ဦးစိုးထွန်းရှိန်အမှုအတွက် အမြဲတမ်းအတွင်းဝန်ကို ရုံးခေါ်သက်သေအဖြစ် စစ်ဆေးမည်

45

မိုးထိမိုးမိရွှေတွင်းလုပ်ငန်းရှင် ဦးစိုးထွန်းရှိန်အမှုနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝန်ကို လာမယ့် ရုံးချိန်းမှာ စစ်ဆေးမယ်လို့ သိရပါတယ်။

ရမည်းသင်းမြို့နယ် တရားသူကြီး ဦးဇော်လင်းအောင်က “ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးကို ရာဇာဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၀ အရ ရုံးခေါ်သက်သေအဖြစ် ခေါ်ယူ စစ်ဆေးပေးပါရန် စွပ်စွဲခံရသူ ဦးစိုးထွန်းရှိန်ဘက်က လျှောက်ထားချက်ကို ခွင့်ပြုကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်”လို့ ပြောပါတယ်။

လာမယ့် ရုံးချိန်းကိုတော့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကို ပြန်လည် ချိန်းဆိုထားပြီး ကျန်ရှိတဲ့ လိုပြသက်သေတွေကို စစ်ဆေးလိုမှု ရှိ မရှိအတွက် ဥပဒေအရာရှိက မေးမြန်းမှာဖြစ်တယ်လို့ သိရပါတယ်။

ဦးစိုးထွန်းရှိန်ဟာ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီရဲ့ ဥက္ကဋ္ဌတဦးဖြစ်ပြီး မိုးထိမိုးမိ ရွှေလုပ်ကွက်မှာ ရွှေတူးခွင့် ပါမစ်ရပ်ဆိုင်းခံထားရပေမယ့် ထပ်မံတူးဖော်လုပ်ကိုင်ခဲ့တဲ့ အတွက် သတ္တုတွင်း ဥပဒေ ပုဒ်မ ၃၀ (က)နဲ့ အမှုရင်ဆိုင်နေရတာဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့က ရမည်းသင်းမြို့နယ် တရားရုံးမှာ ၁၁ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

အမှုအတွက် လိုပြသက်သေ ၁၈ ဦးကို စစ်ဆေးဖို့ရှိပြီး လက်ရှိ ၁၁ ကြိမ်မြောက်ရုံးချိန်းအထိ တရားလိုသက်သေ ၁၃ ဦး (၁ ဦးသေဆုံး စာရင်းမှ ပယ်ဖျက်ခဲ့) ကို စစ်ဆေးထားပြီးဖြစ်ပါတယ်။

DVB TV News

မိုးထိမိုးမိေ႐ႊတြင္းလုပ္ငန္းရွင္ ဦးစိုးထြန္းရွိန္အမႈနဲ႔ ပတ္သက္ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာနရဲ႕ အၿမဲတမ္း အတြင္းဝန္ကို လာမယ့္ ႐ုံးခ်ိန္းမွာ စစ္ေဆးမယ္လို႔ သိရပါတယ္။

ရမည္းသင္းၿမိဳ႕နယ္ တရားသူႀကီး ဦးေဇာ္လင္းေအာင္က “ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခား စီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနက အၿမဲတမ္းအတြင္းဝန္ ဦးေအာင္ႏိုင္ဦးကို ရာဇာဝတ္က်င့္ထုံးဥပေဒပုဒ္မ ၅၄၀ အရ ႐ုံးေခၚသက္ေသအျဖစ္ ေခၚယူ စစ္ေဆးေပးပါရန္ စြပ္စြဲခံရသူ ဦးစိုးထြန္းရွိန္ဘက္က ေလွ်ာက္ထားခ်က္ကို ခြင့္ျပဳေၾကာင္း အမိန႔္ခ်မွတ္ခဲ့ပါတယ္”လို႔ ေျပာပါတယ္။

လာမယ့္ ႐ုံးခ်ိန္းကိုေတာ့ ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔ကို ျပန္လည္ ခ်ိန္းဆိုထားၿပီး က်န္ရွိတဲ့ လိုျပသက္ေသေတြကို စစ္ေဆးလိုမႈ ရွိ မရွိအတြက္ ဥပေဒအရာရွိက ေမးျမန္းမွာျဖစ္တယ္လို႔ သိရပါတယ္။

ဦးစိုးထြန္းရွိန္ဟာ အမ်ိဳးသားႀကီးပြားတိုးတက္ေရးကုမၸဏီရဲ႕ ဥကၠ႒တဦးျဖစ္ၿပီး မိုးထိမိုးမိ ေ႐ႊလုပ္ကြက္မွာ ေ႐ႊတူးခြင့္ ပါမစ္ရပ္ဆိုင္းခံထားရေပမယ့္ ထပ္မံတူးေဖာ္လုပ္ကိုင္ခဲ့တဲ့ အတြက္ သတၱဳတြင္း ဥပေဒ ပုဒ္မ ၃၀ (က)နဲ႔ အမႈရင္ဆိုင္ေနရတာျဖစ္ၿပီး ေဖေဖာ္ဝါရီ ၁၇ ရက္ေန႔က ရမည္းသင္းၿမိဳ႕နယ္ တရား႐ုံးမွာ ၁၁ ႀကိမ္ေျမာက္ ႐ုံးထုတ္စစ္ေဆးခဲ့ပါတယ္။

အမႈအတြက္ လိုျပသက္ေသ ၁၈ ဦးကို စစ္ေဆးဖို႔ရွိၿပီး လက္ရွိ ၁၁ ႀကိမ္ေျမာက္႐ုံးခ်ိန္းအထိ တရားလိုသက္ေသ ၁၃ ဦး (၁ ဦးေသဆုံး စာရင္းမွ ပယ္ဖ်က္ခဲ့) ကို စစ္ေဆးထားၿပီးျဖစ္ပါတယ္။

DVB TV News