မန်ယူ ကွင်းလယ်လူ မာတစ် တိုက်စစ်ပိုင်းအထိ ကစားနိုင်ရန် လေ့ကျင့်

2

မန်ယူနည်းပြ ဆိုးလ်ရှားဟာ ကွင်းလယ်လူ မာတစ်ကို တိုက်စစ်ပိုင်းအထိ ပိုမို လိုက်ပါကစားနိုင်ဖို့ လေ့ကျင့်ခန်းတွေ လုပ်ခိုင်းထားတယ်လို့ သိရပါတယ်။

အသက် ၃၁ နှစ်ရှိ ဆားဘီးယားသား မာတစ်ဟာ အခုနှစ် ရာသီဝက်ကာလရောက်မှ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး နည်းပြဆိုးလ်ရှားရဲ့ ကစားကွက်မှာ အံဝင်ခွင်ကျ ဖြစ်လာခဲ့တာပါ။

ဒါကြောင့် တိုက်စစ်ပိုင်းကို ပိုပြီး လိုက်ပါနိုင်ဖို့ အချိန်ပိုလေ့ကျင့်ခန်းတွေကို ပြုလုပ်စေတာလို့ သိရပါတယ်။

မာတစ်ဟာ ပြီးခဲ့တဲ့လပိုင်းကမှ အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့ပြီး ၂၀၂၁ ခုနှစ်အထိ အနည်းဆုံး ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။

DVB TV News

————-





DVB TV News