ယနေ့ည အာဆင်နယ်နှင့် မန်စီးတီးပွဲစဉ် ရွှေ့ဆိုင်း

12

ဒီကနေ့ည ယှဉ်ပြိုင်ကစားမယ့် အာဆင်နယ်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ ပွဲစဉ်ကို ရွှေ့ဆိုင်းထားလိုက်ပါတယ်။

ပွဲစဉ် ရွှေ့ရတဲ့ အဓိကအကြောင်းအရင်းကတော့ အာဆင်နယ်အသင်း ကစားသမားတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အိုလံပီယာကောစ့်ပိုင်ရှင် ဖြစ်သူနဲ့ ထိတွေ့မှုရှိခဲ့လို့ ဖြစ်ပါတယ်။

အသက် ၅၂ နှစ်အရွယ် မာရင်နာကစ်စ်ဟာ အိုလံပီယာကောစ့်အသင်းအပြင် အင်္ဂလန်ကလပ် နော်တင်ဟမ်ဖောရက်စ်အသင်းကိုလည်း ပိုင်ဆိုင်ထားပြီး ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ပွဲစဉ်မှာ အာဆင်နယ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ အမ်းမရိတ်စ်ကွင်းထဲ လာရောက်ကြည့်ရှုခဲ့ပါတယ်။

ဂရိသူ‌ဌေးနဲ့ အနီးနားမှာရှိခဲ့တဲ့ အာဆင်နယ် ကစားသမားတွေဟာ ၁၄ ရက်ကြာ နေအိမ်တွေမှာပဲ နေထိုင်ပြီး ရောဂါအခြေအနေကို စောင့်ကြည့်ခံအဖြစ် နေထိုင်သွားရမှာ ဖြစ်ပါတယ်။

—————-

ဒီကေန႔ည ယွဥ္ၿပိဳင္ကစားမယ့္ အာဆင္နယ္အသင္းနဲ႔ မန္ခ်က္စတာစီးတီးအသင္းတို႔ရဲ႕ ပြဲစဥ္ကို ေ႐ႊ႕ဆိုင္းထားလိုက္ပါတယ္။

ပြဲစဥ္ ေ႐ႊ႕ရတဲ့ အဓိကအေၾကာင္းအရင္းကေတာ့ အာဆင္နယ္အသင္း ကစားသမားေတြဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ အိုလံပီယာေကာစ့္ပိုင္ရွင္ ျဖစ္သူနဲ႔ ထိေတြ႕မႈရွိခဲ့လို႔ ျဖစ္ပါတယ္။

အသက္ ၅၂ ႏွစ္အ႐ြယ္ မာရင္နာကစ္စ္ဟာ အိုလံပီယာေကာစ့္အသင္းအျပင္ အဂၤလန္ကလပ္ ေနာ္တင္ဟမ္ေဖာရက္စ္အသင္းကိုလည္း ပိုင္ဆိုင္ထားၿပီး ၿပီးခဲ့တဲ့ အာဆင္နယ္နဲ႔ ယူ႐ိုပါလိဂ္ ဒုတိယအေက်ာ့ပြဲစဥ္မွာ အာဆင္နယ္ရဲ႕ အိမ္ကြင္းျဖစ္တဲ့ အမ္းမရိတ္စ္ကြင္းထဲ လာေရာက္ၾကည့္ရႈခဲ့ပါတယ္။

ဂရိသူ‌ေဌးနဲ႔ အနီးနားမွာရွိခဲ့တဲ့ အာဆင္နယ္ ကစားသမားေတြဟာ ၁၄ ရက္ၾကာ ေနအိမ္ေတြမွာပဲ ေနထိုင္ၿပီး ေရာဂါအေျခအေနကို ေစာင့္ၾကည့္ခံအျဖစ္ ေနထိုင္သြားရမွာ ျဖစ္ပါတယ္။