အခြေခံပညာမူလတန်းအတွက် English Application များ အခမဲ့ဖြန့်ဝေပေးမည်

15

လာမယ့်ပညာသင်နှစ် အခြေခံပညာမူလတန်းပညာကို သင်ယူကြမယ့် ကျောင်းသား၊ ကျောင်းသူတွေ အင်္ဂလိပ်စာဘာသာရပ်ကို လွယ်လွယ်ကူကူနဲ့ အဆင့်မြှင့်မြှင့်လေ့သင်ယူနိုင်ဖို့ သင်ထောက်ကူ Application တွေကို အခမဲ့ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ်ပညာရေးမှာ အထောက်အကူဖြစ်စေဖို့အတွက် Application ထုတ်လုပ်ဖြန့်ဝေမှုကိုတော့ 360 ed နဲ့ Mpride တို့က ပူးပေါင်းလုပ်ဆောင်ထားတာဖြစ်ပါတယ်။

ကျောင်းသားတွေ အခမဲ့အသုံးပြုနိုင်မယ့် English Applicationတွေ ကိုတော့ ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းအသစ်မှာ ပါဝင်တဲ့ သင်ခန်းစာတွေအတိုင်း ထည့်သွင်းရေးဆွဲထားတာပါ။

ကျောင်းသား၊ ကျောင်းသူအနေနဲ့ လက်ကိုင်ဖုန်း၊ Tablet တွေရှိရုံနဲ့ ဒီ App ကို အခမဲ့ Download ရယူပြီး အင်္ဂလိပ်စာကို အသံထွက်မှန်မှန်ကန်ကန်နဲ့ အလွယ်တကူ လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။

လာမယ့်ပညာသင်နှစ်မတိုင်မီ မေလအတွင်းမှာတော့ Grade_2နဲ့ Grade_3 အတန်းတွေအတွက် English Appliction တွေ စတင်ဖြန့်ဝေပေးသွားမှာဖြစ်ပြီး ကျန်ရှိတဲ့အတန်းတွေကိုတော့ သင်ရိုးညွှန်းတမ်းနဲ့အမီ ထုတ်လုပ်ပေးသွားမှာဖြစ်ပါတယ်။

နှစ်စဉ်ကျောင်းသား၊ ကျောင်းသူ ၆ သန်းကျော်ကို ပညာရေးမှာ အထောက်အကူပေးနိုင်ဖို့အတွက် Appliction တွေကို မြန်မာငွေ ကျပ်သိန်းပေါင်း ၂၅၀၀ အကုန်အကျခံထုတ်လုပ်ထားတာဖြစ်ပါတယ်။

အခြေခံပညာကို လေ့လာသင်ယူနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ လက်ထဲကို ဒီ App ရောက်ရှိနိုင်ဖို့အတွက် သင်ရိုးဖတ်စာအုပ်တွေမှာ Application အကြောင်း ထည့်သွင်းသွားမှာဖြစ်သလို ဆရာတွေကို သင်တန်းပို့ချတာတွေနဲ့ ရုပ်မြင်သံကြားကနေ ကြေငြာတာတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

360ed ကနေ ဒီပညာသင်နှစ်မှာ Grade(1)EnglishApplication ကို တနိုင်ငံလုံးက ကျောင်းသားတွေ အသုံးပြုနိုင်ဖို့အတွက် ပညာရေးဝန်ကြီးဌာနကို လှူဒါန်းထားတာဖြစ်ပြီး လက်ရှိမြို့ပေါ်နေ ကျောင်းသားအများစုက ဒီ App ကို အသုံးပြုနေကြပြီဖြစ်ပါတယ်။

DVB TV News

————-

လာမယ့္ပညာသင္ႏွစ္ အေျခခံပညာမူလတန္းပညာကို သင္ယူၾကမယ့္ ေက်ာင္းသား၊ ေက်ာင္းသူေတြ အဂၤလိပ္စာဘာသာရပ္ကို လြယ္လြယ္ကူကူနဲ႔ အဆင့္ျမႇင့္ျမႇင့္ေလ့သင္ယူႏိုင္ဖို႔ သင္ေထာက္ကူ Application ေတြကို အခမဲ့ျဖန႔္ေဝေပးသြားမွာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အနာဂတ္ပညာေရးမွာ အေထာက္အကူျဖစ္ေစဖို႔အတြက္ Application ထုတ္လုပ္ျဖန႔္ေဝမႈကိုေတာ့ 360 ed နဲ႔ Mpride တို႔က ပူးေပါင္းလုပ္ေဆာင္ထားတာျဖစ္ပါတယ္။

ေက်ာင္းသားေတြ အခမဲ့အသုံးျပဳႏိုင္မယ့္ English Applicationေတြ ကိုေတာ့ ပညာေရးဝန္ႀကီးဌာနက ေရးဆြဲထားတဲ့ သင္႐ိုးၫႊန္းတမ္းအသစ္မွာ ပါဝင္တဲ့ သင္ခန္းစာေတြအတိုင္း ထည့္သြင္းေရးဆြဲထားတာပါ။

ေက်ာင္းသား၊ ေက်ာင္းသူအေနနဲ႔ လက္ကိုင္ဖုန္း၊ Tablet ေတြရွိ႐ုံနဲ႔ ဒီ App ကို အခမဲ့ Download ရယူၿပီး အဂၤလိပ္စာကို အသံထြက္မွန္မွန္ကန္ကန္နဲ႔ အလြယ္တကူ ေလ့လာသင္ယူႏိုင္မွာျဖစ္ပါတယ္။

လာမယ့္ပညာသင္ႏွစ္မတိုင္မီ ေမလအတြင္းမွာေတာ့ Grade_2နဲ႔ Grade_3 အတန္းေတြအတြက္ English Appliction ေတြ စတင္ျဖန႔္ေဝေပးသြားမွာျဖစ္ၿပီး က်န္ရွိတဲ့အတန္းေတြကိုေတာ့ သင္႐ိုးၫႊန္းတမ္းနဲ႔အမီ ထုတ္လုပ္ေပးသြားမွာျဖစ္ပါတယ္။

ႏွစ္စဥ္ေက်ာင္းသား၊ ေက်ာင္းသူ ၆ သန္းေက်ာ္ကို ပညာေရးမွာ အေထာက္အကူေပးႏိုင္ဖို႔အတြက္ Appliction ေတြကို ျမန္မာေငြ က်ပ္သိန္းေပါင္း ၂၅၀၀ အကုန္အက်ခံထုတ္လုပ္ထားတာျဖစ္ပါတယ္။

အေျခခံပညာကို ေလ့လာသင္ယူေနတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕ လက္ထဲကို ဒီ App ေရာက္ရွိႏိုင္ဖို႔အတြက္ သင္႐ိုးဖတ္စာအုပ္ေတြမွာ Application အေၾကာင္း ထည့္သြင္းသြားမွာျဖစ္သလို ဆရာေတြကို သင္တန္းပို႔ခ်တာေတြနဲ႔ ႐ုပ္ျမင္သံၾကားကေန ေၾကျငာတာေတြ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

360ed ကေန ဒီပညာသင္ႏွစ္မွာ Grade(1)EnglishApplication ကို တႏိုင္ငံလုံးက ေက်ာင္းသားေတြ အသုံးျပဳႏိုင္ဖို႔အတြက္ ပညာေရးဝန္ႀကီးဌာနကို လႉဒါန္းထားတာျဖစ္ၿပီး လက္ရွိၿမိဳ႕ေပၚေန ေက်ာင္းသားအမ်ားစုက ဒီ App ကို အသုံးျပဳေနၾကၿပီျဖစ္ပါတယ္။

DVB TV News