ပါကစ္စတန်မှာ၊ ဘက်စ်ကားတစ်စင်း ချောက်ထဲကို အရှိန်လွန်ထိုးကျ၊ လူ(၁၉)ဦးသေဆုံး

24
BBC

ပါကစ္စတန်မြောက်ပိုင်း တောင်ပေါ်ကားလမ်းတစ်ခုမှာ ခရီးသည်တင် ဘက်စ်ကားတစ်စင်း အရှိန်လွန်ကာ ချောက်ထဲကို ထိုးကျခဲ့တာကြောင့် သေဆုံးသူ (၁၉)ယောက်အထိ ရှိခဲ့ပြီး၊ (၆)ဦးဒဏ်ရာရရှိ်ခဲ့ကြောင်း သိရပါတယ်။ ဒီမတော်တဆမှုဟာ မတ်လ(၉)ရက်၊ တနင်္လာနေ့မှာ ဖြစ်ခဲ့တာပါ။

အခင်းဖြစ်ခဲ့တဲ့ ဘက်စ်ကားဟာ Rawalpindi နဲ့ Skardu ကို ပြေးဆွဲနေတဲ့ ဘက်စ်ကားဖြစ်ပြီး၊ Gilgit ကျေးရွာအနီး Ruondoo တောင်စောင်းကနေ ပေ(၂၀၀)လောက်နက်တဲ့ ချောက်ထဲကို ထိုးကျခဲ့တာဖြစ်ကြောင်း ဒေသခံအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Faizullah Firaq က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

TRT

ဘက်စ်ကားပေါ်မှာ လူ(၂၅)ယောက် ပါဝင်ခဲ့ပြီး၊ (၆)ဦးကတော့ ပြင်းထန်ဒဏ်ရာတွေနဲ့ ဆေးရုံကို ပို့ဆောင်ထားကြောင်း သိရပါတယ်။ ဒဏ်ရာရရှိသူတွေထဲမှာ (၂)ဦးကတော့ အခြေအနေစိုးရိမ်ရလို့ အရေးပေါ်စောင့်ကြည့် ကုသနေတယ်လို့ သိရပါတယ်။ ကားဟာ တောင်အောက်က မြစ်ထဲမှာ ရှိနေခဲ့တာပါ။

အခင်းဖြစ်ရာနေရာကို ရဲတပ်ဖွဲ့၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ အမြန်ရောက်လာခဲ့ကြပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းတွေကို တပြေးညီ အမြန်ဆောင်ရွက်ခဲ့ပါသတဲ့။ အခင်းဖြစ်ခဲ့တဲ့ တောင်ပေါ်လမ်းကို မိစ္ဆာလမ်းလို့လည်း ခေါ်ကြပါတယ်။ မကြာခဏယာဉ်မတော်တဆမှုတွေ ဖြစ်လို့ပါ။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

ပါကစၥတန္ေျမာက္ပုိင္း ေတာင္ေပၚကားလမ္းတစ္ခုမွာ ခရီးသည္တင္ ဘက္စ္ကားတစ္စင္း အရွိန္လြန္ကာ ေခ်ာက္ထဲကို ထုိးက်ခဲ့တာေၾကာင့္ ေသဆုံးသူ (၁၉)ေယာက္အထိ ရွိခဲ့ၿပီး၊ (၆)ဦးဒဏ္ရာရရွိ္ခဲ့ေၾကာင္း သိရပါတယ္။ ဒီမေတာ္တဆမႈဟာ မတ္လ(၉)ရက္၊ တနလၤာေန႔မွာ ျဖစ္ခဲ့တာပါ။

Pakistan-Global News

အခင္းျဖစ္ခဲ့တဲ့ ဘက္စ္ကားဟာ Rawalpindi နဲ႔ Skardu ကို ေျပးဆြဲေနတဲ့ ဘက္စ္ကားျဖစ္ၿပီး၊ Gilgit ေက်းရြာအနီး Ruondoo ေတာင္ေစာင္းကေန ေပ(၂၀၀)ေလာက္နက္တဲ့ ေခ်ာက္ထဲကို ထုိးက်ခဲ့တာျဖစ္ေၾကာင္း ေဒသခံအစိုးရအဖြဲ႕မွ ေျပာေရးဆုိခြင့္ရွိသူ Faizullah Firaq က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဘက္စ္ကားေပၚမွာ လူ(၂၅)ေယာက္ ပါဝင္ခဲ့ၿပီး၊ (၆)ဦးကေတာ့ ျပင္းထန္ဒဏ္ရာေတြနဲ႔ ေဆး႐ုံကုိ ပုိ႔ေဆာင္ထားေၾကာင္း သိရပါတယ္။ ဒဏ္ရာရရွိသူေတြထဲမွာ (၂)ဦးကေတာ့ အေျခအေနစုိးရိမ္ရလုိ႔ အေရးေပၚေစာင့္ၾကည့္ ကုသေနတယ္လုိ႔ သိရပါတယ္။ ကားဟာ ေတာင္ေအာက္က ျမစ္ထဲမွာ ရွိေနခဲ့တာပါ။

အခင္းျဖစ္ရာေနရာကို ရဲတပ္ဖြဲ႕၊ ၿမိဳ႕နယ္ ၾကက္ေျခနီတပ္ဖြဲ႕နဲ႔ မီးသတ္တပ္ဖြဲ႕ဝင္ေတြ အျမန္ေရာက္လာခဲ့ၾကၿပီး၊ ကယ္ဆယ္ေရးလုပ္ငန္းေတြကို တေျပးညီ အျမန္ေဆာင္ရြက္ခဲ့ပါသတဲ့။ အခင္းျဖစ္ခဲ့တဲ့ ေတာင္ေပၚလမ္းကို မိစာၦလမ္းလုိ႔လည္း ေခၚၾကပါတယ္။ မၾကာခဏယာဥ္မေတာ္တဆမႈေတြ ျဖစ္လုိ႔ပါ။

လင္းေဇာ္ကို (D Nae Khit)