အပန်းဖြေ လေ့လာသူတွေ အသွားများနေတဲ့ ခေါ်နူးစုမ်တောင် (ဓာတ်ပုံ)

31

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ခေါ်နူးစုမ်တောင် ခေါ် ဝိတိုရိယတောင်ကို အနယ်နယ်အရပ်ရပ်မှ လာရောက် အပန်းဖြေ လေ့လာသူတွေနဲ့ စည်ကားနေပါတယ်။

နတ်မတောင်(ခေါနူးစုမ်) အမျိုးသားဥယျာဉ်ဟာ ချင်းပြည်နယ် မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက်မြို့နယ်တွေအတွင်းတည်ရှိပြီး အမြင့်ပေ ၁၀၅၀၀ ရှိကာ စုစုပေါင်းဧရိယာ အကျယ်အဝန်း ၁၇၆၃၀၀ ဧက ရှိတဲ့ မြေသားတောင်ဖြစ်ပါတယ်။

နတ်မတောင်(ခေါနူးစုမ်)တောင်ဟာ ချင်းပြည်နယ်မှာ အမြင့်ဆုံးတောင်မကြီး တခုဖြစ်ပြီး ၂၀၁၀ ဒီဇင်ဘာ ၂ ရက်မှာ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းကြောင်းကြေညာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ (၇) ခုမြောက် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ ပါတယ်။

နတ်မတောင်(ခေါနူးစုမ်)တောင်ကို ၁၉၃၆ ခုနှစ် သစ်တောနည်းဥပဒေ ၁၉ အရ မိုဃ်းကြိုးဝိုင်းအမည်ဖြင့် သဘာဝသစ်တောတွေကို ထိန်းသိမ်းထားဖို့နဲ့ ဒေသခံ ပြည်သူတွေ မိရိုးဖလာထုတ်ယူသုံးစွဲခွင့်ပြုဖို့ သတ်မှတ်ခဲ့ပြီး ၁၉၃၆ ခုနှစ် တောရိုင်း တိရစ္ဆာန်ကာကွယ်ရေးအက်ဥပဒေအရပါ သတ်မှတ်ကာကွယ်ခဲ့ပါတယ်။

DVB TV News

————–
ခ်င္းျပည္နယ္၊ ကန္ပက္လက္ၿမိဳ႕နယ္ရွိ ေခၚႏူးစုမ္ေတာင္ ေခၚ ဝိတိုရိယေတာင္ကို အနယ္နယ္အရပ္ရပ္မွ လာေရာက္ အပန္းေျဖ ေလ့လာသူေတြနဲ႔ စည္ကားေနပါတယ္။

နတ္မေတာင္(ေခါႏူးစုမ္) အမ်ိဳးသားဥယ်ာဥ္ဟာ ခ်င္းျပည္နယ္ မင္းတပ္၊ မတူပီနဲ႔ ကန္ပက္လက္ၿမိဳ႕နယ္ေတြအတြင္းတည္ရွိၿပီး အျမင့္ေပ ၁၀၅၀၀ ရွိကာ စုစုေပါင္းဧရိယာ အက်ယ္အဝန္း ၁၇၆၃၀၀ ဧက ရွိတဲ့ ေျမသားေတာင္ျဖစ္ပါတယ္။

နတ္မေတာင္(ေခါႏူးစုမ္)ေတာင္ဟာ ခ်င္းျပည္နယ္မွာ အျမင့္ဆုံးေတာင္မႀကီး တခုျဖစ္ၿပီး ၂၀၁၀ ဒီဇင္ဘာ ၂ ရက္မွာ အမ်ိဳးသားဥယ်ာဥ္အျဖစ္ သတ္မွတ္ဖြဲ႕စည္းေၾကာင္းေၾကညာခဲ့ပါတယ္။ ၂၀၁၂ ခုႏွစ္မွာ ျမန္မာႏိုင္ငံရဲ႕ (၇) ခုေျမာက္ အာဆီယံအေမြအႏွစ္ဥယ်ာဥ္အျဖစ္ သတ္မွတ္ခဲ့ ပါတယ္။

နတ္မေတာင္(ေခါႏူးစုမ္)ေတာင္ကို ၁၉၃၆ ခုႏွစ္ သစ္ေတာနည္းဥပေဒ ၁၉ အရ မိုဃ္းႀကိဳးဝိုင္းအမည္ျဖင့္ သဘာဝသစ္ေတာေတြကို ထိန္းသိမ္းထားဖို႔နဲ႔ ေဒသခံ ျပည္သူေတြ မိ႐ိုးဖလာထုတ္ယူသုံးစြဲခြင့္ျပဳဖို႔ သတ္မွတ္ခဲ့ၿပီး ၁၉၃၆ ခုႏွစ္ ေတာ႐ိုင္း တိရစာၦန္ကာကြယ္ေရးအက္ဥပေဒအရပါ သတ္မွတ္ကာကြယ္ခဲ့ပါတယ္။

DVB TV News