ပေပေ၏ အကောင်းဆုံးခြေစွမ်းကို မြင်တွေ့ရတော့မည်ဟု အာဆင်နယ်နည်းပြပြော

65
Reuters

အာဆင်နယ် တောင်ပံတိုက်စစ်ကစားသမား ပေပေရဲ့ အကောင်းဆုံးခြေစွမ်းကို မြင်တွေ့ရ တော့မှာဖြစ်တယ်လို့ နည်းပြအာတီတာကပြောပါတယ်။

နီကိုလပ်ပေပေဟာပြင်သစ် ကလပ်လိုင်လီအသင်းကနေ အခုနှစ်ရာသီအစကမှ ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

လက်ရှိအချိန်အထိ ပရီးမီးယားလိဂ် ၂၁ပွဲမှာ ၃ ဂိုးသွင်း၊ ၃ကြိမ်ဂိုးဖန်တီးမူပြုလုပ်ထားတဲ့ ပေပေဟာ ပရီးမီးယားလိဂ်မှာ အသားကျဖို့အတွက် အချိန်ယူရမှာဖြစ်ပြီး ဘယ်ကစားသမားမဆို အလျင်အမြန် အထိုင်ကျဖို့ ခက်ခဲတယ်လို့ နည်းပြအာတီတာကပြောပါတယ်။

ဒါပေမယ့် ပေပေရဲ့ အကောင်းဆုံး ခြေစွမ်းကို မြင်ရဖို့အတွက် အချိန်သိပ်မလိုတော့ကြောင်း အာတီတာကပြောပါတယ်။

ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာတဲ့ ကစားသမားတိုင်းဟာ ပထမ တစ်နှစ်လောက်မှာ ရုန်းကန်ရလေ့ရှိပြီး နောက်ထပ် ၅ နှစ်လောက်မှာတော့ အကောင်းဆုံးခြေစွမ်းပြလေ့ရှိတာကို မြင်တွေ့ နိုင်ကြောင်းလည်း အာတီတာကပြောပါတယ်။

DVB TV News

—————

အာဆင္နယ္ ေတာင္ပံတိုက္စစ္ကစားသမား ေပေပရဲ႕ အေကာင္းဆုံးေျခစြမ္းကို ျမင္ေတြ႕ရ ေတာ့မွာျဖစ္တယ္လို႔ နည္းျပအာတီတာကေျပာပါတယ္။

နီကိုလပ္ေပေပဟာျပင္သစ္ ကလပ္လိုင္လီအသင္းကေန အခုႏွစ္ရာသီအစကမွ ေပါင္ ၇၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တာပါ။

လက္ရွိအခ်ိန္အထိ ပရီးမီးယားလိဂ္ ၂၁ပြဲမွာ ၃ ဂိုးသြင္း၊ ၃ႀကိမ္ဂိုးဖန္တီးမူျပဳလုပ္ထားတဲ့ ေပေပဟာ ပရီးမီးယားလိဂ္မွာ အသားက်ဖို႔အတြက္ အခ်ိန္ယူရမွာျဖစ္ၿပီး ဘယ္ကစားသမားမဆို အလ်င္အျမန္ အထိုင္က်ဖို႔ ခက္ခဲတယ္လို႔ နည္းျပအာတီတာကေျပာပါတယ္။

ဒါေပမယ့္ ေပေပရဲ႕ အေကာင္းဆုံး ေျခစြမ္းကို ျမင္ရဖို႔အတြက္ အခ်ိန္သိပ္မလိုေတာ့ေၾကာင္း အာတီတာကေျပာပါတယ္။

ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕လာတဲ့ ကစားသမားတိုင္းဟာ ပထမ တစ္ႏွစ္ေလာက္မွာ ႐ုန္းကန္ရေလ့ရွိၿပီး ေနာက္ထပ္ ၅ ႏွစ္ေလာက္မွာေတာ့ အေကာင္းဆုံးေျခစြမ္းျပေလ့ရွိတာကို ျမင္ေတြ႕ ႏိုင္ေၾကာင္းလည္း အာတီတာကေျပာပါတယ္။

DVB TV News