Covid-19 ကူးစက်ခံလူနာများကို HIV ဆေး စမ်းသပ်ထိုးပေးရန် ဂျပန်အစိုးရ စီစဉ်

39

Covid-19 ကူးစက်ခံလူနာတွေကို HIV ဆေးတွေ စမ်းသပ်ထိုးပေးဖို့ စီစဉ်ထားတယ်လို့ ဂျပန်အစိုးရက ဖေဖော်ဝါရီလ ၁၈ ရက်မှာ ကြေညာလိုက်ပါတယ်။

ဂျပန်နိုင်ငံမှာ Covid-19 ကူးစက်ခံလူနာတွေ တိုးလာတာက နိုင်ငံ့စီးပွားရေးနဲ့ ပြည်သူ့ကျန်းမာရေးအပေါ်မှာ ခြိမ်းခြောက်မှု တိုးလာနေပါတယ်။

ဂျပန်အစိုးရ ထိပ်တန်းပြောခွင့်ရပုဂ္ဂိုလ် ယိုရှီဟီဒါဆူဂါက HIV ဆေး အသုံးပြု ဆေးခန်း စမ်းသပ်ချက်တွေ မြန်မြန်စတင်နိုင်စေဖို့ လောလောဆယ် ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဆေးဝါးသစ်ခွင့်ပြုချက်ရဖို့ ဘယ်လောက်ကြာမလဲဆိုတဲ့ မေးခွန်းကိုတော့ ဆူဂါက မဖြေခဲ့ပါဘူး။

ဂျပန်ဆိပ်ကမ်းမှာ ရပ်ထားတဲ့ Diamond Princess အပျော်စီးသင်္ဘောပေါ်က အမေရိကန် နိုင်ငံသား ၃၀၀ ကျော်ကို အမေရိကန်အစိုးရက စင်းလုံးငှား လေယာဉ်နှစ်စင်းနဲ့ ခေါ်ဆောင်ပြီး ဖေဖော်ဝါရီလ ၁၇ ရက်မှာတော့ သူတို့ဟာ မိခင်နိုင်ငံကို ပြန်ရောက်ပါတယ်။

စုစုပေါင်း လူ ၃၇၀၀ လိုက်ပါလာတဲ့ အဲဒီသင်္ဘောပေါ်မှာ Covid-19 ကူးစက်ခံ လူနာအရေအတွက် ၄၅၄ ယောက်ထိ ရှိလာတယ်လို့ ဂျပန်ကျန်းမာရေး အာဏာပိုင်တွေက အတည်ပြုထားပါတယ်။

ဒါ့အပြင် ကနေဒါ၊ သြစတြေးလျ၊ အီတလီနဲ့ တောင်ကိုရီးယား အစိုးရတွေဟာလည်း သင်္ဘောပေါ်က သူတို့ နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ စီစဉ်နေတယ်ဆိုပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။

DVB TV News

———-

Covid-19 ကူးစက္ခံလူနာေတြကို HIV ေဆးေတြ စမ္းသပ္ထိုးေပးဖို႔ စီစဥ္ထားတယ္လို႔ ဂ်ပန္အစိုးရက ေဖေဖာ္ဝါရီလ ၁၈ ရက္မွာ ေၾကညာလိုက္ပါတယ္။

ဂ်ပန္ႏိုင္ငံမွာ Covid-19 ကူးစက္ခံလူနာေတြ တိုးလာတာက ႏိုင္ငံ့စီးပြားေရးနဲ႔ ျပည္သူ႔က်န္းမာေရးအေပၚမွာ ၿခိမ္းေျခာက္မႈ တိုးလာေနပါတယ္။

ဂ်ပန္အစိုးရ ထိပ္တန္းေျပာခြင့္ရပုဂၢိဳလ္ ယိုရွီဟီဒါဆူဂါက HIV ေဆး အသုံးျပဳ ေဆးခန္း စမ္းသပ္ခ်က္ေတြ ျမန္ျမန္စတင္ႏိုင္ေစဖို႔ ေလာေလာဆယ္ ျပင္ဆင္ေဆာင္႐ြက္ေနတယ္လို႔ ေျပာပါတယ္။

ေဆးဝါးသစ္ခြင့္ျပဳခ်က္ရဖို႔ ဘယ္ေလာက္ၾကာမလဲဆိုတဲ့ ေမးခြန္းကိုေတာ့ ဆူဂါက မေျဖခဲ့ပါဘူး။

ဂ်ပန္ဆိပ္ကမ္းမွာ ရပ္ထားတဲ့ Diamond Princess အေပ်ာ္စီးသေဘၤာေပၚက အေမရိကန္ ႏိုင္ငံသား ၃၀၀ ေက်ာ္ကို အေမရိကန္အစိုးရက စင္းလုံးငွား ေလယာဥ္ႏွစ္စင္းနဲ႔ ေခၚေဆာင္ၿပီး ေဖေဖာ္ဝါရီလ ၁၇ ရက္မွာေတာ့ သူတို႔ဟာ မိခင္ႏိုင္ငံကို ျပန္ေရာက္ပါတယ္။

စုစုေပါင္း လူ ၃၇၀၀ လိုက္ပါလာတဲ့ အဲဒီသေဘၤာေပၚမွာ Covid-19 ကူးစက္ခံ လူနာအေရအတြက္ ၄၅၄ ေယာက္ထိ ရွိလာတယ္လို႔ ဂ်ပန္က်န္းမာေရး အာဏာပိုင္ေတြက အတည္ျပဳထားပါတယ္။

ဒါ့အျပင္ ကေနဒါ၊ ၾသစေၾတးလ်၊ အီတလီနဲ႔ ေတာင္ကိုရီးယား အစိုးရေတြဟာလည္း သေဘၤာေပၚက သူတို႔ ႏိုင္ငံသားေတြကို ျပန္ေခၚဖို႔ စီစဥ္ေနတယ္ဆိုၿပီး ႐ိုက္တာသတင္းက ေဖာ္ျပပါတယ္။

DVB TV News