ထိုင်းစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းပေါင်း ၄၀ ကျော်အား ဘဏ္ဍာရေးဝန်ကြီးဌာနသို့ လွှဲပြောင်း

67

ထိုင်းနိုင်ငံ နခွန်းရာ့ချ်ဆီမားခရိုင်မှာ ပြီးခဲ့တဲ့အပတ်က စစ်သားတယောက်ရဲ့ ပစ်ခတ်မှုကြောင့် လူ ၂၉ ဦး သေဆုံးပြီး ၅၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ နောက်ပိုင်း ထိုင်းတပ်မတော်အနေနဲ့ ပြစ်တင်ဝေဖန်မှုတွေ ခံနေရပြီး ထိုင်းကြည်းတပ်ဦးစီးချုပ်ကလည်း ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေပါတယ်။

အထူးသဖြင့် ပစ်ခတ်မှုကျူးလွန်ရတဲ့ အကြောင်းရင်းမှာ တပ်ထဲက အထက်အရာရှိက စီးပွားရေးလုပ်ပြီး လက်အောက်ငယ်သားတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုကြောင့် ရာထူးကြီးကြီး အရာရှိတွေကို စီးပွားရေးလုပ်ခွင့်ပြုတော့မှာမဟုတ်ဘဲ ကြည်းတပ် ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာနလက်သို့ လွှဲပြောင်းစီမံစေမယ့်အကြောင်း ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဖိရတ် ခုံးဆုမ်ဖုန်းက ပြီးခဲ့တဲ့အပတ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းမှာတော့ ထိုင်းတစ်နိုင်ငံလုံးရှိ ကြည်းတပ် ပိုင်ဆိုင်တဲ့ စီပွားရေးလုပ်ငန်းအမျိုးအစား‌ပေါင်း ၄၀ ကျော်ကို ဘဏ္ဍာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း သဘောတူစာချွန်လွှာ အမ်အိုယူ လက်မှတ်ရေးထိုးလိုက်ပါတယ်။

အဆိုပါ စီးပွါးရေးလုပ်ငန်းအမျိုးအစားပေါင်း ၄၀ ကျော်ထဲမှာ ဧကပေါင်း ၃ သိန်းခွဲ ကျော်ရှိ မြေယာနဲ့ အိမ်ခြံ မြေလုပ်ငန်း၊ အဆောက်အဦလုပ်ငန်း၊ ဆိုင်ခန်းတွေနဲ့ လေဟာပြင်ဈေးတွေ၊ အားကစားရုံ၊ လက်ဝှေ့ရုံ၊ ဂေါက်ကွင်း၊ မြင်းစီးကွင်း၊ ဟိုတယ်နဲ့ အပန်းဖြေစခန်း အစရှိတဲ့ လုပ်ငန်းတွေ ပါဝင်တယ်လို့ ထိုင်းကြည်းတပ် စစ်သေနာပတိ ဗိုလ်ချုပ်ကြီး ထီရဝပ် ဘွန်ယဝပ်က အမ်အိုယူ လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ ပြောပါတယ် ။

ထိုင်းကြည်းတပ်ပိုင် စီးပွားရေးလုပ်ငန်းတွေဟာ တပ်မိသားစု သက်သာချောင်ချိရေးအတွက် လုပ်ဆောင်တာဖြစ်ပြီး ဈေးနှုန်းမှာ အပြင်ကထက် ချိုသာကာ ထုတ်ကုန်အရည်အသွေးနဲ့ ကောင်းမွန်သော ဝန်ဆောင်မှုတွေရှိတာကြောင့် တပ်တွင်းမိသားစုတွေတင်မကဘဲ ပြင်ပကပါ လာရောက်ဝယ်ယူ အားပေးကြကြောင်း၊ တချို့လုပ်ငန်းတွေမှာ အပြင်လူတွေပါ ပါဝင်ပတ်သက်လာတဲ့အတွက် ရှုပ်ထွေးမှုတွေ ရှိလာလို့ အခုလို လွှဲပြောင်းလိုက်တာလို့ ဗိုလ်ချုပ်ကြီး ထီရဝပ်ဘွန်ယဝပ်က ပြောပါတယ်။

ဘဏ္ဍာရေးဝန်ကြီးဌာန အတွင်းဝန် နိုင်းပရဆုန် ဖွန်းထနစ်ကလည်း ကြည်းတပ်စစ်ဦးစီးချုပ်ရဲ့ ဆုံးဖြတ်ဆောင်ရွက်မှုပေါ် ကြိုဆိုချီးကျူးလိုက်ပြီး သူတို့အနေနဲ့ အစိုးရက ချမှတ်ထားတဲ့ မူဝါဒနဲ့အညီ စီမံခန့်ခွဲကာ အကျိုးအမြတ်တွေကို ကြည်းတပ်မတော်အတွက် ဝေပုံကျ ပြန်ခွဲပေးမှာဖြစ်တယ်လို့ ပြောသွားပါတယ်။

ထိုင်းကြည်းတပ် ပြုပြင်ပြောင်းလဲရေးမှာ လူအစုအပြုံလိုက် ပစ်ခတ်မှုကျူးလွန်သူ ကြာကျူတ်ရဲ့ မိခင်တပ်ရင်းဖြစ်တဲ့ တိုင်းဒေသအမှတ် ၂ မှ လက်နက်တပ်ရင်းမှူးကိုလည်း ပြောင်းရွှေ့လိုက်သလို ရာထူးကြီးအရာရှိတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။

ဒါ့အပြင် တပ်မတော်က အငြိမ်းစားယူထားပေမယ့် ဝန်ထမ်းအိမ်ရာ ပြန်မအပ်ဘဲ ဆက်နေထိုင်သူတွေ၊ ဒါမှမဟုတ် ဆွေမျိုးတွေကို နေစေတာ၊ တဆင့်ပြန်ငှားစားနေတာတွေ၊ တပ်ပြောင်းပေမယ့် အိမ်မပြောင်းသူတွေကိုလည်း ဒီလအတွင်း အပြီးပြန်အပ်ဖို့ ညွှန်ကြားထားပါတယ်။

တပ်မတော်က အငြိမ်းစားယူပေမယ့် တပ်ပိုင်အိမ်မှာ နေထိုင်နေတဲ့သူတွေထဲမှာ လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချား၊ ဒုဝန်ကြီးချုပ် ပရဝစ်ဝုန်းဆုဝမ်း အစရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ ဗိုလ်ချုပ်တွေ ပါဝင်နေပြီး သူတို့အနေနဲ့ စံပြအဖြစ် တပ်ပိုင်နေ အိမ်ကနေ အရင်ဆုံးရွှေ့ပြဖို့လိုကြောင်း အေအက်စ်တီဗွီသတင်းဌာန ထူထောင်သူလည်းဖြစ်၊ ယခင်က ရှပ်ဝါပါတီ ခေါင်းဆောင်လည်းဖြစ်တဲ့ ဆွန်ထိလင့်ထောင်းကွန်းက သူ့ရဲ့လူမှုကွန်ရက်မှာ ပြောပါတယ်။

လက်အောက်ငယ်သား တပ်မတော်သားတွေအနေနဲ့ အထက်အရာရှိရဲ့ နိုင့်ထက်စီးနင်းပြုမှု၊ မတရားမှုနဲ့ ပြုပြင်ပြောင်းလဲစေလိုတဲ့ အချက်တွေကို အွန်လိုင်းဟစ်တိုင်ကနေတဆင့် ဖွင့်ဟပြောဆိုနိုင်ကြောင်း ကြေညာထားပေမယ့် တကယ့်လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ ဆွန်ထိလင့်ထောင်းကွန်းက ဆက်ပြောပါတယ်။

ဖွင့်ဟတိုင်တန်းလိုသူ တပ်မတော်သားတွေဟာ မိမိရဲ့အမည် ကိုယ်ပိုင်အမှတ် တပ်ခွဲ တပ်ဖွဲ့ အစရှိတဲ့ ကိုယ်ရေးရာဇဝင်တွေ အမှန်အတိုင်း ဖော်ပြရမှာမို့ မရဏအိုးထဲ ခုန်ချသလို ဖြစ်သွားမယ်လို့ ဆွန်ထိလင့်ထောင်းကွန်းက ထောက်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေးလီးနယူးစ်သတင်းထောက်က တပ်မတော်သားတွေနဲ့ ဆက်သွယ်မေးမြန်းရာမှာ အွန်လိုင်းဟစ်တိုင်က မိမိတိုင်ကြားချက်တွေကို လျှို့ဝှက်ထားမယ်ဆိုပေမယ့် တနေ့နေ့မှာ ပေါက်ပေါက်လာမှာ ဖြစ်ကြောင်း၊ တိုင်လိုက်ရင် ကိုယ့်ထမင်းအိုး ကိုယ်ရိုက်ခွဲလိုက်သလို ဖြစ်သွားမှာမို့ ဘယ်သူမှ မတိုင်ရဲကြောင်း၊ ဒါဟာ အွန်လိုင်းဟစ်တိုင်ဖွင့်တာဟာ ပြဿနာကို အပေါ်ယံသဘောလောက်ဘဲ ဖြေရှင်းတာ ဖြစ်တယ်လို့ ဖြေပါတယ်။

ထိုင်းကြည်းတပ်ဦးစီးချုပ်အနေနဲ့ တပ်တွင်း သန့်စင်ရေး၊ ပြုပြင်ပြောင်းလဲရေးအတွက် အခုလို ကြိုးပမ်းဆောင်ရွက်နေပေမယ့်လည်း ခိုရတ်ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာ လာရောက်ဖြေကြားပေးဖို့ စာပို့ထားလည်း ခံနေရပါတယ်။

အထူးသဖြင့် ပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ ကြာကျူတ်ဟာ ဗိုလ်မှူးကြီးအိမ်မှာ ပစ်ခတ်မှုဖြစ်ပြီး ၃ နာရီလောက်ကြာမှ Terminal-21 ကုန်တိုက်ကြီးကို ရောက်လာကြောင်း၊ သူဟာ တပ်ထဲမှာ အချိန်ကြာကြာရှိနေပြီး အဲဒီအချိန်တွင်း ဘာကြောင့် ကြာကျူတ်ကို မနှိမ်နင်းနိုင်သလဲ၊ တပ်ထဲမှာ ဘာအရှုပ်အထွေးတွေ ရှိနေသလဲ စတာတွေကို လာရောက်ဖြေကြားပေးဖို့ ဖိတ်ခေါ်ထားတယ်လို့ တီဗွီသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ကြည်းတပ်ဦးစီးချုပ်အနေနဲ့ လွှတ်တော်ထဲ ဘယ်တော့ သွားရောက်ဖြေကြားပေးမလဲ ဆိုတာတော့ မသိရသေးပါဘူး။

ဖေဖော်ဝါရီ ၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ ထိုင်းအစိုးရက သေဆုံးခဲ့ရသူတွေအတွက် ကရုဏာကြေးတွေ တစ်ဦးလျှင် ဘတ်ငွေ ၁ သန်း၊ ဒဏ်ရာပြင်းထန်သူတွေအတွက် ဘတ် ၂ သိန်းစီ၊ ဒဏ်ရာမပြင်းသူတွေအတွက် ဘတ် ၁ သိန်းစီ ကူညီထောက်ပံ့ငွေ ပေးအပ်ခဲ့ပါတယ်။

DVB TV News

——————

ထိုင္းႏိုင္ငံ နခြန္းရာ့ခ်္ဆီမားခ႐ိုင္မွာ ၿပီးခဲ့တဲ့အပတ္က စစ္သားတေယာက္ရဲ႕ ပစ္ခတ္မႈေၾကာင့္ လူ ၂၉ ဦး ေသဆုံးၿပီး ၅၈ ဦး ထိခိုက္ဒဏ္ရာရခဲ့တဲ့ ေနာက္ပိုင္း ထိုင္းတပ္မေတာ္အေနနဲ႔ ျပစ္တင္ေဝဖန္မႈေတြ ခံေနရၿပီး ထိုင္းၾကည္းတပ္ဦးစီးခ်ဳပ္ကလည္း ျပဳျပင္ေျပာင္းလဲေရးေတြ ေဆာင္႐ြက္ေနပါတယ္။

အထူးသျဖင့္ ပစ္ခတ္မႈက်ဴးလြန္ရတဲ့ အေၾကာင္းရင္းမွာ တပ္ထဲက အထက္အရာရွိက စီးပြားေရးလုပ္ၿပီး လက္ေအာက္ငယ္သားေတြအေပၚ ေခါင္းပုံျဖတ္ အျမတ္ထုတ္မႈေၾကာင့္ ရာထူးႀကီးႀကီး အရာရွိေတြကို စီးပြားေရးလုပ္ခြင့္ျပဳေတာ့မွာမဟုတ္ဘဲ ၾကည္းတပ္ ပိုင္ဆိုင္တဲ့ စီးပြားေရးလုပ္ငန္းေတြကိုလည္း ဘ႑ာေရးဝန္ႀကီးဌာနလက္သို႔ လႊဲေျပာင္းစီမံေစမယ့္အေၾကာင္း ၾကည္းတပ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး အဖိရတ္ ခုံးဆုမ္ဖုန္းက ၿပီးခဲ့တဲ့အပတ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

ေဖေဖာ္ဝါရီ ၁၇ ရက္ မနက္ပိုင္းမွာေတာ့ ထိုင္းတစ္ႏိုင္ငံလုံးရွိ ၾကည္းတပ္ ပိုင္ဆိုင္တဲ့ စီပြားေရးလုပ္ငန္းအမ်ိဳးအစား‌ေပါင္း ၄၀ ေက်ာ္ကို ဘ႑ာေရးဝန္ႀကီးဌာနသို႔ လႊဲေျပာင္းေပးအပ္ျခင္း သေဘာတူစာခြၽန္လႊာ အမ္အိုယူ လက္မွတ္ေရးထိုးလိုက္ပါတယ္။

အဆိုပါ စီးပြါးေရးလုပ္ငန္းအမ်ိဳးအစားေပါင္း ၄၀ ေက်ာ္ထဲမွာ ဧကေပါင္း ၃ သိန္းခြဲ ေက်ာ္ရွိ ေျမယာနဲ႔ အိမ္ၿခံ ေျမလုပ္ငန္း၊ အေဆာက္အဦလုပ္ငန္း၊ ဆိုင္ခန္းေတြနဲ႔ ေလဟာျပင္ေဈးေတြ၊ အားကစား႐ုံ၊ လက္ေဝွ႔႐ုံ၊ ေဂါက္ကြင္း၊ ျမင္းစီးကြင္း၊ ဟိုတယ္နဲ႔ အပန္းေျဖစခန္း အစရွိတဲ့ လုပ္ငန္းေတြ ပါဝင္တယ္လို႔ ထိုင္းၾကည္းတပ္ စစ္ေသနာပတိ ဗိုလ္ခ်ဳပ္ႀကီး ထီရဝပ္ ဘြန္ယဝပ္က အမ္အိုယူ လက္မွတ္ေရးထိုးတဲ့ အခမ္းအနားမွာ ေျပာပါတယ္ ။

ထိုင္းၾကည္းတပ္ပိုင္ စီးပြားေရးလုပ္ငန္းေတြဟာ တပ္မိသားစု သက္သာေခ်ာင္ခ်ိေရးအတြက္ လုပ္ေဆာင္တာျဖစ္ၿပီး ေဈးႏႈန္းမွာ အျပင္ကထက္ ခ်ိဳသာကာ ထုတ္ကုန္အရည္အေသြးနဲ႔ ေကာင္းမြန္ေသာ ဝန္ေဆာင္မႈေတြရွိတာေၾကာင့္ တပ္တြင္းမိသားစုေတြတင္မကဘဲ ျပင္ပကပါ လာေရာက္ဝယ္ယူ အားေပးၾကေၾကာင္း၊ တခ်ိဳ႕လုပ္ငန္းေတြမွာ အျပင္လူေတြပါ ပါဝင္ပတ္သက္လာတဲ့အတြက္ ရႈပ္ေထြးမႈေတြ ရွိလာလို႔ အခုလို လႊဲေျပာင္းလိုက္တာလို႔ ဗိုလ္ခ်ဳပ္ႀကီး ထီရဝပ္ဘြန္ယဝပ္က ေျပာပါတယ္။

ဘ႑ာေရးဝန္ႀကီးဌာန အတြင္းဝန္ ႏိုင္းပရဆုန္ ဖြန္းထနစ္ကလည္း ၾကည္းတပ္စစ္ဦးစီးခ်ဳပ္ရဲ႕ ဆုံးျဖတ္ေဆာင္႐ြက္မႈေပၚ ႀကိဳဆိုခ်ီးက်ဴးလိုက္ၿပီး သူတို႔အေနနဲ႔ အစိုးရက ခ်မွတ္ထားတဲ့ မူဝါဒနဲ႔အညီ စီမံခန႔္ခြဲကာ အက်ိဳးအျမတ္ေတြကို ၾကည္းတပ္မေတာ္အတြက္ ေဝပုံက် ျပန္ခြဲေပးမွာျဖစ္တယ္လို႔ ေျပာသြားပါတယ္။

ထိုင္းၾကည္းတပ္ ျပဳျပင္ေျပာင္းလဲေရးမွာ လူအစုအၿပဳံလိုက္ ပစ္ခတ္မႈက်ဴးလြန္သူ ၾကာက်ဴတ္ရဲ႕ မိခင္တပ္ရင္းျဖစ္တဲ့ တိုင္းေဒသအမွတ္ ၂ မွ လက္နက္တပ္ရင္းမႉးကိုလည္း ေျပာင္းေ႐ႊ႕လိုက္သလို ရာထူးႀကီးအရာရွိေတြရဲ႕ စီးပြားေရးလုပ္ငန္းေတြကို စုံစမ္းစစ္ေဆးဖို႔ ၫႊန္ၾကားထားပါတယ္။

ဒါ့အျပင္ တပ္မေတာ္က အၿငိမ္းစားယူထားေပမယ့္ ဝန္ထမ္းအိမ္ရာ ျပန္မအပ္ဘဲ ဆက္ေနထိုင္သူေတြ၊ ဒါမွမဟုတ္ ေဆြမ်ိဳးေတြကို ေနေစတာ၊ တဆင့္ျပန္ငွားစားေနတာေတြ၊ တပ္ေျပာင္းေပမယ့္ အိမ္မေျပာင္းသူေတြကိုလည္း ဒီလအတြင္း အၿပီးျပန္အပ္ဖို႔ ၫႊန္ၾကားထားပါတယ္။

တပ္မေတာ္က အၿငိမ္းစားယူေပမယ့္ တပ္ပိုင္အိမ္မွာ ေနထိုင္ေနတဲ့သူေတြထဲမွာ လက္ရွိ ထိုင္းဝန္ႀကီးခ်ဳပ္ ပရယုဒ္က်န္အိုးခ်ား၊ ဒုဝန္ႀကီးခ်ဳပ္ ပရဝစ္ဝုန္းဆုဝမ္း အစရွိတဲ့ ႏိုင္ငံ့ေခါင္းေဆာင္ေတြ၊ ဗိုလ္ခ်ဳပ္ေတြ ပါဝင္ေနၿပီး သူတို႔အေနနဲ႔ စံျပအျဖစ္ တပ္ပိုင္ေန အိမ္ကေန အရင္ဆုံးေ႐ႊ႕ျပဖို႔လိုေၾကာင္း ေအအက္စ္တီဗြီသတင္းဌာန ထူေထာင္သူလည္းျဖစ္၊ ယခင္က ရွပ္ဝါပါတီ ေခါင္းေဆာင္လည္းျဖစ္တဲ့ ဆြန္ထိလင့္ေထာင္းကြန္းက သူ႔ရဲ႕လူမႈကြန္ရက္မွာ ေျပာပါတယ္။

လက္ေအာက္ငယ္သား တပ္မေတာ္သားေတြအေနနဲ႔ အထက္အရာရွိရဲ႕ ႏိုင့္ထက္စီးနင္းျပဳမႈ၊ မတရားမႈနဲ႔ ျပဳျပင္ေျပာင္းလဲေစလိုတဲ့ အခ်က္ေတြကို အြန္လိုင္းဟစ္တိုင္ကေနတဆင့္ ဖြင့္ဟေျပာဆိုႏိုင္ေၾကာင္း ေၾကညာထားေပမယ့္ တကယ့္လက္ေတြ႕မွာ မျဖစ္ႏိုင္ဘူးလို႔ ဆြန္ထိလင့္ေထာင္းကြန္းက ဆက္ေျပာပါတယ္။

ဖြင့္ဟတိုင္တန္းလိုသူ တပ္မေတာ္သားေတြဟာ မိမိရဲ႕အမည္ ကိုယ္ပိုင္အမွတ္ တပ္ခြဲ တပ္ဖြဲ႕ အစရွိတဲ့ ကိုယ္ေရးရာဇဝင္ေတြ အမွန္အတိုင္း ေဖာ္ျပရမွာမို႔ မရဏအိုးထဲ ခုန္ခ်သလို ျဖစ္သြားမယ္လို႔ ဆြန္ထိလင့္ေထာင္းကြန္းက ေထာက္ျပပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ေဒးလီးနယူးစ္သတင္းေထာက္က တပ္မေတာ္သားေတြနဲ႔ ဆက္သြယ္ေမးျမန္းရာမွာ အြန္လိုင္းဟစ္တိုင္က မိမိတိုင္ၾကားခ်က္ေတြကို လွ်ိဳ႕ဝွက္ထားမယ္ဆိုေပမယ့္ တေန႔ေန႔မွာ ေပါက္ေပါက္လာမွာ ျဖစ္ေၾကာင္း၊ တိုင္လိုက္ရင္ ကိုယ့္ထမင္းအိုး ကိုယ္႐ိုက္ခြဲလိုက္သလို ျဖစ္သြားမွာမို႔ ဘယ္သူမွ မတိုင္ရဲေၾကာင္း၊ ဒါဟာ အြန္လိုင္းဟစ္တိုင္ဖြင့္တာဟာ ျပႆနာကို အေပၚယံသေဘာေလာက္ဘဲ ေျဖရွင္းတာ ျဖစ္တယ္လို႔ ေျဖပါတယ္။

ထိုင္းၾကည္းတပ္ဦးစီးခ်ဳပ္အေနနဲ႔ တပ္တြင္း သန႔္စင္ေရး၊ ျပဳျပင္ေျပာင္းလဲေရးအတြက္ အခုလို ႀကိဳးပမ္းေဆာင္႐ြက္ေနေပမယ့္လည္း ခိုရတ္ပစ္ခတ္မႈနဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္ထဲမွာ လာေရာက္ေျဖၾကားေပးဖို႔ စာပို႔ထားလည္း ခံေနရပါတယ္။

အထူးသျဖင့္ ပစ္ခတ္မႈက်ဴးလြန္ခဲ့တဲ့ ၾကာက်ဴတ္ဟာ ဗိုလ္မႉးႀကီးအိမ္မွာ ပစ္ခတ္မႈျဖစ္ၿပီး ၃ နာရီေလာက္ၾကာမွ Terminal-21 ကုန္တိုက္ႀကီးကို ေရာက္လာေၾကာင္း၊ သူဟာ တပ္ထဲမွာ အခ်ိန္ၾကာၾကာရွိေနၿပီး အဲဒီအခ်ိန္တြင္း ဘာေၾကာင့္ ၾကာက်ဴတ္ကို မႏွိမ္နင္းႏိုင္သလဲ၊ တပ္ထဲမွာ ဘာအရႈပ္အေထြးေတြ ရွိေနသလဲ စတာေတြကို လာေရာက္ေျဖၾကားေပးဖို႔ ဖိတ္ေခၚထားတယ္လို႔ တီဗြီသတင္းမွာ ေဖာ္ျပပါတယ္။

အဆိုပါ ပစ္ခတ္မႈနဲ႔ပတ္သက္ၿပီး ၾကည္းတပ္ဦးစီးခ်ဳပ္အေနနဲ႔ လႊတ္ေတာ္ထဲ ဘယ္ေတာ့ သြားေရာက္ေျဖၾကားေပးမလဲ ဆိုတာေတာ့ မသိရေသးပါဘူး။

ေဖေဖာ္ဝါရီ ၈ ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ ပစ္ခတ္မႈမွာ ထိုင္းအစိုးရက ေသဆုံးခဲ့ရသူေတြအတြက္ က႐ုဏာေၾကးေတြ တစ္ဦးလွ်င္ ဘတ္ေငြ ၁ သန္း၊ ဒဏ္ရာျပင္းထန္သူေတြအတြက္ ဘတ္ ၂ သိန္းစီ၊ ဒဏ္ရာမျပင္းသူေတြအတြက္ ဘတ္ ၁ သိန္းစီ ကူညီေထာက္ပံ့ေငြ ေပးအပ္ခဲ့ပါတယ္။

DVB TV News