တပ်ခြံစည်းရိုး ဖျက်ဆီးမှုဖြင့် ဆီဆိုင်မြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးကို အမှုဖွင့်

21

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နောက်ကျောကျေးရွာအုပ်စု ကောင်တရွိုးရွာမှာ တပ်ခြံစည်းရိုးကာထားတာကို ဒေသခံတွေ ဖျက်ဆီးခဲ့တာနဲ့ပတ်သက်ပြီး တပ်မတော်က အောင်ချမ်းသာအုပ်ချုပ်ရေးမှူးအား အမှုဖွင့်ထားတယ်လို့ ဆီဆိုင်မြို့မစခန်းမှူးက ပြောပါတယ်။

“ဖြစ်စဉ်ကတော့ စစ်တပ်ကာထားတဲ့ဟာကို ရိုက်ဖျက်လို့ပေါ့။ ဝန်ထမ်းတွေ တာဝန်နဲ့ ဆောင်ရွက်တဲ့ဟာကို နှောင့်ယှက်လို့ပေါ့။ အကျိုးဖျက်ဆီးမှု၊ တာဝန်ဝတ္တရားနှောင့်ယှက်မှု၊ ဖျက်ဆီးတဲ့အမှုနဲ့ ခေါင်းဆောင်ကို အမှုဖွင့်တာပါ၊ ရွာသားတွေလည်းပါတယ် နာမည်မသိသေးလို့ပါ” လို့ ဆီဆိုင်မြို့မစခန်းမှူး ဦးဇော်မင်းလွင်က ပြောပါတယ်။

အဲဒီလမ်းဟာ စစ်တပ်မရောက်လာခင်ကတည်းက တည်ရှိခဲ့တဲ့ လမ်းဖြစ်ပြီး တပ်မတော်က စည်းရိုးကာလိုက်တဲ့အတွက် သွားလာရေးအခက်အခဲ ကြုံနေရတဲ့အတွက် ဒေသခံရွာသား ၂၀ ကျော်က ပြန်လည်ဖွင့်ပေးဖို့ တောင်းဆိုတာကြောင့် နောင်ကျောကျေးရွာ၊ ပင်စုံကျေးရွာ၊ မြကန်သာ စတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ သွားရောက်ဖြေရှင်းပေးခဲ့တာလို့ အမှုဖွင့်ခံထားရတဲ့ အောင်ချမ်းသာအုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်က ပြောပါတယ်။

“တပ်နဲ့ပြည်သူကြားမှာ ကြီးမားတဲ့ ပဋိပက္ခမဖြစ်ပေါ်စေဖို့အတွက် အုပ်ချုပ်ရေးမှူး အနေနဲ့ သွားရောက်ဖြေရှင်းပေးတဲ့အနေထားဖြစ်တယ်။ ခြံစည်းရိုးဖျက်တာက ရွာသားတွေ၊ သူတို့လမ်းကို ပိတ်တော့ ရွာသားလည်း ဖျက်တာပေါ့။ ဖျက်တဲ့အချိန် တပ်ကတယောက်မှမရှိဘူး၊ သူတို့သိတဲ့ ကျနော်နဲ့ ဒေါ်ချိုဝင်းကို အမှုဖွင့်တာ” လို့ ပြောပါတယ်။

သွားရောက်ဖြေရှင်းပေး ရပ်/ကျေးအုပ်ချုပ်ရေးမှူး လေးဦးထဲက တဦးသာ အမှုဖွင့်ခံရတာဖြစ်ပြီး ခုလို မမှန်မကန် အမှုဖွင့်တာကြောင့် ဂုဏ်သိက္ခာကျဆင်းစေတဲ့အတွက် တပ်မတော်ကို အသရေဖျက်မှုနဲ့ ပြန်ပြီးတရားစွဲသွားမယ်လို့ ဦးစံဝင်းမောင်က ဆိုပါတယ်။

လက်ရှိမှာ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင် နဲ့ မြေသိမ်းခံရတဲ့ တောင်သူ ဒေါ်ချိုဝင်းတို့ကို ခမရ ၄၂၄ က ပုဒ်မ ၃၅၃၊ ၄၂၉၊ ၄၂၇ တို့နဲ့ ဆီဆိုင်ရဲစခန်းမှာ အမှုဖွင့်ထားပြီး မတ်လ ၁၃ ရက်က ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီလမ်းဟာ တပ်သိမ်းမြေထဲ ပါရှိတဲ့အတွက် ခမရ ၄၂၃ တပ်ရင်းက ပြီးခဲ့တဲ့ မတ်လ ၆ ရက်မှာ ခြံစည်းရိုးကာလိုက်တာလို့ သိရပါတယ်။

ခွန်ရာဇာ DVB TV News

————

ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဆီဆိုင္ၿမိဳ႕နယ္ ေနာက္ေက်ာေက်း႐ြာအုပ္စု ေကာင္တ႐ြိဳး႐ြာမွာ တပ္ၿခံစည္း႐ိုးကာထားတာကို ေဒသခံေတြ ဖ်က္ဆီးခဲ့တာနဲ႔ပတ္သက္ၿပီး တပ္မေတာ္က ေအာင္ခ်မ္းသာအုပ္ခ်ဳပ္ေရးမႉးအား အမႈဖြင့္ထားတယ္လို႔ ဆီဆိုင္ၿမိဳ႕မစခန္းမႉးက ေျပာပါတယ္။

“ျဖစ္စဥ္ကေတာ့ စစ္တပ္ကာထားတဲ့ဟာကို ႐ိုက္ဖ်က္လို႔ေပါ့။ ဝန္ထမ္းေတြ တာဝန္နဲ႔ ေဆာင္႐ြက္တဲ့ဟာကို ေႏွာင့္ယွက္လို႔ေပါ့။ အက်ိဳးဖ်က္ဆီးမႈ၊ တာဝန္ဝတၱရားေႏွာင့္ယွက္မႈ၊ ဖ်က္ဆီးတဲ့အမႈနဲ႔ ေခါင္းေဆာင္ကို အမႈဖြင့္တာပါ၊ ႐ြာသားေတြလည္းပါတယ္ နာမည္မသိေသးလို႔ပါ” လို႔ ဆီဆိုင္ၿမိဳ႕မစခန္းမႉး ဦးေဇာ္မင္းလြင္က ေျပာပါတယ္။

အဲဒီလမ္းဟာ စစ္တပ္မေရာက္လာခင္ကတည္းက တည္ရွိခဲ့တဲ့ လမ္းျဖစ္ၿပီး တပ္မေတာ္က စည္း႐ိုးကာလိုက္တဲ့အတြက္ သြားလာေရးအခက္အခဲ ႀကဳံေနရတဲ့အတြက္ ေဒသခံ႐ြာသား ၂၀ ေက်ာ္က ျပန္လည္ဖြင့္ေပးဖို႔ ေတာင္းဆိုတာေၾကာင့္ ေနာင္ေက်ာေက်း႐ြာ၊ ပင္စုံေက်း႐ြာ၊ ျမကန္သာ စတဲ့ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြနဲ႔ သြားေရာက္ေျဖရွင္းေပးခဲ့တာလို႔ အမႈဖြင့္ခံထားရတဲ့ ေအာင္ခ်မ္းသာအုပ္ခ်ဳပ္ေရးမႉး ဦးစံဝင္းေမာင္က ေျပာပါတယ္။

“တပ္နဲ႔ျပည္သူၾကားမွာ ႀကီးမားတဲ့ ပဋိပကၡမျဖစ္ေပၚေစဖို႔အတြက္ အုပ္ခ်ဳပ္ေရးမႉး အေနနဲ႔ သြားေရာက္ေျဖရွင္းေပးတဲ့အေနထားျဖစ္တယ္။ ၿခံစည္း႐ိုးဖ်က္တာက ႐ြာသားေတြ၊ သူတို႔လမ္းကို ပိတ္ေတာ့ ႐ြာသားလည္း ဖ်က္တာေပါ့။ ဖ်က္တဲ့အခ်ိန္ တပ္ကတေယာက္မွမရွိဘူး၊ သူတို႔သိတဲ့ က်ေနာ္နဲ႔ ေဒၚခ်ိဳဝင္းကို အမႈဖြင့္တာ” လို႔ ေျပာပါတယ္။

သြားေရာက္ေျဖရွင္းေပး ရပ္/ေက်းအုပ္ခ်ဳပ္ေရးမႉး ေလးဦးထဲက တဦးသာ အမႈဖြင့္ခံရတာျဖစ္ၿပီး ခုလို မမွန္မကန္ အမႈဖြင့္တာေၾကာင့္ ဂုဏ္သိကၡာက်ဆင္းေစတဲ့အတြက္ တပ္မေတာ္ကို အသေရဖ်က္မႈနဲ႔ ျပန္ၿပီးတရားစြဲသြားမယ္လို႔ ဦးစံဝင္းေမာင္က ဆိုပါတယ္။

လက္ရွိမွာ ေအာင္ခ်မ္းသာရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးစံဝင္းေမာင္ နဲ႔ ေျမသိမ္းခံရတဲ့ ေတာင္သူ ေဒၚခ်ိဳဝင္းတို႔ကို ခမရ ၄၂၄ က ပုဒ္မ ၃၅၃၊ ၄၂၉၊ ၄၂၇ တို႔နဲ႔ ဆီဆိုင္ရဲစခန္းမွာ အမႈဖြင့္ထားၿပီး မတ္လ ၁၃ ရက္က ေခၚယူစစ္ေဆးခဲ့တယ္လို႔ သိရပါတယ္။

အဲဒီလမ္းဟာ တပ္သိမ္းေျမထဲ ပါရွိတဲ့အတြက္ ခမရ ၄၂၃ တပ္ရင္းက ၿပီးခဲ့တဲ့ မတ္လ ၆ ရက္မွာ ၿခံစည္း႐ိုးကာလိုက္တာလို႔ သိရပါတယ္။

ခြန္ရာဇာ DVB TV News