လေထုညစ်ညမ်းမှုကြောင့် ရန်ကုန်လူထု ကျန်းမာရေးထိခိုက်နိုင်

70

ရန်ကုန်မြို့မှာ လေထုညစ်ညမ်းမှုအန္တရာယ်က ချက်ချင်းသက်ရောက်မှုမရှိပေမယ့် ရေရှည်မှာ ထိခိုက်နိုင်တာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့လိုအပ်နေပြီလို့ သဘာဝပတ်ဝန်းကျင် လေ့လာရေးပညာရှင်တွေက အကြံပြုထားပါတယ်။

လေထုတိုင်းတာရေးအဖွဲ့အစည်းတွေရဲ့ လေ့လာချက်အရဆိုရင် ရန်ကုန်မြို့ရဲ့ လေထု အခြေအနေ၊ လေထုအရည်အသွေးအညွှန်းကိန်းက တနှစ်ထက်တနှစ် ပိုဆိုးလာတာ တွေ့ရပါတယ်။

ဒါကြောင့် ရန်ကုန်မြို့နေ လူထုတွေအနေနဲ့ အန္တရာယ်ရှိလေထုကို ရှူရိုက်နေရမယ်ဆိုရင် ချက်ချင်းဆိုးကျိုးကို မခံစားနိုင်ရပေမယ့်လည်း အချိန်ကြာတဲ့အခါ ကျန်းမာရေးအတွက် ဆိုးကျိုး ရှိနိုင်တာကြောင့် အစိုးရနဲ့အတူ ပြည်သူလူထုပါ ပူးပေါင်းပြီးကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သဘာဝပတ်ဝန်းကျင်ပညာရှင် ဒေါက်တာမြင့်ဇော်က ပြောပါတယ်။

တကမ္ဘာလုံးမှာ လေထုညစ်ညမ်းမှုအညွှန်းကိန်း အန္တရာယ်ရှိတဲ့ အဆင့်ထဲမှာရှိနေတဲ့ နိုင်ငံတွေထဲမှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ၊ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်နိုင်ငံတို့နဲ့အတူ မြန်မာနိုင်ငံ ရန်ကုန်မြို့လည်းပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့ကဆိုရင် ရန်ကုန်မှာ ခရမ်းလွန်အဆင့် လေထုညစ်ညမ်းမှုအညွှန်းကိန်း ၂၆၄ အထိရောက်ခဲ့တယ်လို့ သဘာဝပတ်ဝန်းကျင်လေ့လာရေးအဖွဲ့ Air Quality Yangonအဖွဲ့က ပြောပါတယ်။

လေထုတိုင်းတာရေးအဖွဲ့အစည်းတွေကတော လေထုညစ်ညမ်းမှုအခြေအနေကို အဆင့် ၆ ဆင့်သတ်မှတ်ထားပါတယ်။ အစိမ်းရောင်၊ အဝါရောင်၊ လိမ္မော်ရောင်နဲ့ အနီရောင်ကတော့ အန္တရာယ်အဆင့်နဲ့ ခရမ်းရောင်အဆင့် အန္တရာယ်အမြင့်မားဆုံးက အဆင့်သတ်မှတ်ထားပြီး အနီပုတ်ရောင်ကတော့ အဆိုးဝါးဆုံးအဆင့်လို့ သတ်မှတ်ထားပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့လေထုကို တိုင်းထွာတွေ့ရှိချက်အရ မနက်ပိုင်းတွေမှာတင် လေထုအရည်အသွေးအညွှန်းကိန်းက အနီရောင်အဆင့်ထိရှိနေတယ်လို့ Air Quaility Yangon အဖွဲ့ဝင် မသင်းသဉ္ဇာစိုးက ပြောပါတယ်။

လေထုညစ်ညမ်းစေတဲ့ အဓိကအကြောင်းအရာတွေကတော့ ရန်ကုန်မြို့မှာ မော်တော်ယာဉ်အသုံးပြုတာများလာတာတွေ ၊ စက်ရုံတွေတိုးလာပြီး စက်ရုံတွေက ထွက်တဲ့ မီးခိုးအငွေ့တွေကြောင့်လည်း ပါဝင်ပါတယ်။

ဒါ့အပြင် သစ်ရွက်ခြောက်နဲ့ အမှိုက်မီးရှို့တာနဲ့ ဖုန်မှုန့်တွေကလည်း လေထုညစ်ညမ်းစေတဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။

ညစ်ညမ်းပြီး အန္တရာယ်ရှိတဲ့ လေထုကို ရှူရှိုက်မိမယ်ဆိုရင်တော့ ကျန်းမာရေး ထိခိုက်မှုတွေရှိလာနိုင်မှာဖြစ်ပါတယ်။ ဒီအထဲက ကလေးသူငယ်တွေ ၊ သက်ကြီးရွယ်အိုတွေ၊ နာတာရှည် ရောဂါဝေဒနာရှင်တွေဖြစ်တဲ့ ပန်းနာရင်ကြပ်ရှိသူတွေနဲ့ အဆုတ်နဲ့ သက်ဆိုင်တဲ့ ရောဂါဝေဒနာရှိတဲ့သူတွေက ပိုပြီး ထိခိုက်နိုင်ပါတယ်။

DVB TV News

ရန္ကုန္ၿမိဳ႕မွာ ေလထုညစ္ညမ္းမႈအႏၲရာယ္က ခ်က္ခ်င္းသက္ေရာက္မႈမရွိေပမယ့္ ေရရွည္မွာ ထိခိုက္ႏိုင္တာေၾကာင့္ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ေဆာင္ဖို႔လိုအပ္ေနၿပီလို႔ သဘာဝပတ္ဝန္းက်င္ ေလ့လာေရးပညာရွင္ေတြက အႀကံျပဳထားပါတယ္။

ေလထုတိုင္းတာေရးအဖြဲ႕အစည္းေတြရဲ႕ ေလ့လာခ်က္အရဆိုရင္ ရန္ကုန္ၿမိဳ႕ရဲ႕ ေလထု အေျခအေန၊ ေလထုအရည္အေသြးအၫႊန္းကိန္းက တႏွစ္ထက္တႏွစ္ ပိုဆိုးလာတာ ေတြ႕ရပါတယ္။

ဒါေၾကာင့္ ရန္ကုန္ၿမိဳ႕ေန လူထုေတြအေနနဲ႔ အႏၲရာယ္ရွိေလထုကို ရႉ႐ိုက္ေနရမယ္ဆိုရင္ ခ်က္ခ်င္းဆိုးက်ိဳးကို မခံစားႏိုင္ရေပမယ့္လည္း အခ်ိန္ၾကာတဲ့အခါ က်န္းမာေရးအတြက္ ဆိုးက်ိဳး ရွိႏိုင္တာေၾကာင့္ အစိုးရနဲ႔အတူ ျပည္သူလူထုပါ ပူးေပါင္းၿပီးႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔ သဘာဝပတ္ဝန္းက်င္ပညာရွင္ ေဒါက္တာျမင့္ေဇာ္က ေျပာပါတယ္။

တကမာၻလုံးမွာ ေလထုညစ္ညမ္းမႈအၫႊန္းကိန္း အႏၲရာယ္ရွိတဲ့ အဆင့္ထဲမွာရွိေနတဲ့ ႏိုင္ငံေတြထဲမွာ အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕ ၊ ဘဂၤလားေဒရွ္႕နဲ႔ တ႐ုတ္ႏိုင္ငံတို႔နဲ႔အတူ ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕လည္းပါဝင္ပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီ ၃၀ ရက္ေန႔ကဆိုရင္ ရန္ကုန္မွာ ခရမ္းလြန္အဆင့္ ေလထုညစ္ညမ္းမႈအၫႊန္းကိန္း ၂၆၄ အထိေရာက္ခဲ့တယ္လို႔ သဘာဝပတ္ဝန္းက်င္ေလ့လာေရးအဖြဲ႕ Air Quality Yangonအဖြဲ႕က ေျပာပါတယ္။

ေလထုတိုင္းတာေရးအဖြဲ႕အစည္းေတြကေတာ ေလထုညစ္ညမ္းမႈအေျခအေနကို အဆင့္ ၆ ဆင့္သတ္မွတ္ထားပါတယ္။ အစိမ္းေရာင္၊ အဝါေရာင္၊ လိေမၼာ္ေရာင္နဲ႔ အနီေရာင္ကေတာ့ အႏၲရာယ္အဆင့္နဲ႔ ခရမ္းေရာင္အဆင့္ အႏၲရာယ္အျမင့္မားဆုံးက အဆင့္သတ္မွတ္ထားၿပီး အနီပုတ္ေရာင္ကေတာ့ အဆိုးဝါးဆုံးအဆင့္လို႔ သတ္မွတ္ထားပါတယ္။

ဒါ့အျပင္ ရန္ကုန္ၿမိဳ႕ေလထုကို တိုင္းထြာေတြ႕ရွိခ်က္အရ မနက္ပိုင္းေတြမွာတင္ ေလထုအရည္အေသြးအၫႊန္းကိန္းက အနီေရာင္အဆင့္ထိရွိေနတယ္လို႔ Air Quaility Yangon အဖြဲ႕ဝင္ မသင္းသၪၨာစိုးက ေျပာပါတယ္။

ေလထုညစ္ညမ္းေစတဲ့ အဓိကအေၾကာင္းအရာေတြကေတာ့ ရန္ကုန္ၿမိဳ႕မွာ ေမာ္ေတာ္ယာဥ္အသုံးျပဳတာမ်ားလာတာေတြ ၊ စက္႐ုံေတြတိုးလာၿပီး စက္႐ုံေတြက ထြက္တဲ့ မီးခိုးအေငြ႕ေတြေၾကာင့္လည္း ပါဝင္ပါတယ္။

ဒါ့အျပင္ သစ္႐ြက္ေျခာက္နဲ႔ အမႈိက္မီးရႈိ႕တာနဲ႔ ဖုန္မႈန႔္ေတြကလည္း ေလထုညစ္ညမ္းေစတဲ့ အေၾကာင္းအရာေတြပဲျဖစ္ပါတယ္။

ညစ္ညမ္းၿပီး အႏၲရာယ္ရွိတဲ့ ေလထုကို ရႉရႈိက္မိမယ္ဆိုရင္ေတာ့ က်န္းမာေရး ထိခိုက္မႈေတြရွိလာႏိုင္မွာျဖစ္ပါတယ္။ ဒီအထဲက ကေလးသူငယ္ေတြ ၊ သက္ႀကီး႐ြယ္အိုေတြ၊ နာတာရွည္ ေရာဂါေဝဒနာရွင္ေတြျဖစ္တဲ့ ပန္းနာရင္ၾကပ္ရွိသူေတြနဲ႔ အဆုတ္နဲ႔ သက္ဆိုင္တဲ့ ေရာဂါေဝဒနာရွိတဲ့သူေတြက ပိုၿပီး ထိခိုက္ႏိုင္ပါတယ္။

DVB TV News