တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီ ၁၃ ရက်နေ့က ၁၁၆ ဦး ထပ်မံသေဆုံး

24

တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီ ၁၄ ရက်ထိ သေဆုံးသူ ၁၃၈၀ နဲ့ ကူးစက်ခံရသူ ၆၃၈၅၁ ဦး ရှိပြီလို့ သိရပါတယ်။ဖေဖော်ဝါရီ ၁၃ ရက်နေ့ တနေ့တည်းမှာ သေဆုံးသူ ၁၁၆ ယောက်နဲ့ ထပ်မံကူးစက်ခံရသူ ၄၈၂၃ ယောက် ရှိခဲ့ပါတယ်။

ဒါကြောင့် ဖေဖော်ဝါရီ ၁၄ ရက် စာရင်းတွေအရ ကမ္ဘာတဝှမ်းသေဆုံးသူ ၁၃၈၃ ယောက် ရှိပြီး ကူးစက်ခံရသူ ၆၄,၄၃၈ ယောက် ရှိပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်ကောင်းလာသူဟာ ၇၀၈၀ ရှိတယ်လို့ သိရပါတယ်။ဖေဖော်ဝါရီ ၁၃ ရက်က အသက် ၈၀ အရွယ် ဂျပန်အမျိုးသမီးတဦး ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးခဲ့တယ်လို့ ဂျပန်အာဏာပိုင်တွေက ပြောကြားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျပန်၊ ဟောင်ကောင်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ ၁ ဦးစီ သေဆုံးခဲ့ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ ပြင်ပမှာ ကူးစက်မှု သိပ်မမြင့်မားဘူးလို့ ပြောကြားပါတယ်။

ခြွင်းချက်တခုအနေနဲ့ ဂျပန်ဆိပ်ကမ်းမှာ ကမ်းကပ်ထားတဲ့ Diamond Princess အပျော်စီးသင်္ဘောပေါ်မှာ နောက်ထပ် ကူးစက်ခံရသူ ၄၄ ယောက်တွေ့ရှိပြီး စုစုပေါင်းကူးစက်ခံရသူ ၂၁၈ ယောက်အထိ ရှိလာပါတယ်။ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနှုန်းနဲ့ ပြင်းထန်နှုန်း ပုံစံတွေမှာ သိသိသာသာ အပြောင်းအလဲမရှိဘူးလို့လည်း WHO က ထုတ်ပြန်ထားပါတယ်။

DVB TV News

တ႐ုတ္ႏိုင္ငံ၊ ဟူေဘးျပည္နယ္မွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေဖေဖာ္ဝါရီ ၁၄ ရက္ထိ ေသဆုံးသူ ၁၃၈၀ နဲ႔ ကူးစက္ခံရသူ ၆၃၈၅၁ ဦး ရွိၿပီလို႔ သိရပါတယ္။ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔ တေန႔တည္းမွာ ေသဆုံးသူ ၁၁၆ ေယာက္နဲ႔ ထပ္မံကူးစက္ခံရသူ ၄၈၂၃ ေယာက္ ရွိခဲ့ပါတယ္။

ဒါေၾကာင့္ ေဖေဖာ္ဝါရီ ၁၄ ရက္ စာရင္းေတြအရ ကမာၻတဝွမ္းေသဆုံးသူ ၁၃၈၃ ေယာက္ ရွိၿပီး ကူးစက္ခံရသူ ၆၄,၄၃၈ ေယာက္ ရွိပါတယ္။ ဒါ့အျပင္ ဗိုင္းရပ္စ္ကူးစက္ခံရၿပီး ျပန္ေကာင္းလာသူဟာ ၇၀၈၀ ရွိတယ္လို႔ သိရပါတယ္။ေဖေဖာ္ဝါရီ ၁၃ ရက္က အသက္ ၈၀ အ႐ြယ္ ဂ်ပန္အမ်ိဳးသမီးတဦး ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ေသဆုံးခဲ့တယ္လို႔ ဂ်ပန္အာဏာပိုင္ေတြက ေျပာၾကားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဂ်ပန္၊ ေဟာင္ေကာင္နဲ႔ ဖိလစ္ပိုင္ႏိုင္ငံတို႔မွာ ၁ ဦးစီ ေသဆုံးခဲ့ပါတယ္။ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ကို႐ိုနာဗိုင္းရပ္စ္ဟာ တ႐ုတ္ႏိုင္ငံ ျပင္ပမွာ ကူးစက္မႈ သိပ္မျမင့္မားဘူးလို႔ ေျပာၾကားပါတယ္။

ႁခြင္းခ်က္တခုအေနနဲ႔ ဂ်ပန္ဆိပ္ကမ္းမွာ ကမ္းကပ္ထားတဲ့ Diamond Princess အေပ်ာ္စီးသေဘၤာေပၚမွာ ေနာက္ထပ္ ကူးစက္ခံရသူ ၄၄ ေယာက္ေတြ႕ရွိၿပီး စုစုေပါင္းကူးစက္ခံရသူ ၂၁၈ ေယာက္အထိ ရွိလာပါတယ္။ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးႏႈန္းနဲ႔ ျပင္းထန္ႏႈန္း ပုံစံေတြမွာ သိသိသာသာ အေျပာင္းအလဲမရွိဘူးလို႔လည္း WHO က ထုတ္ျပန္ထားပါတယ္။

DVB TV News