ကတိမတည်သည့် ဝန်ကြီးများကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ သတိပေး

69

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဟာ လွှတ်တော်မှာ ပေးထားတဲ့ ကတိမတည်လို့ ဆိုပြီး မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက သတိပေးလိုက်ပါတယ်။

ဒီကနေ့ကျင်းပတဲ့ မွန်ပြည်နယ်လွှတ်တော် ပုံမှန် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ကြယ်ပွင့်ပြ မေးခွန်း ၃ ခု တင်သွင်းမေးမြန်းခဲ့ပေမယ့် မေးခွန်း ၂ ခုရဲ့ ပတ်သက်တဲ့ ဆက်စပ်မေးခွန်းတွေကို ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတွေက ဖြေဆိုနိုင်ခြင်း မရှိပါဘူး။

လွှတ်တော်မှာ ဖြေဆိုနိုင်ခြင်းမရှိတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို အစိုးရအဖွဲ့ ဝန်ကြီးတွေအနေနဲ့ ၁၀ ရက်အတွင်း စာပို့ ဖြေဆိုမယ်လို့ ကတိပေးထားမယ့် သတ်မှတ်ရက်အတွင်း ရောက်လာခြင်းမရှိတဲ့အပြင် အနည်းဆုံး ၁ လကျော် အကြာမှာ ရောက်လာကြတာကြောင့် ဝန်ကြီးတွေအနေနဲ့ ပေးထားတဲ့ ကတိအတိုင်း ၁၀ ရက်အတွင်း မေးခွန်းတွေဖြေဆိုကြဖို့ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက သတိပေးပြောပါတယ်။

ဒီနေ့လွှတ်တော်အစည်းအဝေးမှာ မေးထားတဲ့မေးခွန်းရဲ့ အဖြေတွေကို ၁၀ ရက်အတွင်း လွှတ်တော်ထံ စာပေးပို့ ဖြေသွားမယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်နဲ့ မွန်ပြည်နယ် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်တို့က ကတိပြုခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာတော့ အစိုးရအဖွဲ့ ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းနဲ့ ဒေသဖွံ့ဖြိုး လုပ်ငန်းစဉ်တွေ အပါအဝင် မော်လမြိုင် ကမ်းနားလမ်းရှိရာမည ဆိပ်ခံတံတား ပြင်ဆင်မွမ်းမံမှုတွေနဲ့ ပတ်သက်တဲ့ ဆက်စပ် မေးခွန်းတွေကို ကိုယ်စားလှယ်တွေက မေးမြန်းခဲ့ကြပါတယ်။

ဇော်လွင်ထွဋ်  DVB TV News

မြန္ျပည္နယ္အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးေတြဟာ လႊတ္ေတာ္မွာ ေပးထားတဲ့ ကတိမတည္လို႔ ဆိုၿပီး မြန္ျပည္နယ္လႊတ္ေတာ္ ဥကၠ႒က သတိေပးလိုက္ပါတယ္။

ဒီကေန႔က်င္းပတဲ့ မြန္ျပည္နယ္လႊတ္ေတာ္ ပုံမွန္ အစည္းအေဝးမွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ၾကယ္ပြင့္ျပ ေမးခြန္း ၃ ခု တင္သြင္းေမးျမန္းခဲ့ေပမယ့္ ေမးခြန္း ၂ ခုရဲ႕ ပတ္သက္တဲ့ ဆက္စပ္ေမးခြန္းေတြကို ျပည္နယ္အစိုးရအဖြဲ႕ ဝန္ႀကီးေတြက ေျဖဆိုႏိုင္ျခင္း မရွိပါဘူး။

လႊတ္ေတာ္မွာ ေျဖဆိုႏိုင္ျခင္းမရွိတဲ့ ေမးခြန္းေတြရဲ႕ အေျဖေတြကို အစိုးရအဖြဲ႕ ဝန္ႀကီးေတြအေနနဲ႔ ၁၀ ရက္အတြင္း စာပို႔ ေျဖဆိုမယ္လို႔ ကတိေပးထားမယ့္ သတ္မွတ္ရက္အတြင္း ေရာက္လာျခင္းမရွိတဲ့အျပင္ အနည္းဆုံး ၁ လေက်ာ္ အၾကာမွာ ေရာက္လာၾကတာေၾကာင့္ ဝန္ႀကီးေတြအေနနဲ႔ ေပးထားတဲ့ ကတိအတိုင္း ၁၀ ရက္အတြင္း ေမးခြန္းေတြေျဖဆိုၾကဖို႔ မြန္ျပည္နယ္ လႊတ္ေတာ္ ဥကၠ႒ ေဒၚတင္အိက သတိေပးေျပာပါတယ္။

ဒီေန႔လႊတ္ေတာ္အစည္းအေဝးမွာ ေမးထားတဲ့ေမးခြန္းရဲ႕ အေျဖေတြကို ၁၀ ရက္အတြင္း လႊတ္ေတာ္ထံ စာေပးပို႔ ေျဖသြားမယ္လို႔ မြန္ျပည္နယ္ စည္ပင္သာယာေရးနဲ႔ ေဆာက္လုပ္ေရး ဝန္ႀကီး ဦးမင္းေက်ာ္လြင္နဲ႔ မြန္ျပည္နယ္ စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီး ဦးဝဏၰေက်ာ္တို႔က ကတိျပဳခဲ့ပါတယ္။

ေဖေဖာ္ဝါရီ ၁၇ ရက္ေန႔က က်င္းပတဲ့ မြန္ျပည္နယ္ လႊတ္ေတာ္ အစည္းအေဝးမွာေတာ့ အစိုးရအဖြဲ႕ ေဆာင္႐ြက္ခဲ့တဲ့ စီမံကိန္းနဲ႔ ေဒသဖြံ႕ၿဖိဳး လုပ္ငန္းစဥ္ေတြ အပါအဝင္ ေမာ္လၿမိဳင္ ကမ္းနားလမ္းရွိရာမည ဆိပ္ခံတံတား ျပင္ဆင္မြမ္းမံမႈေတြနဲ႔ ပတ္သက္တဲ့ ဆက္စပ္ ေမးခြန္းေတြကို ကိုယ္စားလွယ္ေတြက ေမးျမန္းခဲ့ၾကပါတယ္။

ေဇာ္လြင္ထြဋ္  DVB TV News