ဝင်းဦးအငယ်စား ဝဏ္ဏထွန်းနှင့် မေနန္ဒာကျော် စုံတွဲသရုပ်ဖော် “မန်းမြို့သူဇာမေ”(ရုပ်သံ)

2

“မန်းမြို့သူဇာမေ လှမ်းလို့မချူသာပေ… ဆန်းသမို့အမူအရာတွေ… နန်းလှသဇင် ညှာရေ မှန်းဆအစဉ်သာလေ… မန်း.. မန်းမြို့သူဇာမေ”

ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက နာမည်ကြီး သင်္ကြန်သီချင်းတပုဒ်ဖြစ်တဲ့ “မန်းမြို့သူဇာမေ”သီချင်းမှန်း သိကြပြီး ဖြစ်မှာပါ။

ဒီသီချင်းကိုတော့ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ နာမည်ကြီး သရုပ်ဆောင် အဆိုတော် ဝင်း ဦးက သီဆိုခဲ့ပြီး မန္တလေးသင်္ကြန်နဲ့တွဲပြီး ထင်ရှားခဲ့တဲ့ ရုပ်ရှင်ဇာတ်ဝင်သီချင်းတပုဒ် ဖြစ်ပါတယ်။

ခေတ်ပြိုင်တွေလို့ ပြောရမယ့် သရုပ်ဆောင်မင်းသမီးကြီး ခင်သန်းနုနဲ့အတူ ဝင်းဦး ရဲ့ ထူးခြားတဲ့ သရုပ်ဆောင်မှု အရည်အသွေးတွေ၊ ထင်ရှားတဲ့ ကိုယ်ဟန်အမူအရာတွေ ဟာ ခုခေတ်ထိတိုင်အောင် ကျော်ကြားနေဆဲ ဖြစ်ပါတယ်။

သူတို့ ၂ ယောက်လုံးဟာ သူ့ခေတ်သူ့အခါက အကယ်ဒမီ ထူးချွန်ဆုတွေလည်း ဆွတ်ခူးရရှိခဲ့သူတွေ ဖြစ်ပါတယ်။

အခုနှစ်မှာ ကျင်းပပြုလုပ်မယ့် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးအပ်ချီးမြှင့်ပွဲဟာ နှစ် ၁၀၀ ပြည့်အခမ်းအနားဖြစ်လာမှာမို့ ခမ်းခမ်းနားနား ကျင်းပဖို့ စီစဉ်ထားခဲ့ကြပေ မယ့် လတ်တလော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားနိုင်ချေရှိတဲ့ အန္တရာယ်ကြောင့် အခမ်း အနား ကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းထားခဲ့တာပါ။

ဒါပေမယ့် ရွှေကြိုမျိုးဆက်သစ်သရုပ်ဆောင်မောင်မယ် ရွေးချယ်ပွဲတွေကိုတော့ အ ရည်အချင်းစစ်ကာ အဆင့်ဆင့်ရွေးချယ်မှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

ခုလတ်တလောမှာတော့ ရှေးယခင်ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဝါရင့်သရုပ်ဆောင်မင်းသားမင်းသမီးတွေရဲ့ ပြောင်မြောက်တဲ့ သ ရုပ်ဆောင်မှုပြကွက်တွေနဲ့ ယှဉ်ပြိုင်မှုမှာ Top 40 ပြိုင်ပွဲဝင် ဝဏ္ဏထွန်းနှင့် မေနန္ဒာကျော် တို့ရဲ့ အကအလှသရုပ်ဖော်ပြကွက်တွေကို ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

သူတို့ ၂ ယောက်ဟာ “မန်းမြို့သူဇာမေ”သီချင်းနဲ့အတူ တချိန်က အပြင်အဆင်၊ ဝတ်စားဆင်ယင်မှုတွေနဲ့ သရုပ်ဖော်တင်ဆက်ခဲ့မှုဟာ ဒိုင်တွေကိုရော ပရိသတ်တွေကိုပါ ဖမ်းစားထားနိုင်ခဲ့တာကို တွေ့ရပါတယ်။

ဝင်းဦးအငယ်စားလေးလို့ ဆိုရလောက်အောင် ဝဏ္ဏထွန်းရဲ့ ဟန်ပန်အမူအရာနဲ့ ခင်သန်းနုရဲ့ သရုပ်ဆောင်မှုလို တင်ဆက်သရုပ်ပြခဲ့သူ မေနန္ဒာကျော်တို့ရဲ့ အတွဲအဖက် ဟာ အချိတ်အဆက်မိမိနဲ့ ရှိနေခဲ့ပြီး လတ်တလောအွန်လိုင်းပေါ်မှာ ချီးကျုးအားပေးမှု တွေလည်း ရရှိနေပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ “အကယ်ဒမီ ရွှေကြိုမောင်မယ်များ ရွေးချယ်ပွဲကြီး” ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။

DVB TV News

—————

“မန္းၿမိဳ႕သူဇာေမ လွမ္းလို႔မခ်ဴသာေပ… ဆန္းသမို႔အမူအရာေတြ… နန္းလွသဇင္ ညႇာေရ မွန္းဆအစဥ္သာေလ… မန္း.. မန္းၿမိဳ႕သူဇာေမ”

ဒါကို ၾကားလိုက္တာနဲ႔ ပရိသတ္ေတြက နာမည္ႀကီး သၾကၤန္သီခ်င္းတပုဒ္ျဖစ္တဲ့ “မန္းၿမိဳ႕သူဇာေမ”သီခ်င္းမွန္း သိၾကၿပီး ျဖစ္မွာပါ။

ဒီသီခ်င္းကိုေတာ့ ကြယ္လြန္ခဲ့ၿပီျဖစ္တဲ့ နာမည္ႀကီး သ႐ုပ္ေဆာင္ အဆိုေတာ္ ဝင္း ဦးက သီဆိုခဲ့ၿပီး မႏၲေလးသၾကၤန္နဲ႔တြဲၿပီး ထင္ရွားခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ဝင္သီခ်င္းတပုဒ္ ျဖစ္ပါတယ္။

ေခတ္ၿပိဳင္ေတြလို႔ ေျပာရမယ့္ သ႐ုပ္ေဆာင္မင္းသမီးႀကီး ခင္သန္းႏုနဲ႔အတူ ဝင္းဦး ရဲ႕ ထူးျခားတဲ့ သ႐ုပ္ေဆာင္မႈ အရည္အေသြးေတြ၊ ထင္ရွားတဲ့ ကိုယ္ဟန္အမူအရာေတြ ဟာ ခုေခတ္ထိတိုင္ေအာင္ ေက်ာ္ၾကားေနဆဲ ျဖစ္ပါတယ္။

သူတို႔ ၂ ေယာက္လုံးဟာ သူ႔ေခတ္သူ႔အခါက အကယ္ဒမီ ထူးခြၽန္ဆုေတြလည္း ဆြတ္ခူးရရွိခဲ့သူေတြ ျဖစ္ပါတယ္။

အခုႏွစ္မွာ က်င္းပျပဳလုပ္မယ့္ ျမန္မာ့႐ုပ္ရွင္အကယ္ဒမီထူးခြၽန္ဆုေပးအပ္ခ်ီးျမႇင့္ပြဲဟာ ႏွစ္ ၁၀၀ ျပည့္အခမ္းအနားျဖစ္လာမွာမို႔ ခမ္းခမ္းနားနား က်င္းပဖို႔ စီစဥ္ထားခဲ့ၾကေပ မယ့္ လတ္တေလာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ပြားႏိုင္ေခ်ရွိတဲ့ အႏၲရာယ္ေၾကာင့္ အခမ္း အနား က်င္းပမယ့္ရက္ကို ေ႐ႊ႕ဆိုင္းထားခဲ့တာပါ။

ဒါေပမယ့္ ေ႐ႊႀကိဳမ်ိဳးဆက္သစ္သ႐ုပ္ေဆာင္ေမာင္မယ္ ေ႐ြးခ်ယ္ပြဲေတြကိုေတာ့ အ ရည္အခ်င္းစစ္ကာ အဆင့္ဆင့္ေ႐ြးခ်ယ္မႈေတြ ျပဳလုပ္ေနၾကတာ ျဖစ္ပါတယ္။

ခုလတ္တေလာမွာေတာ့ ေရွးယခင္ေခတ္အဆက္ဆက္ ထင္ရွားေက်ာ္ၾကားခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားေတြ၊ ဝါရင့္သ႐ုပ္ေဆာင္မင္းသားမင္းသမီးေတြရဲ႕ ေျပာင္ေျမာက္တဲ့ သ ႐ုပ္ေဆာင္မႈျပကြက္ေတြနဲ႔ ယွဥ္ၿပိဳင္မႈမွာ Top 40 ၿပိဳင္ပြဲဝင္ ဝဏၰထြန္းႏွင့္ ေမနႏၵာေက်ာ္ တို႔ရဲ႕ အကအလွသ႐ုပ္ေဖာ္ျပကြက္ေတြကို ခံစားၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။

သူတို႔ ၂ ေယာက္ဟာ “မန္းၿမိဳ႕သူဇာေမ”သီခ်င္းနဲ႔အတူ တခ်ိန္က အျပင္အဆင္၊ ဝတ္စားဆင္ယင္မႈေတြနဲ႔ သ႐ုပ္ေဖာ္တင္ဆက္ခဲ့မႈဟာ ဒိုင္ေတြကိုေရာ ပရိသတ္ေတြကိုပါ ဖမ္းစားထားႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။

ဝင္းဦးအငယ္စားေလးလို႔ ဆိုရေလာက္ေအာင္ ဝဏၰထြန္းရဲ႕ ဟန္ပန္အမူအရာနဲ႔ ခင္သန္းႏုရဲ႕ သ႐ုပ္ေဆာင္မႈလို တင္ဆက္သ႐ုပ္ျပခဲ့သူ ေမနႏၵာေက်ာ္တို႔ရဲ႕ အတြဲအဖက္ ဟာ အခ်ိတ္အဆက္မိမိနဲ႔ ရွိေနခဲ့ၿပီး လတ္တေလာအြန္လိုင္းေပၚမွာ ခ်ီးက်ဳးအားေပးမႈ ေတြလည္း ရရွိေနပါတယ္။

ဒီ႐ုပ္သံဗြီဒီယိုဖိုင္ကိုေတာ့ “အကယ္ဒမီ ေ႐ႊႀကိဳေမာင္မယ္မ်ား ေ႐ြးခ်ယ္ပြဲႀကီး” ေဖ့စ္ဘြတ္ခ္အင္တာနက္စာမ်က္ႏွာေပၚမွတဆင့္ မွ်ေဝထားခဲ့တာ ျဖစ္ပါတယ္။

DVB TV News