ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် ကောလာဟလများ ထပ်ဆင့်ဖြန့်ဝေခြင်းမပြုလုပ်ရန် နှိုးဆော်

18

ကိုရိုနာဗိုင်းရပ်ရောဂါနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ လူမှုကွန်ရက်မှာ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေတာရှိနေတဲ့အတွက် သတင်းတု၊ သတင်းမှားတွေကို ထပ်ဆင့်ဖြန့်ဝေတာ ရှောင်ရှားကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အများပြည်သူတွေကို အသိပေးနှိုးဆော်ထားပါတယ်။

ရောဂါစောင့်ကြည့်လူနာတွေနဲ့ပတ်သက်တဲ့ မဟုတ်မမှန်သတင်းတွေကို ဖေ့စ်ဘွတ်ခ် အကောင့်တွေမှာ ဖြန့်ဝေနေတာဟာ လူ့ကျင့်ဝတ်တွေနဲ့လည်းမညီဘဲ အများပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်စေသလို လူနာနဲ့ လူနာ မိသားစုဝင်တွေ အလွန်နစ်နာစေတဲ့အပြင် လူနာတွေကို အနီးကပ် ကုသစောင့်ရှောက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေပါ ထိခိုက်နစ်နာစေတယ်လို့ ကျန်းမာရေးဌာနကဆိုပါတယ်။

“ပြည်သူများ ထိတ်လန့်ကြောက်ရွံ့စေရန်၊ အခြေအနေအရပ်ရပ် တည်ငြိမ်မှုမရှိစေရန်နှင့် ထိုသို့ ထိတ်လန့်ကြောက်ရွံ့မှုအပေါ် အခွင့်ကောင်းယူကာ စီးပွားရေး အကျိုးအမြတ်အပါအဝင် အကျိုးအမြတ်များရရှိစေရေးအတွက် မသမာသူများက တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းဖြင့်လည်းကောင်း ကောလာဟလ သတင်းတု၊ သတင်းမှားများနှင့် လွှဲမှားသော ကျန်းမာရေးအယူအဆများကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေသည်ကိုလည်း တွေ့ရှိနေရပါတယ်” လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့ကြောင့် သက်ဆိုင်တာဝန်ရှိသူတွေက Myanmar Facebook Team နဲ့ တွေ့ဆုံပြီး လူမှုကွန်ရက်မှာ ဖန်တီးဖြန့်ဝေနေတဲ့ ကောလာဟလ သတင်းမှားတွေကို ဖယ်ရှားရှင်းလင်းနိုင်ဖို့ ညှိနှိုင်းဆွေးနွေးခဲ့သလို ပြည်သူတွေအနေနဲ့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေနဲ့ နိုင်ငံတော်က အသိအမှတ်ပြုထားတဲ့ တရားဝင်သတင်းမီဒီယာတွေက သတင်းတွေကိုသာ ယုံကြည်ကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

DVB TV News

ကို႐ိုနာဗိုင္းရပ္ေရာဂါနဲ႔ ပတ္သက္တဲ့ ေကာလာဟလေတြ လူမႈကြန္ရက္မွာ ရည္႐ြယ္ခ်က္ရွိရွိ ျဖန႔္ေဝတာရွိေနတဲ့အတြက္ သတင္းတု၊ သတင္းမွားေတြကို ထပ္ဆင့္ျဖန႔္ေဝတာ ေရွာင္ရွားၾကဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက အမ်ားျပည္သူေတြကို အသိေပးႏႈိးေဆာ္ထားပါတယ္။

ေရာဂါေစာင့္ၾကည့္လူနာေတြနဲ႔ပတ္သက္တဲ့ မဟုတ္မမွန္သတင္းေတြကို ေဖ့စ္ဘြတ္ခ္ အေကာင့္ေတြမွာ ျဖန႔္ေဝေနတာဟာ လူ႔က်င့္ဝတ္ေတြနဲ႔လည္းမညီဘဲ အမ်ားျပည္သူေတြကို ထင္ေယာင္ထင္မွားျဖစ္ေစသလို လူနာနဲ႔ လူနာ မိသားစုဝင္ေတြ အလြန္နစ္နာေစတဲ့အျပင္ လူနာေတြကို အနီးကပ္ ကုသေစာင့္ေရွာက္ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြပါ ထိခိုက္နစ္နာေစတယ္လို႔ က်န္းမာေရးဌာနကဆိုပါတယ္။

“ျပည္သူမ်ား ထိတ္လန႔္ေၾကာက္႐ြံ႕ေစရန္၊ အေျခအေနအရပ္ရပ္ တည္ၿငိမ္မႈမရွိေစရန္ႏွင့္ ထိုသို႔ ထိတ္လန႔္ေၾကာက္႐ြံ႕မႈအေပၚ အခြင့္ေကာင္းယူကာ စီးပြားေရး အက်ိဳးအျမတ္အပါအဝင္ အက်ိဳးအျမတ္မ်ားရရွိေစေရးအတြက္ မသမာသူမ်ားက တစ္ဦးခ်င္းေသာ္လည္းေကာင္း၊ အဖြဲ႕အစည္းျဖင့္လည္းေကာင္း ေကာလာဟလ သတင္းတု၊ သတင္းမွားမ်ားႏွင့္ လႊဲမွားေသာ က်န္းမာေရးအယူအဆမ်ားကို ရည္႐ြယ္ခ်က္ရွိရွိ ဖန္တီးေနသည္ကိုလည္း ေတြ႕ရွိေနရပါတယ္” လို႔ က်န္းမာေရးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ဒါ့ေၾကာင့္ သက္ဆိုင္တာဝန္ရွိသူေတြက Myanmar Facebook Team နဲ႔ ေတြ႕ဆုံၿပီး လူမႈကြန္ရက္မွာ ဖန္တီးျဖန႔္ေဝေနတဲ့ ေကာလာဟလ သတင္းမွားေတြကို ဖယ္ရွားရွင္းလင္းႏိုင္ဖို႔ ညႇိႏႈိင္းေဆြးေႏြးခဲ့သလို ျပည္သူေတြအေနနဲ႔လည္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္ေတြနဲ႔ ႏိုင္ငံေတာ္က အသိအမွတ္ျပဳထားတဲ့ တရားဝင္သတင္းမီဒီယာေတြက သတင္းေတြကိုသာ ယုံၾကည္ၾကဖို႔လည္း ေမတၱာရပ္ခံထားပါတယ္။