ဘရာဇီး တိုက်စစ်မှူးဟောင်း ရော်နယ်ဒင်ဟို ပတ်စ်ပို့အတုဖြင့် ပါရာဂွေးတွင် ဖမ်းဆီးခံရ

19

ဘရာဇီးလက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ရော်နယ်ဒင်ဟိုဟာ ပတ်စ်ပို့အတုကိုင်ဆောင်မှုနဲ့ ပါရာဂွေးနိုင်ငံမှာ မတ်လ ၆ ရက်က ဖမ်းဆီးခံခဲ့ရပါတယ်။

ပါရာဂွေးရဲတပ်ဖွဲ့ရဲ့ စုံစမ်းရေးဌာနအကြီးအကဲက ရော်နယ်ဒင်ဟိုနဲ့ သူ့အကို ရောဘတ်တိုအဆစ်တို့ကို တရားရုံးက ပြစ်ဒဏ်ချမှတ်ပြီးနောက် သူတို့တည်းခိုရာ ရှာရတန်ဟိုတယ်ကနေ ပါရာဂွေးနိုင်ငံ အဆာစီယွန်မြို့ပြင်က ရဲဌာနမှာ ချုပ်နှောင်ဖို့ ခေါ်ယူထားတယ်လို့ ပြောပါတယ်။

သူတို့နှစ်ဦးကို ရှေ့နေက အခြားပြစ်ဒဏ်ပြောင်းလဲချမှတ်ဖို့ တောင်းဆိုခဲ့ပေမဲ့ တရားသူကြီးက ပယ်ချခဲ့တာကြောင့် ချုပ်နှောင်ထားတာလို့ သိရပါတယ်။

ရိုနယ်ဒင်ဟိုနဲ့ အကိုဖြစ်သူ ရော်ဘတ်တို အဆစ်တို့ဟာ ပါရာဂွေးကို မတ်လ ၄ ရက်နေ့က ရောက်လာခဲ့ပြီး၊ သူတို့ကိုင်ထားတဲ့ပတ်စ်ပို့ဟာ အတုဖြစ်နေတာမို့ ရဲက စစ်ဆေးမေးမြန်းရာမှ အခုလို ဖမ်းဆီးခံလိုက်ရတာလို့ အေပီသတင်းက ဖော်ပြပါတယ်။

——————

ဘရာဇီးလက္ေ႐ြးစင္အသင္းရဲ႕ တိုက္စစ္မႉးေဟာင္း ေရာ္နယ္ဒင္ဟိုဟာ ပတ္စ္ပို႔အတုကိုင္ေဆာင္မႈနဲ႔ ပါရာေဂြးႏိုင္ငံမွာ မတ္လ ၆ ရက္က ဖမ္းဆီးခံခဲ့ရပါတယ္။

ပါရာေဂြးရဲတပ္ဖြဲ႕ရဲ႕ စုံစမ္းေရးဌာနအႀကီးအကဲက ေရာ္နယ္ဒင္ဟိုနဲ႔ သူ႔အကို ေရာဘတ္တိုအဆစ္တို႔ကို တရား႐ုံးက ျပစ္ဒဏ္ခ်မွတ္ၿပီးေနာက္ သူတို႔တည္းခိုရာ ရွာရတန္ဟိုတယ္ကေန ပါရာေဂြးႏိုင္ငံ အဆာစီယြန္ၿမိဳ႕ျပင္က ရဲဌာနမွာ ခ်ဳပ္ေႏွာင္ဖို႔ ေခၚယူထားတယ္လို႔ ေျပာပါတယ္။

သူတို႔ႏွစ္ဦးကို ေရွ႕ေနက အျခားျပစ္ဒဏ္ေျပာင္းလဲခ်မွတ္ဖို႔ ေတာင္းဆိုခဲ့ေပမဲ့ တရားသူႀကီးက ပယ္ခ်ခဲ့တာေၾကာင့္ ခ်ဳပ္ေႏွာင္ထားတာလို႔ သိရပါတယ္။

႐ိုနယ္ဒင္ဟိုနဲ႔ အကိုျဖစ္သူ ေရာ္ဘတ္တို အဆစ္တို႔ဟာ ပါရာေဂြးကို မတ္လ ၄ ရက္ေန႔က ေရာက္လာခဲ့ၿပီး၊ သူတို႔ကိုင္ထားတဲ့ပတ္စ္ပို႔ဟာ အတုျဖစ္ေနတာမို႔ ရဲက စစ္ေဆးေမးျမန္းရာမွ အခုလို ဖမ္းဆီးခံလိုက္ရတာလို႔ ေအပီသတင္းက ေဖာ္ျပပါတယ္။

DVB TV News