ကိုရိုနာဗိုင်းရပ်စ် အခြေအနေ တောင်ကိုရီးယားရောက် မြန်မာကျောင်းသူနှင့် မေးမြန်းချက်

150

တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်မှုနှုန်းဟာ တိုးလာနေပြီး အခုဆိုရင် သေဆုံးသူ ၇ ဦးနဲ့ ကူးစက်သူ ၇၀၀ ကျော်သွားပြီဖြစ်သလို နိုင်ငံမှာ ရောဂါအခြေအနေကို အမြင့်ဆုံး တပ်လှန့်နှိုးဆော်ထားပါတယ်။

ရောဂါကူးစက်မှုအများဆုံးက ကိုရီယားနိုင်ငံတောင်ပိုင်း ဒယ်ဂူးမြို့မှာ ဖြစ်ပါတယ်။ အဲဒီမြို့မှာ မြန်မာကျောင်းသားတွေနဲ့ အလုပ်သမားတွေ သောင်းနဲ့ချီ ရှိနေတဲ့တွက် ဒယ်ဂူးမြို့ရဲ့ အခြေအနေကို သိရဖို့ အဲဒီမှာ ကျောင်းတက်နေတဲ့ မလှယမင်းအိမ်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ဟုတ်ကဲ့ ညီမရေ၊ အဲဒီမှာ ရောဂါကူးစက်မှု အခြေအနေက ဘယ်လို ရှိနေပါလဲ။

ဖြေ – “တရက်ကို အယောက် ၁၀၀ ကျော်နှုန်းလောက် ပျံ့နှံ့ကူးစက်နေတယ်။ မနေ့ကအထိ ၆၀၂ ယောက်ပဲ ရှိသေးတာ။ ဒီနေ့မှာ ၇၆၃ ယောက် ဖြစ်သွားပြီ။ မနေ့ကညအထိ သေဆုံးတာ ၆ ယောက်၊ ဒီနေ့ တယောက် ထပ်တိုးတာ ၇ ယောက် ဖြစ်သွားပြီ။ အခုအချိန် ဆေးရုံဆင်းနိုင်သူက ၁၈ ယောက်ပဲ ရှိသေးတယ်။ သံသယရှိလူနာက ၇၀၀ ကျော်သွားပြီ။ ရှီချွင်းဂျီဘုရားကျောင်းကို လာတက်သွားတဲ့သူက အယောက် ၁၀၀၀၀ ကျော်လောက် ရှိတယ်ဆိုတော့ အဲဒီကနေတဆင့် အများကို ပျံ့နှံ့သွားတာပေါ့။ တနေ့ကို ၁၀၀ ကျော်လောက် ကူးစက်သွားတာဆိုတော့ ဆေးမတွေ့မချင်း စိုးရိမ်စရာအခြေအနေ ရောက်နေတာပေါ့။”

မေး – လတ်တလော မြို့ရဲ့ အခြေအနေနဲ့ လူတွေရဲ့ စိုးရိမ်မှုတွေက ဘယ်လိုရှိလဲ။

ဖြေ – “မနေ့ကအထိ လမ်းမပေါ်မှာ ကားရှိသေးတယ်။ ဒီနေ့အခြေအနေက လမ်းမပေါ် ကားတောင် မရှိတော့ဘူး။ ညီမကိုယ်တိုင် Mask ထွက်ဝယ်တာ။ ဘယ်မှာမှ ဝယ်လို့မရတော့ဘူး။ ဆိုင်တိုင်းမှာလည်း မရှိတော့ဘူး။ မြို့အစွန်ထိ သွားတာ။ ချောင်ကြိုချောင်ကြားက ဆိုင်တွေအထိ လိုက်ရှာဝယ်တာ Mask က လုံးဝမရှိတော့ဘူး။ မနေ့က အပြင်ကို တချက်ထွက်ကြည့်တော့ လမ်းမပေါ်မှာ လူက လုံးဝမရှိတော့ဘူး။ အရမ်းကို ခြောက်ကပ်နေပြီ။ စည်ကားတဲ့ မြို့လယ်ကောင်ကြီးတွေမှာတောင် လူက လုံးဝမရှိတော့ဘူး။ ကားတွေတော့ နည်းနည်းသွားလာနေတာ ရှိသေးတယ်။ အခု ဒီနေ့မှာတော့ လမ်းမပေါ် ကားတောင် မရှိတော့ဘူး။ လူလည်း မရှိတော့ဘူး၊ ကားလည်း မရှိတော့ဘူး။ အဲလိုအခြေအနေ အထိ ဖြစ်နေတယ်။ အစိုးရကိုယ်တိုင်ကလည်း ဒယ်ဂူးမှာနေတဲ့ ပြည်သူတွေကို နှစ်ပတ်လောက် အပြင်ကို လုံးဝမထွက်ဘဲ အိမ်ထဲမှာပဲ နေပေးဖို့ မနေ့က ညက အစိုးရက သတင်းကနေ တောင်းပန်လိုက်တယ်။ သတိပေးလိုက်တယ်။ လူတွေရော ကားတွေရော အပြင်ကို လုံးဝ မထွက်ကြဘူး။ အကုန်လုံး အိမ်ထဲမှာပဲ နေနေကြတယ်။

“အခုအချိန်အထိ Mart ဈေးဆိုင်တွေက ဖွင့်နေပါသေးတယ်။ သတင်းစစတက်ချင်း ဒယ်ဂူးမှာ အရမ်းပျံ့နှံ့နေပြီ အဲလိုမျိုးဆိုတုန်းကတော့ တော်တော်ကြီး ဂယက်ရိုက်သွားတယ်၊ ကိုရီးယားပြည်သူတွေ ၊ အထူးဖြင့် ကိုရီးယားနို်ငငံသားတွေက Mart တွေမှာ အလုအယက် အပြေးအလွှားဝယ်နေကြတဲ့ပုံတွေက ဆိုရှယ်မီဒီယာမှာ တော်တော်ကြီးကို ပျံ့နှံ့လာတယ်ပေါ့နော် ။ အဲဒါစစချင်းတုန်းကတော့ တော်တော် ဂယက်ရိုက်သွားတယ်။ အခုကတော့ Mart တွေက အခုအချိန်အထိ ဖွင့်နေသေးတယ်ဆိုတော့ အခုတော့ နည်းနည်းပြန်ငြိမ်သွားတာပေါ့။ အခုအချိန်အထိ Mart တွေလည်း ဖွင့်နေသေးတယ်။ စားနပ်ရိက္ခာပြတ်လတ်မှုလည်း မရှိပါဘူး။ စားသောက်ဆိုင်တချို့တဝက်ပိတ်ကုန်တာက လွဲရင် အရမ်းအခြေအနေ မဆိုးသေးပါဘူး။ အွန်လိုင်းကနေလည်း မှာလို့ရပါသေးတယ်။ အခုအချိန်အထိတော့ အကုန်လုံး အဆင်ပြေနေပါသေးတယ်။”

မေး – ဒယ်ဂူးမြို့မှာ မြန်မာတွေက သောင်းနဲ့ချီရှိနေပြီး နိုင်ငံခြားသားတွေလည်း ရှိနေတော့ ကိုရိးယားအစိုးရ ဆောင်ရွက်ချက်နဲ့ မြန်မာသံရုံးဘက်က ဆောင်ရွက်ချက်တွေကော ဘယ်လို ရှိနေလဲ။

ဖြေ – “ကိုရီးယားမှာက မြန်မာလုပ်သား သုံးသောင်းခွဲကျော် ရှိတယ်။ မြန်မာလုပ်သားတွေလည်း တော်တော်စိုးရိမ်နေကြတယ်။ မြန်မာလုပ်သားတွေရော၊ ကိုရီးယားမှာ ကျောင်းလာတက်နေတဲ့လူတွေကရော အဓိက စိုးရိမ်နေတာက ကိုရီးယားမှာ အရမ်းအခြေအနေဆိုးလာရင် ကိုယ့်မြန်မာနိုင်ငံကို ပြန်လို့ရပါ့မလားပေါ့။ မြန်မာနိုင်ငံကရော လက်ခံပါ့မလားပေါ့။ တရုတ်ပြည် ဝူဟန်မှာ ပိတ်မိနေတုန်းက မြန်မာကျောင်းသား ၁၁ ယောက်ပဲ ရှိတာ။ ကိုရီးယားမှာက မြန်မာက သုံးသောင်းခွဲကျော် လေးသောင်းလောက်ဆိုတော့။ အစိုးရက အခု အိုဗာစတေးတွေကို pass ပေးထားတာပေါ့။ ကိုယ်က အိုဗာစတေး ဖြစ်နေလို့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ရောဂါကူးစက်တယ်လို့ ကိုယ့်ကိုယ်ကိုယ် သံသယရှိရင်တောင် အိုင်ဒီကတ် စစ်မှာစိုးလို့ မသွားရဲတာမျိုး မဖြစ်အောင် ရောဂါကူးစက်မှု ပျံ့နှံနှုန်း ပိုများသွားမှာစိုးလို့ အစိုးရက pass ပေးထားတာဆိုတော့၊ ကိုယ့်အတွက် သူများ မထိခိုက်အောင် ကိုယ့်ကိုယ်ကိုယ် ရောဂါရှိတယ်လို့ သံသယဝင်တယ်ဆိုရင် မကြောက်ဘဲနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနကို သွားပြီး စစ်ဆေးမှု ခံယူပါ၊ ကျန်းမာရေးစောင့်ရှောက်မှု ခံယူပါလို့ ပြောချင်ပါတယ်။”

မေး- ကိုရီးယားအစိုးရရော ဘာတွေ ဆောင်ရွက်ပေးနေပါသလဲ။

“ကိုရီးယားအစိုးရဘက်ကတော့ မြန်မာရယ်လို့ မဟုတ်ဘဲ နိုင်ငံခြားသားတွေ အားလုံးအတွက် စီစဉ်ပေးနေတာ။ ဒီမှာ အိုဗာစတေး နေတဲ့သူတွေလည်း ရှိတော့ ဆေးရုံ၊ ဆေးခန်းသွားမယ်ဆိုရင် အိုင်ဒီကတ်ပြမှ ပြလို့ရတာပေါ့။ အခုကျတော့ အိုင်ဒီကတ် မပါလည်း လာပါ၊ ရောဂါကူးစက်ခံရတယ်လို့ ကိုယ့်ကိုယ်ကိုယ် သံသယရှိတယ် ဆိုရင်လာပါ။ သူတို့ဆေးရုံတွေ၊ ဆေးခန်းတွေ၊ သတ်မှတ်ထားတဲ့‌ နေရာတွေကို လာပေးပါ၊ အခမဲ့ ကုသပေးတယ်၊ အခမဲ့ စစ်ဆေးပေးပါတယ်။ အဓိကတော့ ဗီဇာသက်တမ်းတိုး လုပ်ရမယ့်သူတွေ၊ ဗီဇာသက်တမ်း ကုန်သွားတဲ့သူတွေလည်း ရတယ်။ ဗီဇာသက်တမ်းတိုး မလာနိုင်ဘူးဆိုလည်း အဆင်ပြေတယ်၊ အိမ်မှာပဲနေပါပေါ့။ အခု ဗီဇာသက်တမ်းကုန်တဲ့လူတိုင်းကို ၁၅ ရက် အခမဲ့ တိုးပေးထားတယ်။”

“ဒီထက်အခြေအနေ ဆိုးလာရင်တော့ သူတို့ ဗီဇာသက်တမ်းကို ထပ်တိုးပေးဖို့ ရှိတယ်။ Immigration မှာ ဗီဇာသက်တမ်းတိုးဖို့ လာရင် လူတွေက အရမ်းများမှာဆိုတော့လေ။ အခု ၂ လပိုင်းအကုန်က တော်တော်များများ ဗီဇာသက်တမ်းကုန်တယ်။ ကိုရီးယားအစိုးရက ဗီဇာ ၆ လ တခါ တိုးပေးတဲ့စနစ်က များတယ်။ ၂ လပိုင်းအကုန်က ဗီဇာသက်တမ်းတိုးရမယ့်လူတွေ များတယ်။ သူတို့က လူအများမခံတော့ဘူး။ ဗီဇာသက်တမ်း လာမတိုးနဲ့၊ ၁၅ ရက် ဗီဇာသက်တမ်း တိုးပေးထားတယ်ပေါ့။ ကူးစက်လူနာ ကြားတဲ့နေရာတိုင်းမှာ သူတို့ ဆေးတွေ ဖြန်းတယ်။ သူတို့ဘက်က စိတ်ချရအောင်ပေါ့။ ဖုန်းဆက်လိုက်ရင် အရေးပေါ်ကား ချက်ချင်း လာတယ်။ သူတို့ဘက်ကတော့ ၂၄ နာရီ မျက်ခြည်မပြတ် အဆင်ပြေအောင် အကုန်လုပ်ပေးနေတယ်။”

မေး- ကိုရီးယားယောက် မြန်မာတွေအတွက် အကြံပြုချက်

“အခြေအနေက ဘာမှန်းမသိရသေးဘူး။ တရက်ကို ၁၀၀ ကျော်နှုန်းကြီး ကူးစက်နေတာဆိုတော့။ အစိုးရ ဘာလုပ်မလဲဆိုတာ မသိဘူးပေါ့နော် ၊ ဥပမာ အပြင်မထွက်ရ အမိန့်တို့ အကုန်လုံး ပိတ်မယ်တို့လို အမိန့်မျိုးတွေ ချလာခဲ့သည်ရှိသော် ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးဆိုတော့ အခုဖွင့်တုန်းမှာတော့ စားသောက်ကုန်တွေ၊ ဆန်တွေ၊ ဆီတွေ ကြိုဝယ်ထားတာတော့ အကောင်းဆုံးပေါ့။ ကြိုတင်ပြင်ဆင်ခြင်းက အကောင်းဆုံးပဲ ဆိုတော့လေ။ အခြေအနေက ဘယ်လို ဖြစ်လာမယ်မှန်း မသိဘူးဆိုတော့ ဖွင့်တုန်းမှာ Delivery မှာမယ်ဆိုလည်း ကြိုတင်မှာထားတာ၊ ဆိုင်တွေ ဖွင့်ထားတုန်း ဝယ်ထားတာ အကောင်းဆုံးပါ။ ဘာလို့လဲဆိုတော့ အခု အခြေအနေက အရမ်းအကောင်းဘက်လည်း မဟုတ်သလို အရမ်းအဆိုးဘက်လည်း မဟုတ်သေးဘူး ဆိုပေမယ့် ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးဆိုတော့ ကြိုတင်ပြီး စားနပ်ရိက္ခာ စုဆောင်းထားတာ အကောင်းဆုံးပါလို့ အကြံပေးချင်ပါတယ်”

DVB TV News

—————-

ေတာင္ကိုရီးယားႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ (COVID-19) ကူးစက္မႈႏႈန္းဟာ တိုးလာေနၿပီး အခုဆိုရင္ ေသဆုံးသူ ၇ ဦးနဲ႔ ကူးစက္သူ ၇၀၀ ေက်ာ္သြားၿပီျဖစ္သလို ႏိုင္ငံမွာ ေရာဂါအေျခအေနကို အျမင့္ဆုံး တပ္လွန႔္ႏႈိးေဆာ္ထားပါတယ္။

ေရာဂါကူးစက္မႈအမ်ားဆုံးက ကိုရီယားႏိုင္ငံေတာင္ပိုင္း ဒယ္ဂူးၿမိဳ႕မွာ ျဖစ္ပါတယ္။ အဲဒီၿမိဳ႕မွာ ျမန္မာေက်ာင္းသားေတြနဲ႔ အလုပ္သမားေတြ ေသာင္းနဲ႔ခ်ီ ရွိေနတဲ့တြက္ ဒယ္ဂူးၿမိဳ႕ရဲ႕ အေျခအေနကို သိရဖို႔ အဲဒီမွာ ေက်ာင္းတက္ေနတဲ့ မလွယမင္းအိမ္ကို ဒီဗြီဘီက ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး – ဟုတ္ကဲ့ ညီမေရ၊ အဲဒီမွာ ေရာဂါကူးစက္မႈ အေျခအေနက ဘယ္လို ရွိေနပါလဲ။

ေျဖ – “တရက္ကို အေယာက္ ၁၀၀ ေက်ာ္ႏႈန္းေလာက္ ပ်ံ႕ႏွံ႔ကူးစက္ေနတယ္။ မေန႔ကအထိ ၆၀၂ ေယာက္ပဲ ရွိေသးတာ။ ဒီေန႔မွာ ၇၆၃ ေယာက္ ျဖစ္သြားၿပီ။ မေန႔ကညအထိ ေသဆုံးတာ ၆ ေယာက္၊ ဒီေန႔ တေယာက္ ထပ္တိုးတာ ၇ ေယာက္ ျဖစ္သြားၿပီ။ အခုအခ်ိန္ ေဆး႐ုံဆင္းႏိုင္သူက ၁၈ ေယာက္ပဲ ရွိေသးတယ္။ သံသယရွိလူနာက ၇၀၀ ေက်ာ္သြားၿပီ။ ရွီခြၽင္းဂ်ီဘုရားေက်ာင္းကို လာတက္သြားတဲ့သူက အေယာက္ ၁၀၀၀၀ ေက်ာ္ေလာက္ ရွိတယ္ဆိုေတာ့ အဲဒီကေနတဆင့္ အမ်ားကို ပ်ံ႕ႏွံ႔သြားတာေပါ့။ တေန႔ကို ၁၀၀ ေက်ာ္ေလာက္ ကူးစက္သြားတာဆိုေတာ့ ေဆးမေတြ႕မခ်င္း စိုးရိမ္စရာအေျခအေန ေရာက္ေနတာေပါ့။”

ေမး – လတ္တေလာ ၿမိဳ႕ရဲ႕ အေျခအေနနဲ႔ လူေတြရဲ႕ စိုးရိမ္မႈေတြက ဘယ္လိုရွိလဲ။

ေျဖ – “မေန႔ကအထိ လမ္းမေပၚမွာ ကားရွိေသးတယ္။ ဒီေန႔အေျခအေနက လမ္းမေပၚ ကားေတာင္ မရွိေတာ့ဘူး။ ညီမကိုယ္တိုင္ Mask ထြက္ဝယ္တာ။ ဘယ္မွာမွ ဝယ္လို႔မရေတာ့ဘူး။ ဆိုင္တိုင္းမွာလည္း မရွိေတာ့ဘူး။ ၿမိဳ႕အစြန္ထိ သြားတာ။ ေခ်ာင္ႀကိဳေခ်ာင္ၾကားက ဆိုင္ေတြအထိ လိုက္ရွာဝယ္တာ Mask က လုံးဝမရွိေတာ့ဘူး။ မေန႔က အျပင္ကို တခ်က္ထြက္ၾကည့္ေတာ့ လမ္းမေပၚမွာ လူက လုံးဝမရွိေတာ့ဘူး။ အရမ္းကို ေျခာက္ကပ္ေနၿပီ။ စည္ကားတဲ့ ၿမိဳ႕လယ္ေကာင္ႀကီးေတြမွာေတာင္ လူက လုံးဝမရွိေတာ့ဘူး။ ကားေတြေတာ့ နည္းနည္းသြားလာေနတာ ရွိေသးတယ္။ အခု ဒီေန႔မွာေတာ့ လမ္းမေပၚ ကားေတာင္ မရွိေတာ့ဘူး။ လူလည္း မရွိေတာ့ဘူး၊ ကားလည္း မရွိေတာ့ဘူး။ အဲလိုအေျခအေန အထိ ျဖစ္ေနတယ္။ အစိုးရကိုယ္တိုင္ကလည္း ဒယ္ဂူးမွာေနတဲ့ ျပည္သူေတြကို ႏွစ္ပတ္ေလာက္ အျပင္ကို လုံးဝမထြက္ဘဲ အိမ္ထဲမွာပဲ ေနေပးဖို႔ မေန႔က ညက အစိုးရက သတင္းကေန ေတာင္းပန္လိုက္တယ္။ သတိေပးလိုက္တယ္။ လူေတြေရာ ကားေတြေရာ အျပင္ကို လုံးဝ မထြက္ၾကဘူး။ အကုန္လုံး အိမ္ထဲမွာပဲ ေနေနၾကတယ္။

“အခုအခ်ိန္အထိ Mart ေဈးဆိုင္ေတြက ဖြင့္ေနပါေသးတယ္။ သတင္းစစတက္ခ်င္း ဒယ္ဂူးမွာ အရမ္းပ်ံ႕ႏွံ႔ေနၿပီ အဲလိုမ်ိဳးဆိုတုန္းကေတာ့ ေတာ္ေတာ္ႀကီး ဂယက္႐ိုက္သြားတယ္၊ ကိုရီးယားျပည္သူေတြ ၊ အထူးျဖင့္ ကိုရီးယားႏို္ငငံသားေတြက Mart ေတြမွာ အလုအယက္ အေျပးအလႊားဝယ္ေနၾကတဲ့ပုံေတြက ဆိုရွယ္မီဒီယာမွာ ေတာ္ေတာ္ႀကီးကို ပ်ံ႕ႏွံ႔လာတယ္ေပါ့ေနာ္ ။ အဲဒါစစခ်င္းတုန္းကေတာ့ ေတာ္ေတာ္ ဂယက္႐ိုက္သြားတယ္။ အခုကေတာ့ Mart ေတြက အခုအခ်ိန္အထိ ဖြင့္ေနေသးတယ္ဆိုေတာ့ အခုေတာ့ နည္းနည္းျပန္ၿငိမ္သြားတာေပါ့။ အခုအခ်ိန္အထိ Mart ေတြလည္း ဖြင့္ေနေသးတယ္။ စားနပ္ရိကၡာျပတ္လတ္မႈလည္း မရွိပါဘူး။ စားေသာက္ဆိုင္တခ်ိဳ႕တဝက္ပိတ္ကုန္တာက လြဲရင္ အရမ္းအေျခအေန မဆိုးေသးပါဘူး။ အြန္လိုင္းကေနလည္း မွာလို႔ရပါေသးတယ္။ အခုအခ်ိန္အထိေတာ့ အကုန္လုံး အဆင္ေျပေနပါေသးတယ္။”

ေမး – ဒယ္ဂူးၿမိဳ႕မွာ ျမန္မာေတြက ေသာင္းနဲ႔ခ်ီရွိေနၿပီး ႏိုင္ငံျခားသားေတြလည္း ရွိေနေတာ့ ကိုရိးယားအစိုးရ ေဆာင္႐ြက္ခ်က္နဲ႔ ျမန္မာသံ႐ုံးဘက္က ေဆာင္႐ြက္ခ်က္ေတြေကာ ဘယ္လို ရွိေနလဲ။

ေျဖ – “ကိုရီးယားမွာက ျမန္မာလုပ္သား သုံးေသာင္းခြဲေက်ာ္ ရွိတယ္။ ျမန္မာလုပ္သားေတြလည္း ေတာ္ေတာ္စိုးရိမ္ေနၾကတယ္။ ျမန္မာလုပ္သားေတြေရာ၊ ကိုရီးယားမွာ ေက်ာင္းလာတက္ေနတဲ့လူေတြကေရာ အဓိက စိုးရိမ္ေနတာက ကိုရီးယားမွာ အရမ္းအေျခအေနဆိုးလာရင္ ကိုယ့္ျမန္မာႏိုင္ငံကို ျပန္လို႔ရပါ့မလားေပါ့။ ျမန္မာႏိုင္ငံကေရာ လက္ခံပါ့မလားေပါ့။ တ႐ုတ္ျပည္ ဝူဟန္မွာ ပိတ္မိေနတုန္းက ျမန္မာေက်ာင္းသား ၁၁ ေယာက္ပဲ ရွိတာ။ ကိုရီးယားမွာက ျမန္မာက သုံးေသာင္းခြဲေက်ာ္ ေလးေသာင္းေလာက္ဆိုေတာ့။ အစိုးရက အခု အိုဗာစေတးေတြကို pass ေပးထားတာေပါ့။ ကိုယ္က အိုဗာစေတး ျဖစ္ေနလို႔ က်န္းမာေရးနဲ႔ပတ္သက္ၿပီး ေရာဂါကူးစက္တယ္လို႔ ကိုယ့္ကိုယ္ကိုယ္ သံသယရွိရင္ေတာင္ အိုင္ဒီကတ္ စစ္မွာစိုးလို႔ မသြားရဲတာမ်ိဳး မျဖစ္ေအာင္ ေရာဂါကူးစက္မႈ ပ်ံ႕ႏွံႏႈန္း ပိုမ်ားသြားမွာစိုးလို႔ အစိုးရက pass ေပးထားတာဆိုေတာ့၊ ကိုယ့္အတြက္ သူမ်ား မထိခိုက္ေအာင္ ကိုယ့္ကိုယ္ကိုယ္ ေရာဂါရွိတယ္လို႔ သံသယဝင္တယ္ဆိုရင္ မေၾကာက္ဘဲနဲ႔ နီးစပ္ရာ က်န္းမာေရးဌာနကို သြားၿပီး စစ္ေဆးမႈ ခံယူပါ၊ က်န္းမာေရးေစာင့္ေရွာက္မႈ ခံယူပါလို႔ ေျပာခ်င္ပါတယ္။”

ေမး- ကိုရီးယားအစိုးရေရာ ဘာေတြ ေဆာင္႐ြက္ေပးေနပါသလဲ။

“ကိုရီးယားအစိုးရဘက္ကေတာ့ ျမန္မာရယ္လို႔ မဟုတ္ဘဲ ႏိုင္ငံျခားသားေတြ အားလုံးအတြက္ စီစဥ္ေပးေနတာ။ ဒီမွာ အိုဗာစေတး ေနတဲ့သူေတြလည္း ရွိေတာ့ ေဆး႐ုံ၊ ေဆးခန္းသြားမယ္ဆိုရင္ အိုင္ဒီကတ္ျပမွ ျပလို႔ရတာေပါ့။ အခုက်ေတာ့ အိုင္ဒီကတ္ မပါလည္း လာပါ၊ ေရာဂါကူးစက္ခံရတယ္လို႔ ကိုယ့္ကိုယ္ကိုယ္ သံသယရွိတယ္ ဆိုရင္လာပါ။ သူတို႔ေဆး႐ုံေတြ၊ ေဆးခန္းေတြ၊ သတ္မွတ္ထားတဲ့‌ ေနရာေတြကို လာေပးပါ၊ အခမဲ့ ကုသေပးတယ္၊ အခမဲ့ စစ္ေဆးေပးပါတယ္။ အဓိကေတာ့ ဗီဇာသက္တမ္းတိုး လုပ္ရမယ့္သူေတြ၊ ဗီဇာသက္တမ္း ကုန္သြားတဲ့သူေတြလည္း ရတယ္။ ဗီဇာသက္တမ္းတိုး မလာႏိုင္ဘူးဆိုလည္း အဆင္ေျပတယ္၊ အိမ္မွာပဲေနပါေပါ့။ အခု ဗီဇာသက္တမ္းကုန္တဲ့လူတိုင္းကို ၁၅ ရက္ အခမဲ့ တိုးေပးထားတယ္။”

“ဒီထက္အေျခအေန ဆိုးလာရင္ေတာ့ သူတို႔ ဗီဇာသက္တမ္းကို ထပ္တိုးေပးဖို႔ ရွိတယ္။ Immigration မွာ ဗီဇာသက္တမ္းတိုးဖို႔ လာရင္ လူေတြက အရမ္းမ်ားမွာဆိုေတာ့ေလ။ အခု ၂ လပိုင္းအကုန္က ေတာ္ေတာ္မ်ားမ်ား ဗီဇာသက္တမ္းကုန္တယ္။ ကိုရီးယားအစိုးရက ဗီဇာ ၆ လ တခါ တိုးေပးတဲ့စနစ္က မ်ားတယ္။ ၂ လပိုင္းအကုန္က ဗီဇာသက္တမ္းတိုးရမယ့္လူေတြ မ်ားတယ္။ သူတို႔က လူအမ်ားမခံေတာ့ဘူး။ ဗီဇာသက္တမ္း လာမတိုးနဲ႔၊ ၁၅ ရက္ ဗီဇာသက္တမ္း တိုးေပးထားတယ္ေပါ့။ ကူးစက္လူနာ ၾကားတဲ့ေနရာတိုင္းမွာ သူတို႔ ေဆးေတြ ျဖန္းတယ္။ သူတို႔ဘက္က စိတ္ခ်ရေအာင္ေပါ့။ ဖုန္းဆက္လိုက္ရင္ အေရးေပၚကား ခ်က္ခ်င္း လာတယ္။ သူတို႔ဘက္ကေတာ့ ၂၄ နာရီ မ်က္ျခည္မျပတ္ အဆင္ေျပေအာင္ အကုန္လုပ္ေပးေနတယ္။”

ေမး- ကိုရီးယားေယာက္ ျမန္မာေတြအတြက္ အႀကံျပဳခ်က္

“အေျခအေနက ဘာမွန္းမသိရေသးဘူး။ တရက္ကို ၁၀၀ ေက်ာ္ႏႈန္းႀကီး ကူးစက္ေနတာဆိုေတာ့။ အစိုးရ ဘာလုပ္မလဲဆိုတာ မသိဘူးေပါ့ေနာ္ ၊ ဥပမာ အျပင္မထြက္ရ အမိန႔္တို႔ အကုန္လုံး ပိတ္မယ္တို႔လို အမိန႔္မ်ိဳးေတြ ခ်လာခဲ့သည္ရွိေသာ္ ႀကိဳတင္ျပင္ဆင္ထားတာ အေကာင္းဆုံးဆိုေတာ့ အခုဖြင့္တုန္းမွာေတာ့ စားေသာက္ကုန္ေတြ၊ ဆန္ေတြ၊ ဆီေတြ ႀကိဳဝယ္ထားတာေတာ့ အေကာင္းဆုံးေပါ့။ ႀကိဳတင္ျပင္ဆင္ျခင္းက အေကာင္းဆုံးပဲ ဆိုေတာ့ေလ။ အေျခအေနက ဘယ္လို ျဖစ္လာမယ္မွန္း မသိဘူးဆိုေတာ့ ဖြင့္တုန္းမွာ Delivery မွာမယ္ဆိုလည္း ႀကိဳတင္မွာထားတာ၊ ဆိုင္ေတြ ဖြင့္ထားတုန္း ဝယ္ထားတာ အေကာင္းဆုံးပါ။ ဘာလို႔လဲဆိုေတာ့ အခု အေျခအေနက အရမ္းအေကာင္းဘက္လည္း မဟုတ္သလို အရမ္းအဆိုးဘက္လည္း မဟုတ္ေသးဘူး ဆိုေပမယ့္ ႀကိဳတင္ျပင္ဆင္ထားတာ အေကာင္းဆုံးဆိုေတာ့ ႀကိဳတင္ၿပီး စားနပ္ရိကၡာ စုေဆာင္းထားတာ အေကာင္းဆုံးပါလို႔ အႀကံေပးခ်င္ပါတယ္”

DVB TV News

—————–