ကမ်းလွန်လုပ်ကွက် မဟာ ၁ အစမ်းတွင်းမှ တနေ့ဓာတ်ငွေ့ပျမ်းမျှ ကုဗပေ ၃၈ သန်းကျော်ထွက်မည်

59

မြန်မာ့ကမ်းလွန်လုပ်ကွက် A-3 ရှိ မဟာ ၁ အစမ်းတွင်းကနေ သဘာဝဓာတ်ငွေ့ တနေ့ကို ပျမ်းမျှ ကုဗပေ ၃၈ သန်းကျော်အထိ ထွက်ရှိမယ်လို့ စမ်းသပ်အတည်ပြုနိုင်တဲ့ အကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီလုပ်ကွက်မှာ တောင်ကိုရီးယား POSCO ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှု ၅၁ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းက ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယ ONGC ကုမ္ပဏီက ၁၇ ရာခိုင်နှုန်း၊ အိန္ဒိယ GAIL ကုမ္ပဏီမှ ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ကိုရီးယား KOGAS ကုမ္ပဏီက ၈ ဒသမ၅ ရာခိုင်နှုန်း အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မဟာ ၁ တွင်းကို ၂၀၁၉ နိုဝင်ဘာ ၂၉ ရက်က Top Hole စတင်တူးဖော်ခဲ့ပြီး ၂၀၂၀ ဇန်နဝါရီ ၁၉ ရက်မှာ ရည်မှန်းအနက် ၂၅၉၈ မီတာ (၈၅၂၄ ပေ) ထိ ရောက်ရှိ တူးဖော်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မဟာ ၁ တွင်းမှာ စမ်းသပ်တိုင်းတာရရှိတဲ့ အချက်အလက်တွေအရ သဘာဝ ဓာတ်ငွေ့ ခိုအောင်းနေတဲ့ ရည်မှန်းသဲကြော G4 ကို အနက် ၁၁၄၇ မီတာမှာ တွေ့ရှိခဲ့ပြီး သဲကြောအထူ ၁၂ မီတာ (၄၀ ပေ) ခန့်မှ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မှု စမ်းသပ်ခြင်း (Drill Stem Test) ကိုဆောင်ရွက်ခဲ့ရာ သဘာဝဓာတ်ငွေ့ တနေ့ကို ပျမ်းမျှ ကုဗပေ ၃၈သန်းကျော် အထိ စမ်းသပ်ရရှိကြောင်း အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကမ်းလွန်လုပ်ကွက်အမှတ် A-3 အတွင်းမှာ ကိုရီးယားအခြေစိုက် POSCO international ကုမ္ပဏီက မြ(၁) ရှာဖွေရေးတွင်းကို ၂၀၀၅ ခုနှစ်မှာ စတင်တူးဖော်ခဲ့ပြီး သဘာဝဓာတ်ငွေ့ စီးပွားဖြစ်တွေ့ရှိခဲ့ပါတယ်။

ဒီနောက် ၂၀၀၉ ခုနှစ်မှာ လုပ်ကွက်အမှတ် A-1 ရှိ ရွှေသဘာဝ ဓာတ်ငွေ့နဲ့ လုပ်ကွက်အမှတ် A-3 ရှိ မြသဘာဝဓာတ်ငွေ့တို့ကိုပေါင်းပြီး ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တနေ့ သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၅၀၀ ခန့် ထုတ်လုပ် ဖြန့်ဖြူးခြင်းလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံအနောက်ဘက် ကမ်းလွန်လုပ်ကွက် A-3 မှာတည်ရှိတဲ့ သဘာဝဓာတ်ငွေ့ အစမ်းတွင်း မဟာ(၁) တူးဖော်နေမှုကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်အစိုးရလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနဲ့ တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၁၇ ရက်မနက်က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

DVB TV News

————

ျမန္မာ့ကမ္းလြန္လုပ္ကြက္ A-3 ရွိ မဟာ ၁ အစမ္းတြင္းကေန သဘာဝဓာတ္ေငြ႕ တေန႔ကို ပ်မ္းမွ် ကုဗေပ ၃၈ သန္းေက်ာ္အထိ ထြက္ရွိမယ္လို႔ စမ္းသပ္အတည္ျပဳႏိုင္တဲ့ အေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

ဒီလုပ္ကြက္မွာ ေတာင္ကိုရီးယား POSCO ကုမၸဏီက ရင္းႏွီးျမႇဳပ္ႏွံမႈ ၅၁ ရာခိုင္ႏႈန္း၊ ျမန္မာ့ေရနံႏွင့္သဘာဝဓာတ္ေငြ႕လုပ္ငန္းက ၁၅ ရာခိုင္ႏႈန္း၊ အိႏၵိယ ONGC ကုမၸဏီက ၁၇ ရာခိုင္ႏႈန္း၊ အိႏၵိယ GAIL ကုမၸဏီမွ ၈ ဒသမ ၅ ရာခိုင္ႏႈန္းနဲ႔ ကိုရီးယား KOGAS ကုမၸဏီက ၈ ဒသမ၅ ရာခိုင္ႏႈန္း အက်ိဳးတူ ပူးေပါင္း ေဆာင္႐ြက္ေနတာ ျဖစ္ပါတယ္။

မဟာ ၁ တြင္းကို ၂၀၁၉ ႏိုဝင္ဘာ ၂၉ ရက္က Top Hole စတင္တူးေဖာ္ခဲ့ၿပီး ၂၀၂၀ ဇန္နဝါရီ ၁၉ ရက္မွာ ရည္မွန္းအနက္ ၂၅၉၈ မီတာ (၈၅၂၄ ေပ) ထိ ေရာက္ရွိ တူးေဖာ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

မဟာ ၁ တြင္းမွာ စမ္းသပ္တိုင္းတာရရွိတဲ့ အခ်က္အလက္ေတြအရ သဘာဝ ဓာတ္ေငြ႕ ခိုေအာင္းေနတဲ့ ရည္မွန္းသဲေၾကာ G4 ကို အနက္ ၁၁၄၇ မီတာမွာ ေတြ႕ရွိခဲ့ၿပီး သဲေၾကာအထူ ၁၂ မီတာ (၄၀ ေပ) ခန႔္မွ သဘာဝဓာတ္ေငြ႕ ထုတ္လုပ္ႏိုင္မႈ စမ္းသပ္ျခင္း (Drill Stem Test) ကိုေဆာင္႐ြက္ခဲ့ရာ သဘာဝဓာတ္ေငြ႕ တေန႔ကို ပ်မ္းမွ် ကုဗေပ ၃၈သန္းေက်ာ္ အထိ စမ္းသပ္ရရွိေၾကာင္း အတည္ျပဳႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ကမ္းလြန္လုပ္ကြက္အမွတ္ A-3 အတြင္းမွာ ကိုရီးယားအေျခစိုက္ POSCO international ကုမၸဏီက ျမ(၁) ရွာေဖြေရးတြင္းကို ၂၀၀၅ ခုႏွစ္မွာ စတင္တူးေဖာ္ခဲ့ၿပီး သဘာဝဓာတ္ေငြ႕ စီးပြားျဖစ္ေတြ႕ရွိခဲ့ပါတယ္။

ဒီေနာက္ ၂၀၀၉ ခုႏွစ္မွာ လုပ္ကြက္အမွတ္ A-1 ရွိ ေ႐ႊသဘာဝ ဓာတ္ေငြ႕နဲ႔ လုပ္ကြက္အမွတ္ A-3 ရွိ ျမသဘာဝဓာတ္ေငြ႕တို႔ကိုေပါင္းၿပီး ေ႐ႊသဘာဝဓာတ္ေငြ႕ စီမံကိန္းမွ တေန႔ သဘာဝဓာတ္ေငြ႕ ကုဗေပသန္းေပါင္း ၅၀၀ ခန႔္ ထုတ္လုပ္ ျဖန႔္ျဖဴးျခင္းလုပ္ငန္းေတြ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနတယ္လို႔ ဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ျမန္မာႏိုင္ငံအေနာက္ဘက္ ကမ္းလြန္လုပ္ကြက္ A-3 မွာတည္ရွိတဲ့ သဘာဝဓာတ္ေငြ႕ အစမ္းတြင္း မဟာ(၁) တူးေဖာ္ေနမႈကို ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခိုင္၊ ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးညီပု၊ ရခိုင္ျပည္နယ္အစိုးရလွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္း ဆက္သြယ္ေရးဝန္ႀကီး ဦးေအာင္ေက်ာ္ဇံနဲ႔ တာဝန္ရွိသူေတြက ေဖေဖာ္ဝါရီ ၁၇ ရက္မနက္က သြားေရာက္ ၾကည့္ရႈစစ္ေဆးခဲ့ပါတယ္။

DVB TV News