လူပြောများခဲ့တဲ့ နေမာနှင့် ပီအက်စ်ဂျီအသင်းသားများ၏ အောင်ပွဲခံမှုပုံစံ နောက်ကွယ်က ဖြစ်ရပ်မှန်ထွက်ပေါ်

30

လူပြောများခဲ့တဲ့ နေမာနဲ့ ပီအက်စ်ဂျီ အသင်းသားတွေရဲ့ အောင်ပွဲခံမှုပုံစံနဲ့ပတ်သက်တဲ့ နောက်ကွယ်က အကြောင်းတရားတွေကို Goal သတင်းမှာ ရေးသားဖော်ပြထားပါတယ်။

ပဲရစ်မြေမှာ ကစားခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းဟာ တယောက်လျော့ ဒေါ့မွန်အသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ကစားကာ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ပထမအကျော့ရှုံးကြွေးကို ဆပ်နိုင်ဖို့အတွက် နေမာက ၂၈ မိနစ် မှာ အိမ်ရှင်အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာ ဘရာဇီးတိုက်စစ်မှူးက တရားထိုင်တဲ့ပုံစံနဲ့ အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ဒေါ့မွန်အသင်းရဲ့ နာမည်ကျော် တိုက်စစ်မှူး အာလင် ဟာလန်းရဲ့အောင်ပွဲခံမှုပုံစံကို လိုက်လံတုပပြီး လှောင်ပြောင်သရော်ခဲ့တာလည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို ဂျူအန်ဘားနတ်က ပထမပိုင်းမပြီးဆုံးခင်မှာ သွင်းယူခဲ့တာဖြစ်ပြီး ပွဲပြီးဆုံးချိန်မှာလည်း ပီအက်စ်ဂျီအသင်းသားတွေဟာ နေမာစတိုင်အတိုင်း လိုက်ပြုလုပ်ကာ ထပ်မံအောင်ပွဲခံခဲ့ပါတယ်။

ဒါဟာ ပြိုင်ဘက်အသင်းရဲ့တိုက်စစ်မှူး ဟာလန်းကို သိသိသာသာ လှောင်ပြောင်တဲ့ အောင်ပွဲခံမှုပုံစံ ဖြစ်ပြီးတော့ ဒီဖြစ်ရပ်တွေကြောင့် ပီအက်စ်ဂျီ ကစားသမားတွေဟာ ၁၉ နှစ်အရွယ် ဟာလန်းကို ဘာလို့ လှောင်ပြောင်ခဲ့တာလဲဆိုတာ နားမလည်နိုင်ဘူးဆိုတဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေဟာလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာမှ ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ အကြောင်းစုံကိုသိခဲ့ရတာဖြစ်ပြီး ပီအက်စ်ဂျီ ကစားသမားတွေရဲ့ အောင်ပွဲခံမှုနောက်ကွယ်မှာ ခံပြင်းမှုတွေရှိနေတယ်ဆိုတာကို သိခဲ့ရပါတယ်။

ဒီဖြစ်ရပ်တွေဟာ ဓာတ်ပုံတပုံကနေ စတင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီဓာတ်ပုံမှာ ဟာလန်းဟာ “ပဲရစ်ဟာ ငါ့မြို့ မင်းတို့နဲ့မဆိုင်ဘူး” လို့ ရေးသားထားပါတယ်။ ဒီဓာတ်ပုံကို ဟာလန်းကိုယ်တိုင် တင်ခဲ့သလား ဒါမှမဟုတ် တတိယ ကြားပုဂ္ဂိုလ်တဦးဦးက တင်ခဲ့သလားဆိုတာ မသိရပေမယ့် ဓာတ်ပုံကို ဟာလန်းရဲ့ snapchat မှာ မြင်တွေ့ခဲ့ရပြီး လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာလည်း တော်တော်လေးပျံ့နှံ့သွားခဲ့ပါတယ်။

ဒီဓာတ်ပုံကို တုံ့ပြန်တဲ့အနေနဲ့ နေမာက သူရဲ့တရားထိုင်တဲ့ပုံစံ အောင်ပွဲခံမှုဓာတ်ပုံနဲ့အတူ “ပဲရစ်ဟာ ငါ့တို့မြို့၊ မင်းတို့နဲ့မဆိုင်ဘူး” လို့ ပြန်တင်ခဲ့ပါတယ်။

ဒီပွဲအနိုင်ရလဒ်ကြောင့် ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ကွာတားအဆင့်ကို ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး ဒေါ့မွန်အသင်းကတော့ ချန်ပီယံလိဂ်မျှော်လင့်ချက်ကုန်ဆုံးသွား ပြီဖြစ်တာကြောင့် ပြည်တွင်းအမှတ်ပေးပွဲကို ပိုမိုအာရုံစိုက်ရတော့မှာဖြစ်ပါတယ်။

ဒီပွဲစဉ်ကို ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ပရိသတ်မပါဘဲ ကစားခဲ့ရတာလည်း ဖြစ်ပါတယ်။

—————-

လူေျပာမ်ားခဲ့တဲ့ ေနမာနဲ႔ ပီအက္စ္ဂ်ီ အသင္းသားေတြရဲ႕ ေအာင္ပြဲခံမႈပုံစံနဲ႔ပတ္သက္တဲ့ ေနာက္ကြယ္က အေၾကာင္းတရားေတြကို Goal သတင္းမွာ ေရးသားေဖာ္ျပထားပါတယ္။

ပဲရစ္ေျမမွာ ကစားခဲ့တဲ့ ဒုတိယအေက်ာ့ပြဲစဥ္မွာ ပီအက္စ္ဂ်ီအသင္းဟာ တေယာက္ေလ်ာ့ ေဒါ့မြန္အသင္းကို ႏွစ္ဂိုးျပတ္နဲ႔ အႏိုင္ကစားကာ ေနာက္တဆင့္ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။

ပထမအေက်ာ့ရႈံးေႂကြးကို ဆပ္ႏိုင္ဖို႔အတြက္ ေနမာက ၂၈ မိနစ္ မွာ အိမ္ရွင္အသင္းအတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့ပါတယ္။

အဲ့ဒီေနာက္မွာ ဘရာဇီးတိုက္စစ္မႉးက တရားထိုင္တဲ့ပုံစံနဲ႔ ေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။ ဒါဟာ ေဒါ့မြန္အသင္းရဲ႕ နာမည္ေက်ာ္ တိုက္စစ္မႉး အာလင္ ဟာလန္းရဲ႕ေအာင္ပြဲခံမႈပုံစံကို လိုက္လံတုပၿပီး ေလွာင္ေျပာင္သေရာ္ခဲ့တာလည္း ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းအတြက္ ဒုတိယေျမာက္ဦးေဆာင္ဂိုးကို ဂ်ဴအန္ဘားနတ္က ပထမပိုင္းမၿပီးဆုံးခင္မွာ သြင္းယူခဲ့တာျဖစ္ၿပီး ပြဲၿပီးဆုံးခ်ိန္မွာလည္း ပီအက္စ္ဂ်ီအသင္းသားေတြဟာ ေနမာစတိုင္အတိုင္း လိုက္ျပဳလုပ္ကာ ထပ္မံေအာင္ပြဲခံခဲ့ပါတယ္။

ဒါဟာ ၿပိဳင္ဘက္အသင္းရဲ႕တိုက္စစ္မႉး ဟာလန္းကို သိသိသာသာ ေလွာင္ေျပာင္တဲ့ ေအာင္ပြဲခံမႈပုံစံ ျဖစ္ၿပီးေတာ့ ဒီျဖစ္ရပ္ေတြေၾကာင့္ ပီအက္စ္ဂ်ီ ကစားသမားေတြဟာ ၁၉ ႏွစ္အ႐ြယ္ ဟာလန္းကို ဘာလို႔ ေလွာင္ေျပာင္ခဲ့တာလဲဆိုတာ နားမလည္ႏိုင္ဘူးဆိုတဲ့ ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြဟာလည္း ထြက္ေပၚလာခဲ့ပါတယ္။

ဒါေပမယ့္ ေနာက္ပိုင္းမွာမွ ဒီျဖစ္ရပ္နဲ႔ပတ္သက္တဲ့ အေၾကာင္းစုံကိုသိခဲ့ရတာျဖစ္ၿပီး ပီအက္စ္ဂ်ီ ကစားသမားေတြရဲ႕ ေအာင္ပြဲခံမႈေနာက္ကြယ္မွာ ခံျပင္းမႈေတြရွိေနတယ္ဆိုတာကို သိခဲ့ရပါတယ္။

ဒီျဖစ္ရပ္ေတြဟာ ဓာတ္ပုံတပုံကေန စတင္ခဲ့တာပဲျဖစ္ပါတယ္။ ဒီဓာတ္ပုံမွာ ဟာလန္းဟာ “ပဲရစ္ဟာ ငါ့ၿမိဳ႕ မင္းတို႔နဲ႔မဆိုင္ဘူး” လို႔ ေရးသားထားပါတယ္။ ဒီဓာတ္ပုံကို ဟာလန္းကိုယ္တိုင္ တင္ခဲ့သလား ဒါမွမဟုတ္ တတိယ ၾကားပုဂၢိဳလ္တဦးဦးက တင္ခဲ့သလားဆိုတာ မသိရေပမယ့္ ဓာတ္ပုံကို ဟာလန္းရဲ႕ snapchat မွာ ျမင္ေတြ႕ခဲ့ရၿပီး လူမႈကြန္ရက္အသုံးျပဳသူေတြၾကားမွာလည္း ေတာ္ေတာ္ေလးပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။

ဒီဓာတ္ပုံကို တုံ႔ျပန္တဲ့အေနနဲ႔ ေနမာက သူရဲ႕တရားထိုင္တဲ့ပုံစံ ေအာင္ပြဲခံမႈဓာတ္ပုံနဲ႔အတူ “ပဲရစ္ဟာ ငါ့တို႔ၿမိဳ႕၊ မင္းတို႔နဲ႔မဆိုင္ဘူး” လို႔ ျပန္တင္ခဲ့ပါတယ္။

ဒီပြဲအႏိုင္ရလဒ္ေၾကာင့္ ပီအက္စ္ဂ်ီအသင္းဟာ ခ်န္ပီယံလိဂ္ ကြာတားအဆင့္ကို ေရာက္ရွိသြားခဲ့ၿပီျဖစ္ၿပီး ေဒါ့မြန္အသင္းကေတာ့ ခ်န္ပီယံလိဂ္ေမွ်ာ္လင့္ခ်က္ကုန္ဆုံးသြား ၿပီျဖစ္တာေၾကာင့္ ျပည္တြင္းအမွတ္ေပးပြဲကို ပိုမိုအာ႐ုံစိုက္ရေတာ့မွာျဖစ္ပါတယ္။

ဒီပြဲစဥ္ကို ကို႐ိုနာဗိုင္းရပ္စ္ဆိုင္ရာ စိုးရိမ္မႈေတြေၾကာင့္ ပရိသတ္မပါဘဲ ကစားခဲ့ရတာလည္း ျဖစ္ပါတယ္။

DVB TV News