ဘရူနိုဖာနန်ဒက်စ် မန်ယူနိုက်တက်တွင် ဂန္ထဝင်ကစားသမား ဖြစ်လာနိုင်ဟု ဟောကိန်းထုတ်

2

ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူနိုက်တက်မှာ ဂန္ထဝင်ကစားသမားတဦး ဖြစ်လာလိမ့်မယ်လို့ နောက်ခံလူ ဒီယေဂိုဒါးလော့တ်က ခန့်မှန်းပြောကြားလိုက်ပါတယ်။

ဖာနန်ဒက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းက ပြောင်းရွှေ့လာချိန်ကစလို့ ၃ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၄ ကြိမ်ရှိထားပြီး အသင်းနဲ့ လျင်လျင်မြန်မြန် အံဝင်ခဲ့လို့ ချီးကျူးခံနေရတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လရဲ့ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပြီးတော့ ဆာအဲလက်စ်ဖာဂူဆန် အနားယူပြီးနောက်ပိုင်း ၄ ဦးမြောက် ဆုရရှိသူ ဖြစ်လာပါတယ်။

ဖာနန်ဒက်စ်ကတော့ စပို့တင်းလစ္စဘွန်းအသင်းကနေ ပေါင် ၆၈ သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီးတော့ ဒါးလော့တ်ကတော့ ပေါင် ၁၉ သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။

—————

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ မန္ယူႏိုက္တက္မွာ ဂႏၴဝင္ကစားသမားတဦး ျဖစ္လာလိမ့္မယ္လို႔ ေနာက္ခံလူ ဒီေယဂိုဒါးေလာ့တ္က ခန႔္မွန္းေျပာၾကားလိုက္ပါတယ္။

ဖာနန္ဒက္စ္ဟာ စပို႔တင္းလစၥဘြန္းအသင္းက ေျပာင္းေ႐ႊ႕လာခ်ိန္ကစလို႔ ၃ ဂိုး သြင္းယူၿပီး ဂိုးဖန္တီးမႈ ၄ ႀကိမ္ရွိထားၿပီး အသင္းနဲ႔ လ်င္လ်င္ျမန္ျမန္ အံဝင္ခဲ့လို႔ ခ်ီးက်ဴးခံေနရတာလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လရဲ႕ပရီးမီးယားလိဂ္ အေကာင္းဆုံးကစားသမားဆု ရရွိခဲ့ၿပီးေတာ့ ဆာအဲလက္စ္ဖာဂူဆန္ အနားယူၿပီးေနာက္ပိုင္း ၄ ဦးေျမာက္ ဆုရရွိသူ ျဖစ္လာပါတယ္။

ဖာနန္ဒက္စ္ကေတာ့ စပို႔တင္းလစၥဘြန္းအသင္းကေန ေပါင္ ၆၈ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာသူ ျဖစ္ၿပီးေတာ့ ဒါးေလာ့တ္ကေတာ့ ေပါင္ ၁၉ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာသူ ျဖစ္ပါတယ္။

DVB TV News