၂ ရက်အတွင်း မြို့ ၅ မြို့ အပူချိန်စံချိန်သစ်တင်၊ တနိုင်ငံလုံးတွင် ပျမ်းမျှအပူချိန်ထက်ပိုနေ

10

ဒီ ၂ ရက်အတွင်း မြို့ ၅ မြို့မှာ အမြင့်ဆုံးအပူချိန် စံချိန်သစ်တွေ တင်လိုက်ပြီး အမ်းမြို့ကတော့ ၂ ရက်ဆက်တိုက် စံချိန်သစ်ဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မနေ့က မတ် ၁၃ ရက်မှာ အပူချိန် ၄၀ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ရှိပြီး လွန်ခဲ့တဲ့ ၁၈ နှစ်အတွင်း အပူဆုံးဖြစ်ပါတယ်။ ဒါဟာ ၂၀၁၉၊ မတ် ၂၆ ရက်မှာရှိခဲ့တဲ့ စံချိန်ကိုချိုးတာဖြစ်ပြီး ၄၀ ဒီဂရီစင်တီဂရိတ်ထက် ဒသမ ၅ တိုးလာတာပါ။

ဒီနေ့ မတ် ၁၅ ရက်မှာလည်း အမ်းမြို့မှာ အပူချိန်ထပ်တိုးခဲ့တာကြောင့် စံချိန်သစ်တင်လိုက်ပြန်ပြီး ရမ်ကလောင်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ ခရမ်းမြို့တို့မှာလည်း စံချိန်သစ်တွေတင်ခဲ့ပါတယ်။

ဒါကြောင့် အမ်းမြို့မှာ ၄၁ ဒီဂရီစင်တီဂရိတ်၊ ရမ်ကလောင်းမြို့က လွန်ခဲ့တဲ့ ၃၆ နှစ်အတွင်း အပူဆုံးအဖြစ် ၂၈ ဒီဂရီစင်တီဂရိတ်၊ ကျောက်တော်မြို့မှာ လွန်ခဲ့တဲ့ ၃၃ နှစ်အတွင်း အပူဆုံးအဖြစ် ၄၀ ဒီဂရီစင်တီဂရိတ်၊ မြောက်ဦးမြို့မှာ လွန်ခဲ့တဲ့ ၄၂ နှစ်အတွင်း အပူဆုံးအဖြစ် ၄၀ ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ ခရမ်းမြို့မှာ လွန်ခဲ့တဲ့ ၃၇ နှစ်အတွင်း အပူဆုံးအဖြစ် ၄၀ ဒသမ ၄ ဒီဂရီစင်တီဂရိတ် ရှိနေပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း တနိုင်ငံလုံးမှာ မတ်လမှာဖြစ်လေ့ရှိတဲ့ နေ့အပူချိန်တွေထက် ပိုများ နေခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်မှာ မတ်လရဲ့ ပျမ်းမျှအပူချိန်ထက် ၆ ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မတ်လရဲ့ ပျမ်းမျှ အပူချိန်တို့ထက် ၃ ဒီဂရီစင်တီဂရိတ်ကနေ ၄ ဒီဂရီစင်တီဂရိတ်အထိ၊ ရန်ကုန်တိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ မတ်လရဲ့ ပျမ်းမျှ အပူချိန်တို့ထက် ၂ ဒီဂရီစင်တီဂရိတ် ပိုခဲ့ပါတယ်။

ထူးခြားတဲ့ နေ့အပူချိန်တွေကတော့ ချောက်မြို့မှာ ၄၄ ဒီဂရီစင်တီဂရိတ်၊ ဘော်လခဲမြို့မှာ ၄၃ ဒီဂရီ စင်တီဂရိတ်၊ မြင်းမူမြို့၊ ညောင်ဦးမြို့နဲ့ မကွေးမြို့တို့မှာ ၄၂ ဒီဂရီစင်တီဂရိတ်စီ၊ မြင်းခြံမြို့၊ ရမည်းသင်းမြို့၊ တပ်ကုန်းမြို့၊ အောင်လံမြို့၊ တောင်တွင်းကြီးမြို့၊ ဆင်ဖြူကျွန်းမြို့နဲ့ အမ်းမြို့တို့မှာ ၄၁ ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအရပ်ရပ်မှာ မတ်လနဲ့ ဧပြီလအတွင်း နေ့အပူချိန်တွေ တဖြည်းဖြည်း မြင့်တက် လာရာကနေ အပူပျံတက်တိမ်တွေဖြစ်ပြီး မွန်းလွဲနဲ့ ညနေပိုင်းတို့မှာ မိုးတိမ်တောင်တွေ ဖြစ်နိုင်တယ်လို့ မိုးဇလကဆိုပါတယ်။

အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာနေရာတလျှောက်မှာ လေပြင်းတွေတိုက်ခတ်တာ၊ လေပြင်းနဲ့အတူ ထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာ၊ လျှပ်စီးလက်တာနဲ့ နေရာကွက်ကျား မိုးထစ်ချုန်း ရွာတာတွေ ဖြစ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။

လေပြင်းတိုက်တဲ့အခါ မြေပြင် ရေပြင်လေသည် တနာရီမှာ ၃၅ မိုင်ကနေ မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့လည်း ဆိုပါတယ်။

DVB TV News

————

ဒီ ၂ ရက္အတြင္း ၿမိဳ႕ ၅ ၿမိဳ႕မွာ အျမင့္ဆုံးအပူခ်ိန္ စံခ်ိန္သစ္ေတြ တင္လိုက္ၿပီး အမ္းၿမိဳ႕ကေတာ့ ၂ ရက္ဆက္တိုက္ စံခ်ိန္သစ္ျဖစ္တယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက ထုတ္ျပန္ပါတယ္။

မေန႔က မတ္ ၁၃ ရက္မွာ အပူခ်ိန္ ၄၀ ဒသမ ၅ ဒီဂရီစင္တီဂရိတ္ရွိၿပီး လြန္ခဲ့တဲ့ ၁၈ ႏွစ္အတြင္း အပူဆုံးျဖစ္ပါတယ္။ ဒါဟာ ၂၀၁၉၊ မတ္ ၂၆ ရက္မွာရွိခဲ့တဲ့ စံခ်ိန္ကိုခ်ိဳးတာျဖစ္ၿပီး ၄၀ ဒီဂရီစင္တီဂရိတ္ထက္ ဒသမ ၅ တိုးလာတာပါ။

ဒီေန႔ မတ္ ၁၅ ရက္မွာလည္း အမ္းၿမိဳ႕မွာ အပူခ်ိန္ထပ္တိုးခဲ့တာေၾကာင့္ စံခ်ိန္သစ္တင္လိုက္ျပန္ၿပီး ရမ္ကေလာင္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦးနဲ႔ ခရမ္းၿမိဳ႕တို႔မွာလည္း စံခ်ိန္သစ္ေတြတင္ခဲ့ပါတယ္။

ဒါေၾကာင့္ အမ္းၿမိဳ႕မွာ ၄၁ ဒီဂရီစင္တီဂရိတ္၊ ရမ္ကေလာင္းၿမိဳ႕က လြန္ခဲ့တဲ့ ၃၆ ႏွစ္အတြင္း အပူဆုံးအျဖစ္ ၂၈ ဒီဂရီစင္တီဂရိတ္၊ ေက်ာက္ေတာ္ၿမိဳ႕မွာ လြန္ခဲ့တဲ့ ၃၃ ႏွစ္အတြင္း အပူဆုံးအျဖစ္ ၄၀ ဒီဂရီစင္တီဂရိတ္၊ ေျမာက္ဦးၿမိဳ႕မွာ လြန္ခဲ့တဲ့ ၄၂ ႏွစ္အတြင္း အပူဆုံးအျဖစ္ ၄၀ ဒသမ ၅ ဒီဂရီစင္တီဂရိတ္၊ ခရမ္းၿမိဳ႕မွာ လြန္ခဲ့တဲ့ ၃၇ ႏွစ္အတြင္း အပူဆုံးအျဖစ္ ၄၀ ဒသမ ၄ ဒီဂရီစင္တီဂရိတ္ ရွိေနပါတယ္။

လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း တႏိုင္ငံလုံးမွာ မတ္လမွာျဖစ္ေလ့ရွိတဲ့ ေန႔အပူခ်ိန္ေတြထက္ ပိုမ်ား ေနခဲ့တယ္လို႔လည္း ထုတ္ျပန္ထားပါတယ္။

ကခ်င္ျပည္နယ္မွာ မတ္လရဲ႕ ပ်မ္းမွ်အပူခ်ိန္ထက္ ၆ ဒီဂရီစင္တီဂရိတ္၊ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္း၊ မႏၲေလးတိုင္း၊ မေကြးတိုင္း၊ ပဲခူးတိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔မွာ မတ္လရဲ႕ ပ်မ္းမွ် အပူခ်ိန္တို႔ထက္ ၃ ဒီဂရီစင္တီဂရိတ္ကေန ၄ ဒီဂရီစင္တီဂရိတ္အထိ၊ ရန္ကုန္တိုင္းနဲ႔ ကရင္ျပည္နယ္တို႔မွာ မတ္လရဲ႕ ပ်မ္းမွ် အပူခ်ိန္တို႔ထက္ ၂ ဒီဂရီစင္တီဂရိတ္ ပိုခဲ့ပါတယ္။

ထူးျခားတဲ့ ေန႔အပူခ်ိန္ေတြကေတာ့ ေခ်ာက္ၿမိဳ႕မွာ ၄၄ ဒီဂရီစင္တီဂရိတ္၊ ေဘာ္လခဲၿမိဳ႕မွာ ၄၃ ဒီဂရီ စင္တီဂရိတ္၊ ျမင္းမူၿမိဳ႕၊ ေညာင္ဦးၿမိဳ႕နဲ႔ မေကြးၿမိဳ႕တို႔မွာ ၄၂ ဒီဂရီစင္တီဂရိတ္စီ၊ ျမင္းၿခံၿမိဳ႕၊ ရမည္းသင္းၿမိဳ႕၊ တပ္ကုန္းၿမိဳ႕၊ ေအာင္လံၿမိဳ႕၊ ေတာင္တြင္းႀကီးၿမိဳ႕၊ ဆင္ျဖဴကြၽန္းၿမိဳ႕နဲ႔ အမ္းၿမိဳ႕တို႔မွာ ၄၁ ဒီဂရီစင္တီဂရိတ္စီတို႔ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံအရပ္ရပ္မွာ မတ္လနဲ႔ ဧၿပီလအတြင္း ေန႔အပူခ်ိန္ေတြ တျဖည္းျဖည္း ျမင့္တက္ လာရာကေန အပူပ်ံတက္တိမ္ေတြျဖစ္ၿပီး မြန္းလြဲနဲ႔ ညေနပိုင္းတို႔မွာ မိုးတိမ္ေတာင္ေတြ ျဖစ္ႏိုင္တယ္လို႔ မိုးဇလကဆိုပါတယ္။

အဲဒီမိုးတိမ္ေတာင္ေတြ ေ႐ြ႕လ်ားရာေနရာတေလွ်ာက္မွာ ေလျပင္းေတြတိုက္ခတ္တာ၊ ေလျပင္းနဲ႔အတူ ထစ္ခ်ဳန္းတာ၊ မိုးႀကိဳးပစ္တာ၊ မိုးသီးေႂကြတာ၊ လွ်ပ္စီးလက္တာနဲ႔ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း ႐ြာတာေတြ ျဖစ္ႏိုင္တယ္လို႔လည္း သတိေပးထားပါတယ္။

ေလျပင္းတိုက္တဲ့အခါ ေျမျပင္ ေရျပင္ေလသည္ တနာရီမွာ ၃၅ မိုင္ကေန မိုင္ ၄၀ အထိ တိုက္ခတ္ႏိုင္တယ္လို႔လည္း ဆိုပါတယ္။

DVB TV News