သားဖြစ်သူ ကျောင်းလွယ်အိတ်မေ့ကျန်ခဲ့လို့ ရဟတ်ယာဉ်နဲ့လိုက်ပေးတဲ့ လူချမ်းသာမိဘများ

5

ကောလိပ်ကျောင်းတက်ရောက်နေတဲ့ ကျောင်းသားတစ်ယောက်ဟာ အိမ်မှာ ကျောင်းလွယ်အိတ် မေ့ကျန်ခဲ့တာကြောင့် သူရဲ့မိဘတွေက ကျောင်းအထိလိုက်ပြီး ကျောင်းလွယ်အိတ်လိုက်ပေးခဲ့ပါတယ်။ မိဘတွေဟာ ကျောင်းကို ရဟတ်ယာဉ်နဲ့ လိုက်လာခဲ့တာပါ။

ဒီအဖြစ်အပျက်ဟာ အာဖရိက,က ကျောင်းတစ်ခုမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့် ဒီကိစ္စကို ဝေဖန်သူတွေလည်း ညံနေပါတယ်။ တချို့ကလည်း မိဘတွေက သားကို အလွန်ဂရုစိုက်တယ်၊ ကြင်နာတယ်၊ ကျောင်းကို ရဟတ်ယာဉ်နဲ့တောင် လာပြီး လွယ်အိတ်ပို့တယ်ဆိုပြီးပေါ့။

 

ဒါပေမယ့် တချို့ကတော့ ကျောင်းသားတစ်ယောက် လွယ်အိတ်မေ့တယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲတဲ့ အနေအထားဖြစ်ကြောင်း၊ ဒါဟာ သက်သက်စတန့်ထွင်ပြီး သူတို့တစ်တွေ လူချမ်းသာမှန်းသိအောင် တမင် လုပ်ဆောင်ခဲ့တာဖြစ်နိုင်ကြောင်း ဆိုပါတယ်။

ဝေဖန်သူတစ်ဦးက ” ကျောင်းသားတစ်ယောက် လွယ်အိတ်မေ့တယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲပါပဲ …  ဖြစ်ခဲ့ရင်တောင် အိမ်ကနေ ထွက်လို့ (၅)မိနစ်မပြည့်ခင်မှာ သတိရကြလေ့ရှိပါတယ် … ဒီတော့ ကျောင်းလွယ်အိတ်မေ့လို့ ကျောင်းအထိ လိုက်ပေးရတဲ့ မိဘဆိုတာ မရှိသလောက်ရှားပါတယ် ”

” ဒါကတော့ သူတို့ ဘယ်လောက်ချမ်းသာကြောင်းသိဖို့ ထွင်လုံးသက်သက်ဖြစ်ပါတယ် … “လို့ သူက ဝေဖန်ခဲ့တာပါ။ ဗွီဒီယိုထဲမှာတော့ သားဖြစ်သူဟာ လွယ်အိတ်ကို အေးအေးဆေးဆေးယူပြီး ကျောင်းသင်ခန်းစာဆီကို ပြန်သွားနေတာကို မြင်ရပါတယ်။ ဝေဖန်သူတွေကတော့ အပြုသဘောထက် အပြက်သဘော ဝေဖန်တာက ပိုများနေပါတယ်။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

ေကာလိပ္ေက်ာင္းတက္ေရာက္ေနတဲ့ ေက်ာင္းသားတစ္ေယာက္ဟာ အိမ္မွာ ေက်ာင္းလြယ္အိတ္ ေမ့က်န္ခဲ့တာေၾကာင့္ သူရဲ႕မိဘေတြက ေက်ာင္းအထိလုိက္ၿပီး ေက်ာင္းလြယ္အိတ္လုိက္ေပးခဲ့ပါတယ္။ မိဘေတြဟာ ေက်ာင္းကုိ ရဟတ္ယာဥ္နဲ႔ လုိက္လာခဲ့တာပါ။

ဒီအျဖစ္အပ်က္ဟာ အာဖရိက,က ေက်ာင္းတစ္ခုမွာ ျဖစ္ပြားခဲ့တာလုိ႔ သိရပါတယ္။ ဒါေပမယ့္ ဒီကိစၥကို ေဝဖန္သူေတြလည္း ညံေနပါတယ္။ တခ်ိဳ႕ကလည္း မိဘေတြက သားကို အလြန္ဂ႐ုစုိက္တယ္၊ ၾကင္နာတယ္၊ ေက်ာင္းကို ရဟတ္ယာဥ္နဲ႔ေတာင္ လာၿပီး လြယ္အိတ္ပုိ႔တယ္ဆုိၿပီးေပါ့။

 

ဒါေပမယ့္ တခ်ိဳ႕ကေတာ့ ေက်ာင္းသားတစ္ေယာက္ လြယ္အိတ္ေမ့တယ္ဆုိတာ ျဖစ္ေတာင့္ျဖစ္ခဲတဲ့ အေနအထားျဖစ္ေၾကာင္း၊ ဒါဟာ သက္သက္စတန္႔ထြင္ၿပီး သူတုိ႔တစ္ေတြ လူခ်မ္းသာမွန္းသိေအာင္ တမင္ လုပ္ေဆာင္ခဲ့တာျဖစ္ႏုိင္ေၾကာင္း ဆုိပါတယ္။

ေဝဖန္သူတစ္ဦးက ” ေက်ာင္းသားတစ္ေယာက္ လြယ္အိတ္ေမ့တယ္ဆုိတာ ျဖစ္ေတာင့္ျဖစ္ခဲပါပဲ …  ျဖစ္ခဲ့ရင္ေတာင္ အိမ္ကေန ထြက္လုိ႔ (၅)မိနစ္မျပည့္ခင္မွာ သတိရၾကေလ့ရွိပါတယ္ … ဒီေတာ့ ေက်ာင္းလြယ္အိတ္ေမ့လုိ႔ ေက်ာင္းအထိ လုိက္ေပးရတဲ့ မိဘဆုိတာ မရွိသေလာက္ရွားပါတယ္ ”

” ဒါကေတာ့ သူတုိ႔ ဘယ္ေလာက္ခ်မ္းသာေၾကာင္းသိဖုိ႔ ထြင္လုံးသက္သက္ျဖစ္ပါတယ္ … “လုိ႔ သူက ေဝဖန္ခဲ့တာပါ။ ဗြီဒီယုိထဲမွာေတာ့ သားျဖစ္သူဟာ လြယ္အိတ္ကို ေအးေအးေဆးေဆးယူၿပီး ေက်ာင္းသင္ခန္းစာဆီကုိ ျပန္သြားေနတာကို ျမင္ရပါတယ္။ ေဝဖန္သူေတြကေတာ့ အျပဳသေဘာထက္ အျပက္သေဘာ ေဝဖန္တာက ပုိမ်ားေနပါတယ္။

လင္းေဇာ္ကုိ (D Nae Khit)