တရုတ်ပြည်မှ ပြန်လာသည့် ရေနံမြေလုပ်သား တရုတ်နိုင်ငံသား ၄ ဦးကို သီးသန့်ထား စောင့်ကြည့်နေ

61

မကွေးတိုင်း၊ ချောက်မြို့ကို ဇန်နဝါရီ ၁၇ ရက်ညနေက ပြန်လည်ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသား ၄ ဦးကို သီသန့်ထားပြီး ကျန်းမာရေး အခြေအနေ စောင့်ကြည့်နေကတယ်လို့ ချောက်/လမ်းရွာ ရေနံမြေ အထွေထွေမန်နေဂျာထံက သိရပါတယ်။

တရုတ်နှစ်သစ်ကူမှာ နေရပ်ပြန်သွားခဲ့တဲ့ အဆိုပါတရုတ်နိုင်ငံသားလေးဦးက ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ တရုတ်နိုင်ငံကတဆင့် ထိုင်းနိုင်ငံဘန်ကောက်မြို့မှ Air Asia လေကြောင်းလိုင်းနဲ့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့ပြီး အဲဒီကတဆင့် ချောက်မြို့ကို ကားနဲ့ ပြန်လည် ရောက်ရှိခဲ့တာပါ။

ရေနံမြေ အထွေထွေမန်နေဂျာဦးကိုကိုသက်က “မန္တလေးကနေ သွားကြိုလာတဲ့ ဒရိုင်ဘာကိုပါ အဲဒီမှာပဲ ထားတယ်။ သူတို့ စားရေးသောက်ရေးကိုလည်း ဒီကလူတွေက ပေ၅၀ အကွာပေါ့ ဒီမှာ ထမင်း၊ ရေ ထားခဲ့ပြီ ဆိုပြီး ဖုန်းအဆက်အသွယ်နဲ့ တနေရာမှာ ချပို့ပေးခဲ့တာမျိုး စီစဉ်ထားတယ်။ ကျန်းမာရေးကိုလည်း နေ့စဉ် တစ်နေ့ သုံးကြိမ် အဲဒီကနေ စကားပြန်ကတဆင့် အစီရင်ခံဖို့ ပြောထားတယ်။ သူတို့ ကိုယ်စီမှာလည်း ကျန်းမာရေးတိုင်းတဲ့ ကိရိယာတွေပါကြတယ်။ အခုထားတဲ့နေရာကလည်း လူနဲ့ ဝေးတဲ့ ရေနံမြေနေရာ နောက်ဆုံး အဲဒီနားက ရေနံတွင်းအမှတ် 1219 ၊ စည် ၃၀ ထွက်တယ် တခုခု ပျက်တယ်ဆိုရင်တောင် ဒီကဝန်ထမ်းတွေကို သွားပြင်ဖို့ မခိုင်းဘူး။ အဓိက ကျန်းမာရေး ဦးစားပေးမယ်” လို့ ပြောပါတယ်။

သူတို့က ခွင့်ပြန်သွားတဲ့ ၁၄ ရက်မှာလည်း အပြင်ကို လုံးဝမထွက်ခဲ့ရတဲ့ အကြောင်းနဲ့ သူတို့နေတဲ့ဒေသက ဝူဟန်မြို့နဲ့ ဝေးတဲ့အကြောင်း Gold Petrol ချောက်မှ တာဝန်ရှိမန်နေဂျာက ပြောပါတယ်။

အဆိုပါ တရုတ်နို်ငငံသား ၄ ဦးကို လက်ရှိ အမှတ် ၁ ရပ်ကွက်၊ ကျောက်တဲရပ်၊ ရေနံတွင်းအမှတ် 1219 ရှိ ကွန်တိန်နာဘောက်မှာ သီးသန့်ထားရှိပြီး ၁၄ ရက်ကြာ ကျန်းမာရေး စောင့်ကြည့်သွားမှာဖြစ်သလို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာန၊ လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းအစိုးရနဲ့ နေပြည်တော်ကောင်စီကိုလည်း တင်ပြသွားမယ်လို့လည်း သိရပါတယ်။

မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးသက်ဦးက “ရေနံမြေဝန်ထမ်းဖြစ်တော့ ရေနံဆေးရုံရှိတယ်။ အဲဒါကြောင့် ရေနံဆေးရုံဝင်ထမ်းတွေရဲ့ ကြည့်ရှုစောင့်ကြပ်မှုအောက်မှာ ထားတယ်”လို့ပြောပါတယ်။

တရုတ်နိုင်ငံသား လေးဦးက ချောက်-လမ်းရွာရေနံမြေ၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနဲ့ အကျိုးတူပူးပေါင်းလုပ်ကိုင်တဲ့ Gold Petrol ကုမဏ္ဏီရဲ့ ဝန်ထမ်းတွေဖြစ်ပြီး တရုတ်နှစ်သစ်ကူး ရက်ပြန်သွားပြီး နောက်ပြန်လည်ရောက်ရှိခဲ့တာပါ။

ဒီကနေ့ ညနေပိုင်းမှာလည်း ထပ်ရောက်မယ့် တရုတ်နိုင်ငံသားတွေအပါအဝင် စုစုပေါင်း ၉ ဦးကိုလည်း အဲဒီနေရာမှာဘဲ စောင့်ကြပ်ကြည့်ရှုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

သတင်း- ကိုလင်း(ချောက်) DVB TV News

————-

မေကြးတိုင္း၊ ေခ်ာက္ၿမိဳ႕ကို ဇန္နဝါရီ ၁၇ ရက္ညေနက ျပန္လည္ေရာက္ရွိလာတဲ့ တ႐ုတ္ႏိုင္ငံသား ၄ ဦးကို သီသန္႔ထားၿပီး က်န္းမာေရး အေျခအေန ေစာင့္ၾကည့္ေနကတယ္လို႔ ေခ်ာက္/လမ္း႐ြာ ေရနံေျမ အေထြေထြမန္ေနဂ်ာထံက သိရပါတယ္။

တ႐ုတ္ႏွစ္သစ္ကူမွာ ေနရပ္ျပန္သြားခဲ့တဲ့ အဆိုပါတ႐ုတ္ႏိုင္ငံသားေလးဦးက ေဖေဖာ္ဝါရီ ၁၇ ရက္ေန႔မွာ တ႐ုတ္ႏိုင္ငံကတဆင့္ ထိုင္းႏိုင္ငံဘန္ေကာက္ၿမိဳ႕မွ Air Asia ေလေၾကာင္းလိုင္းနဲ႔ မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္ကို ေရာက္ရွိခဲ့ၿပီး အဲဒီကတဆင့္ ေခ်ာက္ၿမိဳ႕ကို ကားနဲ႔ ျပန္လည္ ေရာက္ရွိခဲ့တာပါ။

ေရနံေျမ အေထြေထြမန္ေနဂ်ာဦးကိုကိုသက္က “မႏၲေလးကေန သြားႀကိဳလာတဲ့ ဒ႐ိုင္ဘာကိုပါ အဲဒီမွာပဲ ထားတယ္။ သူတို႔ စားေရးေသာက္ေရးကိုလည္း ဒီကလူေတြက ေပ၅၀ အကြာေပါ့ ဒီမွာ ထမင္း၊ ေရ ထားခဲ့ၿပီ ဆိုၿပီး ဖုန္းအဆက္အသြယ္နဲ႔ တေနရာမွာ ခ်ပို႔ေပးခဲ့တာမ်ိဳး စီစဥ္ထားတယ္။ က်န္းမာေရးကိုလည္း ေန႔စဥ္ တစ္ေန႔ သုံးႀကိမ္ အဲဒီကေန စကားျပန္ကတဆင့္ အစီရင္ခံဖို႔ ေျပာထားတယ္။ သူတို႔ ကိုယ္စီမွာလည္း က်န္းမာေရးတိုင္းတဲ့ ကိရိယာေတြပါၾကတယ္။ အခုထားတဲ့ေနရာကလည္း လူနဲ႔ ေဝးတဲ့ ေရနံေျမေနရာ ေနာက္ဆုံး အဲဒီနားက ေရနံတြင္းအမွတ္ 1219 ၊ စည္ ၃၀ ထြက္တယ္ တခုခု ပ်က္တယ္ဆိုရင္ေတာင္ ဒီကဝန္ထမ္းေတြကို သြားျပင္ဖို႔ မခိုင္းဘူး။ အဓိက က်န္းမာေရး ဦးစားေပးမယ္” လို႔ ေျပာပါတယ္။

သူတို႔က ခြင့္ျပန္သြားတဲ့ ၁၄ ရက္မွာလည္း အျပင္ကို လုံးဝမထြက္ခဲ့ရတဲ့ အေၾကာင္းနဲ႔ သူတို႔ေနတဲ့ေဒသက ဝူဟန္ၿမိဳ႕နဲ႔ ေဝးတဲ့အေၾကာင္း Gold Petrol ေခ်ာက္မွ တာဝန္ရွိမန္ေနဂ်ာက ေျပာပါတယ္။

အဆိုပါ တ႐ုတ္ႏို္ငငံသား ၄ ဦးကို လက္ရွိ အမွတ္ ၁ ရပ္ကြက္၊ ေက်ာက္တဲရပ္၊ ေရနံတြင္းအမွတ္ 1219 ရွိ ကြန္တိန္နာေဘာက္မွာ သီးသန္႔ထားရွိၿပီး ၁၄ ရက္ၾကာ က်န္းမာေရး ေစာင့္ၾကည့္သြားမွာျဖစ္သလို ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဌာန၊ လႊတ္ေတာ္ကိုယ္စားလွယ္၊ တိုင္းအစိုးရနဲ႔ ေနျပည္ေတာ္ေကာင္စီကိုလည္း တင္ျပသြားမယ္လို႔လည္း သိရပါတယ္။

ၿမိဳ႕နယ္ကုသေရးဦးစီးဌာနမႉး ေဒါက္တာမ်ိဳးသက္ဦးက “ေရနံေျမဝန္ထမ္းျဖစ္ေတာ့ ေရနံေဆး႐ုံရွိတယ္။ အဲဒါေၾကာင့္ ေရနံေဆး႐ုံဝင္ထမ္းေတြရဲ႕ ၾကည့္ရႈေစာင့္ၾကပ္မႈေအာက္မွာ ထားတယ္”လို႔ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံသား ေလးဦးက ေခ်ာက္-လမ္း႐ြာေရနံေျမ၊ ျမန္မာ့ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ လုပ္ငန္းနဲ႔ အက်ိဳးတူပူးေပါင္းလုပ္ကိုင္တဲ့ Gold Petrol ကုမဏၰီရဲ႕ ဝန္ထမ္းေတြျဖစ္ၿပီး တ႐ုတ္ႏွစ္သစ္ကူး ရက္ျပန္သြားၿပီး ေနာက္ျပန္လည္ေရာက္ရွိခဲ့တာပါ။

ဒီကေန႔ ညေနပိုင္းမွာလည္း ထပ္ေရာက္မယ့္ တ႐ုတ္ႏိုင္ငံသားေတြအပါအဝင္ စုစုေပါင္း ၉ ဦးကိုလည္း အဲဒီေနရာမွာဘဲ ေစာင့္ၾကပ္ၾကည့္ရႈဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

သတင္း- ကိုလင္း(ေခ်ာက္) DVB TV News