ချီလီလေဆိပ်တစ်ခုကို လက်နက်ကိုင်ဓားပြတွေဝင်စီး၊ ဒေါ်လာ(၁၅)သန်းအထိ လုယူသွား

31

ချီလီနိုင်ငံက လေဆိပ်တစ်ခုကို လက်နက်ကိုင် ဓားပြတွေ ဝင်ရောက်စီးနင်းပြီး၊ ဒေါ်လာ(၁၅)သန်းအထိ လုယူထွက်ပြေးသွားခဲ့ကြောင်း သိရပါတယ်။ ဓားပြအဖွဲ့ဝင် (၁၀)ဦးဟာ သေနတ်တွေ ကိုင်ဆောင်ပြီး လေဆိပ်မှာရှိနေတဲ့ ငွေသယ်ကားကို ဝင်လုခဲ့တာပါ။

အခင်းဖြစ်ခဲ့တဲ့ လေဆိပ်ကတော့ Arturo Merino Benitez International Airport ဖြစ်ပါတယ်။ အဲဒီလေဆိပ်ဟာ ဆန်တီယေဂိုမှာ တည်ရှိပြီး၊ ပြီးခဲ့တဲ့တနင်္လာနေ့ ဒေသစံတော်ချိန် (၁၁)နာရီဝန်းကျင်မှာ ဝင်ရောက်စီးနင်းခံလိုက်ရတာပါ။ ဓားပြတွေဟာ လေဆိပ်ကုန်လှောင်ရုံအတွင်း လက်နက်အစုံအလင်နဲ့ ဝင်လာပါတယ်။

သိရသလောက်တော့ သူတုုိ့ဟာ ငွေသယ်တဲ့ကားအကြောင်း သတင်းအတိအကျ သိထားပုံရပါတယ်။ အဆိုပါ ငွေသယ်ယာဉ်ကို လုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီ Brinks က ပိုင်ဆိုင်ပါတယ်။ ဓားပြတွေဟာ လေဆိပ်လုံခြုံရေးဂိတ်ကနေ လူစုခွဲဝင်ရောက်ခဲ့ပြီးမှ ဓားပြမှုကို ကျကျနန ကျူးလွန်ခဲ့တာပါ။

BB1130TG

သူတို့ဟာ ကုန်ပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ DHL ကုမ္ပဏီဝန်ထမ်းဝတ်စုံတွေ ဝတ်ဆင်ထားလို့ တော်ရုံလုံခြုံရေးကလည်း အမှုမဲ့အမှတ်မဲ့ စစ်ဆေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ ယင်းနောက် သူတို့ပစ်မှတ်ထားတဲ့ ကားကို ဝင်စီးချိန်မှာ လုံခြုံရေးတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သေးပြီး၊ လူတစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ချီလီရဲတပ်ဖွဲ့မှ အကြီးအကဲဖြစ်တဲ့ Jorge Sánchez ရဲ့ ပြောဆိုအတည်ပြုချက်အရ အမေရိကန်ဒေါ်လာ (၁၄)သန်းနဲ့ ယူရို(၁)သန်း လုယူခံခဲ့ရကြောင်း သိရပါတယ်။ သူရဲ့အဆိုအရ ဓားပြတွေဟာ လေဆိပ်ရဲ့ အတွင်းလူသတင်းပေးနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပုံရတယ်လို့ ဆိုပါတယ်။

DHL

အခင်းဖြစ်တဲ့လေဆိပ်ဟာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်သော်လည်း လိုအပ်တဲ့ လုံခြုံရေးအစောင့်အရှောက် ပေးမထားပါဘူး။ နောက်ပြီး ဓားပြတွေဟာ ပရိုဓားပြတွေဖြစ်ပုံရပြီး၊ အတွင်းနဲ့သတင်းချိတ်ဆက်ပြီး လှုပ်ရှားတာမို့ အားသာချက်လည်း ရှိနေတာပါ။ သူတို့ကို ဖမ်းမိနိုင်ရေး ကြိုးပမ်းနေပါတယ်။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

ခ်ီလီႏုိင္ငံက ေလဆိပ္တစ္ခုကို လက္နက္ကိုင္ ဓားျပေတြ ဝင္ေရာက္စီးနင္းၿပီး၊ ေဒၚလာ(၁၅)သန္းအထိ လုယူထြက္ေျပးသြားခဲ့ေၾကာင္း သိရပါတယ္။ ဓားျပအဖြဲ႕ဝင္ (၁၀)ဦးဟာ ေသနတ္ေတြ ကိုင္ေဆာင္ၿပီး ေလဆိပ္မွာရွိေနတဲ့ ေငြသယ္ကားကို ဝင္လုခဲ့တာပါ။

အခင္းျဖစ္ခဲ့တဲ့ ေလဆိပ္ကေတာ့ Arturo Merino Benitez International Airport ျဖစ္ပါတယ္။ အဲဒီေလဆိပ္ဟာ ဆန္တီေယဂုိမွာ တည္ရွိၿပီး၊ ၿပီးခဲ့တဲ့တနလၤာေန႔ ေဒသစံေတာ္ခ်ိန္ (၁၁)နာရီဝန္းက်င္မွာ ဝင္ေရာက္စီးနင္းခံလုိက္ရတာပါ။ ဓားျပေတြဟာ ေလဆိပ္ကုန္ေလွာင္႐ုံအတြင္း လက္နက္အစုံအလင္နဲ႔ ဝင္လာပါတယ္။

သိရသေလာက္ေတာ့ သူတုုိ႔ဟာ ေငြသယ္တဲ့ကားအေၾကာင္း သတင္းအတိအက် သိထားပုံရပါတယ္။ အဆုိပါ ေငြသယ္ယာဥ္ကို လုံၿခဳံေရးဝန္ေဆာင္မႈကုမၸဏီ Brinks က ပုိင္ဆုိင္ပါတယ္။ ဓားျပေတြဟာ ေလဆိပ္လုံၿခဳံေရးဂိတ္ကေန လူစုခြဲဝင္ေရာက္ခဲ့ၿပီးမွ ဓားျပမႈကို က်က်နန က်ဴးလြန္ခဲ့တာပါ။

သူတုိ႔ဟာ ကုန္ပုိ႔ေဆာင္ေရးကုမၸဏီတစ္ခုျဖစ္တဲ့ DHL ကုမၸဏီဝန္ထမ္းဝတ္စုံေတြ ဝတ္ဆင္ထားလုိ႔ ေတာ္႐ုံလုံၿခဳံေရးကလည္း အမႈမဲ့အမွတ္မဲ့ စစ္ေဆးဖုိ႔ ပ်က္ကြက္ခဲ့ပါတယ္။ ယင္းေနာက္ သူတုိ႔ပစ္မွတ္ထားတဲ့ ကားကို ဝင္စီးခ်ိန္မွာ လုံၿခဳံေရးေတြနဲ႔ ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ေသးၿပီး၊ လူတစ္ေယာက္ ထိခုိက္ဒဏ္ရာ ရရွိခဲ့ပါတယ္။

ခ်ီလီရဲတပ္ဖြဲ႕မွ အႀကီးအကဲျဖစ္တဲ့ Jorge Sánchez ရဲ႕ ေျပာဆုိအတည္ျပဳခ်က္အရ အေမရိကန္ေဒၚလာ (၁၄)သန္းနဲ႔ ယူ႐ုိ(၁)သန္း လုယူခံခဲ့ရေၾကာင္း သိရပါတယ္။ သူရဲ႕အဆုိအရ ဓားျပေတြဟာ ေလဆိပ္ရဲ႕ အတြင္းလူသတင္းေပးနဲ႔ ပူးေပါင္းလုပ္ေဆာင္ခဲ့ပုံရတယ္လုိ႔ ဆုိပါတယ္။

အခင္းျဖစ္တဲ့ေလဆိပ္ဟာ အျပည္ျပည္ဆုိင္ရာ ေလဆိပ္ျဖစ္ေသာ္လည္း လုိအပ္တဲ့ လုံၿခဳံေရးအေစာင့္အေရွာက္ ေပးမထားပါဘူး။ ေနာက္ၿပီး ဓားျပေတြဟာ ပ႐ုိဓားျပေတြျဖစ္ပုံရၿပီး၊ အတြင္းနဲ႔သတင္းခ်ိတ္ဆက္ၿပီး လႈပ္ရွားတာမုိ႔ အားသာခ်က္လည္း ရွိေနတာပါ။ သူတုိ႔ကုိ ဖမ္းမိႏုိင္ေရး ႀကိဳးပမ္းေနပါတယ္။

လင္းေဇာ္ကို (D Nae Khit)