ပြန်ရုန်းထကြရန် လီဗာပူး အသင်းသားများကို နည်းပြ တိုက်တွန်း

20

ပရီးမီးယားလိဂ် ရှုံးပွဲမရှိ စံချိန်ကျိုးပျက်သွားခဲ့ပြီးနောက် ပြန်လည်ရုန်းထလာကြဖို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က အသင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။

လီဗာပူးဟာ စနေနေ့မှာ ဝက်ဖို့ဒ်အသင်းကို သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် ၄၄ ပွဲဆက် ရှုံးပွဲမရှိစံချိန်ဟာလည်း ပျက်စီးခဲ့ရပါတယ်။

ကလော့ပ်ရဲ့အသင်းသားတွေဟာ အင်္ဂါနေ့မှာ ချဲလ်ဆီးအသင်းနဲ့ အက်အေဖလား ပဉ္ဓမအဆင့် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဂျာမာန်နည်းပြကြီးကတော့ အသင်းသားတွေရဲ့ ပြန်လည်ရုန်းထလာမှုကို မြင်တွေ့ချင်နေပါတယ်။

“တခါတလေမှာ ရှုံးနိမ့်မှုသေးသေးလေးတွေက အရေးပါပါတယ်။ ဒါကို ကျနော်ကတော့ အပျက်သဘောဆောင်တဲ့ကိစ္စလို့ မမြင်ပါဘူး။ အခု ဒီကိစ္စက ပြီးဆုံးသွားပြီ။ ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့၊ ကျနော်တို့ နောက်ထပ် ပြန်လည်စတင်နိုင်ပါတယ်။ ကျနော်တို့ ကျိန်းသေပေါက် လုပ်ဆောင်သွားမှာပါ” လို့ ကလော့ပ်က ပြောပါတယ်။

လီဗာပူးအသင်းဟာ ဆောက်သမ်တန်အသင်းကို အနိုင်ရခဲ့တဲ့ ဖေဖော်ဝါရီအစပိုင်းပွဲစဉ် ပြီးဆုံးချိန်ကတည်းက ပုံစံကောင်းရဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပြီး ရှရီဘူရီ၊ နော့ဝှစ်၊ ဝက်စ်ဟမ်းအသင်းတို့ကိုလည်း ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ကာ အက်သလက်တီကိုအသင်းလည်း ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပါတယ်။

ရှုံးပွဲမရှိ စံချိန်ပျက်စီးသွားခဲ့ရပြီးနောက် အသင်းသားတွေဆီက ဘယ်လိုမျိုး တုံ့ပြန်မှုကို ရရှိမလဲ ဆိုတာကတော့ မသေချာသေးဘူးလို့ ကလော့ပ်က ပြောပါတယ်။

“နိုင်ပွဲတွေ ဆက်တိုက် ရရှိဖို့ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် သူတို့ ဘယ်လို တုံ့ပြန်မလဲ စောင့်ကြည့်ရပါမယ်။ ဘယ်လိုပုံစံမျိုးနဲ့ တုံ့ပြန်မလဲ ကျနော်လည်း မသိပါဘူး။ ဘာလို့လဲဆို ကျနော့်ဘဝမှာ ၁၈ ပွဲဆက်တိုက် မနိုင်ခဲ့ဖူးသလို၊ ၄၄ ရှုံးပွဲမရှိ ဆိုတာကိုလည်း မကြုံခဲ့ဖူးပါဘူး၊ ဒါဟာ ပထမဆုံးပါ။ ဒါ့ကြောင့် ကျနော်တို့ စောင့်ကြည့်ရတာပေါ့။”

လီဗာပူးလ်အသင်းဟာ အက်ဖ်အေဖလားကို ၇ ကြိမ် ဆွတ်ခူးထားနိုင်ပြီး နောက်ဆုံးအကြိမ်အဖြစ် ၂၀၀၅-၂၀၀၆ ရာသီမှာ ဖလားရရှိခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အက်ဖ်အေဖလားပွဲမှာ ချဲလ်ဆီးအသင်းနဲ့ တွေ့ဆုံပြီးနောက် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်၊ အဲ့ဒီနောက် အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

DVB TV News

—————

ပရီးမီးယားလိဂ္ ရႈံးပြဲမရွိ စံခ်ိန္က်ိဳးပ်က္သြားခဲ့ၿပီးေနာက္ ျပန္လည္႐ုန္းထလာၾကဖို႔ လီဗာပူးနည္းျပ ယာဂန္ကေလာ့ပ္က အသင္းသားေတြကို တိုက္တြန္းလိုက္ပါတယ္။

လီဗာပူးဟာ စေနေန႔မွာ ဝက္ဖို႔ဒ္အသင္းကို သုံးဂိုးျပတ္နဲ႔ ရႈံးနိမ့္ခဲ့ၿပီး ပရီးမီးယားလိဂ္ ၄၄ ပြဲဆက္ ရႈံးပြဲမရွိစံခ်ိန္ဟာလည္း ပ်က္စီးခဲ့ရပါတယ္။

ကေလာ့ပ္ရဲ႕အသင္းသားေတြဟာ အဂၤါေန႔မွာ ခ်ဲလ္ဆီးအသင္းနဲ႔ အက္ေအဖလား ပၪၶမအဆင့္ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ဂ်ာမာန္နည္းျပႀကီးကေတာ့ အသင္းသားေတြရဲ႕ ျပန္လည္႐ုန္းထလာမႈကို ျမင္ေတြ႕ခ်င္ေနပါတယ္။

“တခါတေလမွာ ရႈံးနိမ့္မႈေသးေသးေလးေတြက အေရးပါပါတယ္။ ဒါကို က်ေနာ္ကေတာ့ အပ်က္သေဘာေဆာင္တဲ့ကိစၥလို႔ မျမင္ပါဘူး။ အခု ဒီကိစၥက ၿပီးဆုံးသြားၿပီ။ ဘာေတြပဲ လုပ္ခဲ့လုပ္ခဲ့၊ က်ေနာ္တို႔ ေနာက္ထပ္ ျပန္လည္စတင္ႏိုင္ပါတယ္။ က်ေနာ္တို႔ က်ိန္းေသေပါက္ လုပ္ေဆာင္သြားမွာပါ” လို႔ ကေလာ့ပ္က ေျပာပါတယ္။

လီဗာပူးအသင္းဟာ ေဆာက္သမ္တန္အသင္းကို အႏိုင္ရခဲ့တဲ့ ေဖေဖာ္ဝါရီအစပိုင္းပြဲစဥ္ ၿပီးဆုံးခ်ိန္ကတည္းက ပုံစံေကာင္းရဖို႔ ႐ုန္းကန္ေနခဲ့ရတာျဖစ္ၿပီး ရွရီဘူရီ၊ ေနာ့ဝွစ္၊ ဝက္စ္ဟမ္းအသင္းတို႔ကိုလည္း က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ အႏိုင္ရရွိခဲ့ကာ အက္သလက္တီကိုအသင္းလည္း ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရႈံးထြက္ပြဲစဥ္မွာ ရႈံးနိမ့္ခဲ့ပါတယ္။

ရႈံးပြဲမရွိ စံခ်ိန္ပ်က္စီးသြားခဲ့ရၿပီးေနာက္ အသင္းသားေတြဆီက ဘယ္လိုမ်ိဳး တုံ႔ျပန္မႈကို ရရွိမလဲ ဆိုတာကေတာ့ မေသခ်ာေသးဘူးလို႔ ကေလာ့ပ္က ေျပာပါတယ္။

“ႏိုင္ပြဲေတြ ဆက္တိုက္ ရရွိဖို႔ မျဖစ္ႏိုင္ပါဘူး။ ဒါ့ေၾကာင့္ သူတို႔ ဘယ္လို တုံ႔ျပန္မလဲ ေစာင့္ၾကည့္ရပါမယ္။ ဘယ္လိုပုံစံမ်ိဳးနဲ႔ တုံ႔ျပန္မလဲ က်ေနာ္လည္း မသိပါဘူး။ ဘာလို႔လဲဆို က်ေနာ့္ဘဝမွာ ၁၈ ပြဲဆက္တိုက္ မႏိုင္ခဲ့ဖူးသလို၊ ၄၄ ရႈံးပြဲမရွိ ဆိုတာကိုလည္း မႀကဳံခဲ့ဖူးပါဘူး၊ ဒါဟာ ပထမဆုံးပါ။ ဒါ့ေၾကာင့္ က်ေနာ္တို႔ ေစာင့္ၾကည့္ရတာေပါ့။”

လီဗာပူးလ္အသင္းဟာ အက္ဖ္ေအဖလားကို ၇ ႀကိမ္ ဆြတ္ခူးထားႏိုင္ၿပီး ေနာက္ဆုံးအႀကိမ္အျဖစ္ ၂၀၀၅-၂၀၀၆ ရာသီမွာ ဖလားရရွိခဲ့ပါတယ္။

လီဗာပူးအသင္းဟာ အက္ဖ္ေအဖလားပြဲမွာ ခ်ဲလ္ဆီးအသင္းနဲ႔ ေတြ႕ဆုံၿပီးေနာက္ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ဘုန္းေမာက္၊ အဲ့ဒီေနာက္ အက္သလက္တီကိုအသင္းနဲ႔ ခ်န္ပီယံလိဂ္ ဒုတိယအေက်ာ့ကို ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။

DVB TV News

—————