စပိန် လာလီဂါပွဲစဉ်များ ပရိသတ်မပါဘဲ သီတင်းနှစ်ပတ် ကစားရန် ကြေညာ

17

ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ် ပျံနှံ့နေတာကြောင့် စပိန် လာလီဂါပွဲစဉ်တွေကို အနည်းဆုံး သီတင်းနှစ်ပတ်လောက် ပရိသတ်မပါဘဲနဲ့ ကစားသွားမယ်လို့ စပိန်ဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။

ဒါကြောင့် ဘာစီလိုနာအသင်းနဲ့ နာပိုလီတို့ရဲ့ နောက်တပတ် ချန်ပီယံလိဂ်ပွဲစဉ်ကို ပရိသတ်မပါဘဲ ကွင်းပိတ် ကစားသွားမှာ ဖြစ်ပါတယ်။

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဗယ်လန်စီယာနဲ့ အတ္တလန္တပွဲစဉ်မှာလည်း ကွင်းပိတ် ကစားခဲ့ရပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်က ကွင်းပိတ်ကစားဖို့ သတ်မှတ်ထားတဲ့ သီတင်းနှစ်ပတ်ကို သက်တမ်းထပ်မတိုးဘူးဆိုရင် ပရိသတ်တွေအနေနဲ့ ဧပြီ ၄ ရက်နေ့မှာ ကွင်းထဲမှာ ပြန်လည် ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။

—————

ဥေရာပမွာ ကို႐ိုနာဗိုင္းရပ္စ္ ပ်ံႏွံ႔ေနတာေၾကာင့္ စပိန္ လာလီဂါပြဲစဥ္ေတြကို အနည္းဆုံး သီတင္းႏွစ္ပတ္ေလာက္ ပရိသတ္မပါဘဲနဲ႔ ကစားသြားမယ္လို႔ စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္က ေၾကညာလိုက္ပါတယ္။

ဒါေၾကာင့္ ဘာစီလိုနာအသင္းနဲ႔ နာပိုလီတို႔ရဲ႕ ေနာက္တပတ္ ခ်န္ပီယံလိဂ္ပြဲစဥ္ကို ပရိသတ္မပါဘဲ ကြင္းပိတ္ ကစားသြားမွာ ျဖစ္ပါတယ္။

မေန႔ညက ယွဥ္ၿပိဳင္သြားတဲ့ ဗယ္လန္စီယာနဲ႔ အတၱလႏၲပြဲစဥ္မွာလည္း ကြင္းပိတ္ ကစားခဲ့ရပါတယ္။

စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္က ကြင္းပိတ္ကစားဖို႔ သတ္မွတ္ထားတဲ့ သီတင္းႏွစ္ပတ္ကို သက္တမ္းထပ္မတိုးဘူးဆိုရင္ ပရိသတ္ေတြအေနနဲ႔ ဧၿပီ ၄ ရက္ေန႔မွာ ကြင္းထဲမွာ ျပန္လည္ ၾကည့္ရႈခြင့္ရမွာ ျဖစ္ပါတယ္။

DVB TV News