တောင်ကိုရီးယားမှာ သွေးလှူရာမှတစ်ဆင့် လူ(၆)ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

2
24newshd

သွေးလှူတယ်ဆိုတာ လှူချင်တဲ့လူတိုင်း လှူလို့ရတာမျိုးတော့ မဟုတ်ပါဘူး။ အခြေခံ ကျန်းမာရေးကောင်းနေသူတွေ၊ ကူးစက်ရောဂါမရှိသူတွေသာ လှူနိုင်တာပါ။ သွေးအလှူခံဘဏ်တွေကလည်း အလှူရှင်ဘက်က လိုအပ်တဲ့အချက်တွေ ပြည့်မီရဲ့လားဆိုတာ အမြဲစစ်ဆေးကြရပါတယ်။

အခုလည်း တစ်ကိုရေကျန်းမာရေးကောင်းမွန်လို့ သွေးသွားရောက်လှူဒါန်းခဲ့တဲ့ စေတနာရှင်(၆)ဦးဟာ ထင်မှတ်မထားဘဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို ခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ တောင်ကိုရီးယားမှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။ သွေးလှူရှင်တွေဟာ ဗိုင်းရပ်စစ်ဆေးမှု ခံယူစဉ် Negative ပါ။

REUTERS/Heo Ran

သူတို့ဟာ သီးခြားစီ သွားရောက်လှူဒါန်းပြီးနောက် အခုလို ကူးစက်မှုဖြစ်ခဲ့တာပါ။ ဒီအထဲမှာ အလှူရှင်တစ်ဦးကတော့ ကိုရီးယားရဲ့ ကိုရိုနာဗိုင်းရပ်စ်စတင်ရာ ဒဲဂူးမြို့မှ အစိုးရဝန်ထမ်းဖြစ်ပါတယ်။ သူဟာ ဖေဖော်ဝါရီလ(၁၃)ရက်မှာ သွေးလှူခဲ့ပါတယ်။ ဖေဖော်ဝါရီ(၂၃)ရက်မှာတော့ သူ့မှာ ဗိုင်းရပ်စ်ရှိနေပါပြီ။

Jung Yeon-Je / AFP
/ Getty Images

တစ်ခြား ကူးစက်ခံလူနာ (၅)ဦးရဲ့အကြောင်းကိုတော့ သတင်းမှာ ဖော်ပြထားတာ မရှိပါဘူး။ တောင်ကိုရီးယားဟာ ဗိုင်းရပ်ကူးစပ်မှုပမာဏ စိုးရိမ်ဖွယ်မြင့်တက်လာခြင်းကြောင့်၊ အချို့ဒေသတွေမှာ စက်ရုံအလုပ်ရုံတွေ ပိတ်တာမျိုးတောင် ရှိပါတယ်။ မြောက်ကိုရီးယားမှာလည်း သတင်းအတိအကျ မထုတ်ပြန်ပေးမယ့် အခြေအနေ မကောင်းပါဘူးတဲ့။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

ေသြးလွဴတယ္ဆုိတာ လွဴခ်င္တဲ့လူတုိင္း လွဴလုိ႔ရတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ အေျခခံ က်န္းမာေရးေကာင္းေနသူေတြ၊ ကူးစက္ေရာဂါမရွိသူေတြသာ လွဴႏုိင္တာပါ။ ေသြးအလွဴခံဘဏ္ေတြကလည္း အလွဴရွင္ဘက္က လုိအပ္တဲ့အခ်က္ေတြ ျပည့္မီရဲ႕လားဆုိတာ အၿမဲစစ္ေဆးၾကရပါတယ္။

AFP

အခုလည္း တစ္ကုိေရက်န္းမာေရးေကာင္းမြန္လုိ႔ ေသြးသြားေရာက္လွဴဒါန္းခဲ့တဲ့ ေစတနာရွင္(၆)ဦးဟာ ထင္မွတ္မထားဘဲ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ျခင္းကို ခံခဲ့ရပါတယ္။ ဒီအျဖစ္အပ်က္ဟာ ေတာင္ကိုရီးယားမွာ ျဖစ္ခဲ့တာလုိ႔ သိရပါတယ္။ ေသြးလွဴရွင္ေတြဟာ ဗုိင္းရပ္စစ္ေဆးမႈ ခံယူစဥ္ Negative ပါ။

သူတုိ႔ဟာ သီးျခားစီ သြားေရာက္လွဴဒါန္းၿပီးေနာက္ အခုလုိ ကူးစက္မႈျဖစ္ခဲ့တာပါ။ ဒီအထဲမွာ အလွဴရွင္တစ္ဦးကေတာ့ ကိုရီးယားရဲ႕ ကို႐ုိနာဗုိင္းရပ္စ္စတင္ရာ ဒဲဂူးၿမိဳ႕မွ အစုိးရဝန္ထမ္းျဖစ္ပါတယ္။ သူဟာ ေဖေဖာ္ဝါရီလ(၁၃)ရက္မွာ ေသြးလွဴခဲ့ပါတယ္။ ေဖေဖာ္ဝါရီ(၂၃)ရက္မွာေတာ့ သူ႕မွာ ဗုိင္းရပ္စ္ရွိေနပါၿပီ။

တစ္ျခား ကူးစက္ခံလူနာ (၅)ဦးရဲ႕အေၾကာင္းကုိေတာ့ သတင္းမွာ ေဖာ္ျပထားတာ မရွိပါဘူး။ ေတာင္ကိုရီးယားဟာ ဗုိင္းရပ္ကူးစပ္မႈပမာဏ စုိးရိမ္ဖြယ္ျမင့္တက္လာျခင္းေၾကာင့္၊ အခ်ိဳ႕ေဒသေတြမွာ စက္႐ုံအလုပ္႐ုံေတြ ပိတ္တာမ်ိဳးေတာင္ ရွိပါတယ္။ ေျမာက္ကုိရီးယားမွာလည္း သတင္းအတိအက် မထုတ္ျပန္ေပးမယ့္ အေျခအေန မေကာင္းပါဘူးတဲ့။

လင္းေဇာ္ကို (D Nae Khit)

Previous articleတပ်ဖွဲ့ဝင်များထံ ကိုရိုနာဗိုင်းရပ်စ်ညွှန်ကြားချက် အိုင်အက်စ် ထုတ်ပြန်
လင်းဇော်ကိုသည် ... D Nae Khit Media ၏ ပင်တိုင်ဆောင်းပါးရှင်တစ်ဦး ဖြစ်ပါသည်။ လင်းဇော်ကို သည် ဂျာနယ်/မဂ္ဂဇင်းများတွင် ဘာသာပြန်၊ အယ်ဒီတာ၊ လက်ထောက်အယ်ဒီတာ၊ စီနီယာအယ်ဒီတာ အစရှိသည့် ရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ လက်ရှိအချိန်တွင်လည်း နိုင်ငံခြားသတင်းများ၊ ဆောင်းပါးများ၊ ဗဟုသုတဖြစ်ဖွယ်အကြောင်းအရာများကို ရေးသားလျှက် ရှိပါသည်။ လင်းဇော်ကိုသည် နတ်စည်တော်၊ လင်းသူရိန်၊ လင်းသုတ၊ နေသူရိန် အစရှိသည့် ကလောင်ခွဲများဖြင့်လည်း ဘာသာပြန်သတင်းဆောင်းပါးများ ရေးသားလျှက် ရှိပါသည်။