မန်ယူနိုက်တက်က ဂျူဗင်တပ်စ် နည်းပြဟောင်းကို ချိတ်ဆက်နေဟု သတင်းထွက်

48

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်စ် နည်းပြဟောင်း အယ်လီဂရီကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

လက်ရှိအချိန်မှာတော့ နည်းပြဆိုးလ်ရှားကို ရာသီအကုန်အထိ ကိုင်တွယ်စေမှာ ဖြစ်ပေမယ့် အခုနှစ် ဘောလုံးရာသီအကုန်မှာတော့ အီတလီ နည်းပြ အယ်လီဂရီကို ခေါ်ယူခန့်အပ်ဖို့ စီစဉ်နေတာပါ။

အီတလီသတင်းစာ Sport Media Set ဖော်ပြချက်အရ နည်းပြ အယ်လီဂရီဟာ အင်္ဂလိပ်စာကိုလည်း လေ့လာသင်ယူနေပြီး မန်ယူအသင်း နည်းပြရာထူးအတွက် ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

အယ်လီဂရီဟာ ဂျူဗင်တပ်စ်အသင်း အသင်းနဲ့အတူ ဆုဖလား ၁၄ လုံး ရအောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပြီး မန်ယူအသင်းအပြင် ပီအက်စ်ဂျီအသင်းနဲ့လည်း သတင်းထွက်ပေါ်နေပါတယ်။

DVB TV News

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဂ်ဴဗင္တပ္စ္ နည္းျပေဟာင္း အယ္လီဂရီကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနတယ္လို႔ သတင္းထြက္ေပၚေနပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ နည္းျပဆိုးလ္ရွားကို ရာသီအကုန္အထိ ကိုင္တြယ္ေစမွာ ျဖစ္ေပမယ့္ အခုႏွစ္ ေဘာလုံးရာသီအကုန္မွာေတာ့ အီတလီ နည္းျပ အယ္လီဂရီကို ေခၚယူခန႔္အပ္ဖို႔ စီစဥ္ေနတာပါ။

အီတလီသတင္းစာ Sport Media Set ေဖာ္ျပခ်က္အရ နည္းျပ အယ္လီဂရီဟာ အဂၤလိပ္စာကိုလည္း ေလ့လာသင္ယူေနၿပီး မန္ယူအသင္း နည္းျပရာထူးအတြက္ ႀကိဳတင္ျပင္ဆင္ထားတယ္လို႔ ဆိုပါတယ္။

အယ္လီဂရီဟာ ဂ်ဴဗင္တပ္စ္အသင္း အသင္းနဲ႔အတူ ဆုဖလား ၁၄ လုံး ရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သူ ျဖစ္ၿပီး မန္ယူအသင္းအျပင္ ပီအက္စ္ဂ်ီအသင္းနဲ႔လည္း သတင္းထြက္ေပၚေနပါတယ္။

DVB TV News