ေတြအျဖစ္ စားနပ္ရိကၡာေတြ ေထာက္ပံ့ေပးအပ္ခဲ့ပါတယ္။”

နံသာေတာင္ေက်း႐ြာရွိ မိသားစု ၄၁ စု၊ လူဦးေရ ၂၀၅ ဦးအား ဆန္၊ ပဲ၊ ဆီ၊ သၾကား၊ ဆား၊ လက္ဖက္ေျခာက္၊ အာဟာရမုန္႔၊ မိသားစုသန႔္ရွင္းေရးပစၥည္းေတြကို ၁ လစာစီ ေထာက္ပံ့ေပးခဲ့တယ္လို႔ ဆိုပါတယ္။

နံသာေတာင္ေက်း႐ြာဟာ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ ၂၅ ရက္ေန႔က ေမာင္ေတာေဒသ အၾကမ္းဖက္ျဖစ္စဥ္အတြင္း အာဆာအၾကမ္းဖက္အဖြဲ႕ရဲ႕ မီးရႈိ႕ခံခဲ့ရၿပီးေနာက္ ေက်း႐ြာသူ ႐ြာသားေတြဟာ ေမာင္ေတာၿမိဳ႕ေပၚနဲ႔ ေဆြမ်ိဳးေတြရွိရာ ေက်း႐ြာေတြမွာ ယာယီ ေနထိုင္ခဲ့ၾကရပါတယ္။

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၁၈ ရက္ေန႔ကေတာ့ အိႏၵိယအစိုးရက ေဆာက္လုပ္လႉဒါန္းေပးတဲ့ ေနအိမ္ ၄၂ အိမ္မွာ ျပန္လည္ေနထိုင္ေနၾကတာပါ။

လင္းလက္ DVB TV News