Mytel နဲ့ ပတ်သက်နေတဲ့ အကောင့်စာမျက်နှာတွေ ဖေ့စ်ဘွတ် ဖျက်သိမ်း

18

~~~~~~
■ မြန်မာပြည်သူတွေကို မရိုးမသား သတင်းမှားတွေ ဖြန့်ချိနေတဲ့ ဖေ့စ်ဘွတ်အကောင့် ၁၃ ခု နဲ့ စာမျက်နှာ ၁ဝ ခုကို ဖယ်ရှားလိုက်ကြောင်းနဲ့ အဲဒီ အကောင့်တွေနဲ့ စာမျက်နှာတွေဟာ မြန်မာ့တပ်မတော်က အစုရှယ်ယာ ပါဝင်တဲ့ Mytel နဲ့ ဗီယက်နမ် အစိုးရပိုင် Viettel ဗီယက်တဲလ် ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ ပတ်သက်ဆက်နွယ်နေတာကို စုံစမ်းစစ်ဆေးတွေ့ရှိခဲ့ရကြောင်း ဖေ့စ်ဘွတ်ကုမ္ပဏီက မနေ့က ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။

အဲဒီ စာရင်းအတုဖွင့်ထားတဲ့ ပိုင်ရှင်တွေဟာ သူတို့ ဘယ်သူတွေလဲ၊ ဘာတွေလုပ်နေသလဲ စတဲ့ မူလဇစ်မြစ်တွေကို ဖုံးကွယ်ထားကြပြီး တခြားဆက်သွယ်ရေးကုမ္ပဏီတွေကို သုံးစွဲနေတဲ့ ပုဂ္ဂလိက အပြင်လူတွေ အသွင်ဆောင်ကာ ဖေ့စ်ဘွတ်ကြည့်ရှု အသုံးပြုနေသူတွေကို လှည့်စားခဲ့ကြကြောင်း၊ ဒါ့အပြင် တဦးနဲ့ တဦး အဆက်အသွယ် မရှိဟန်ဆောင်ခဲ့ကြပေမယ့် အမှန်တကယ်မှာ သူတို့ အချင်းချင်းချိတ်ဆက်ပြီး လှုပ်ရှားခဲ့ကြတာကို ဖေ့စ်ဘွတ်ကုမ္ပဏီက ထောက်လှမ်းသိရှိခဲ့ရတဲ့အတွက် အခုလို ဖယ်ရှား အရေးယူရတာဖြစ်ကြောင်း စသဖြင့် ဖေ့စ်ဘွတ်ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ အဲဒီ အကောင့်အတုနဲ့ စာမျက်နှာ အတု ပိုင်ရှင်တွေက မြန်မာပြည်က တခြားဆက်သွယ်ရေးကုမ္ပဏီတွေကို ထိခိုက်စေတဲ့ မကောင်းသတင်းတွေ ဖြန့်ချိခဲ့ကြပုံတွေကိုလည်း ဖေ့စ်ဘွတ်က နမူနာ ဓါတ်ပုံတွေနဲ့ ဖော်ပြထားပါတယ်။ အဲဒီ နမူနာ ဓာတ်ပုံကြော်ငြာတွေထဲမှာ Mytel နဲ့ ပြိုင်ဖက်ဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းက သုံးစွဲခ ဈေးနှုန်းမြှင့်တင်မှုကို ကန့်ကွက်ဖို့ နှိုးဆော်၊ ရှုတ်ချချက်တွေလည်း ပါရှိပါတယ်။

အဲဒီအကောင့်အတု ပိုင်ရှင်တွေဟာ သတင်း အချက်အလက်မှားတွေကို ဖြန့်ချိဖို့အတွက် ကြော်ငြာခအဖြစ် အမေရိကန် ဒေါ်လာ ၁ သန်းကျော် (၁၁၅၅ဝဝဝ) ကို သုံးစွဲခဲ့ပြီး သူတို့ကို ကြည့်ရှုတဲ့ Follower ပေါင်း ၂၆၅၆ဝဝ ရှိတာကိုလည်း စုံစမ်းတွေ့ရှိခဲ့ရတယ်လို့ ဖေ့စ်ဘွတ်က ပြောပါတယ်။

ဒ့ါအပြင် ဖေ့စ်ဘွတ်စာမျက်နှာ အလွဲသုံးစားပြုမှုတွေကို ဆက်လက် ဖော်ထုတ်အရေးယူမှာ ဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ နည်းပညာတွေကို သုံးစွဲမှာဖြစ်သလို ဝန်ထမ်းအင်အားကိုလည်း တိုးချဲ့ပြီး တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေနဲ့လည်း ပိုမိုနီးကပ်စွာ ဆက်သွယ် တိုက်ဖျက်မှာ ဖြစ်ပါတယ် စသဖြင့် ဖေ့စ်ဘွတ်ကုမ္ပဏီရဲ့ ဖေဖော်ဝါရီ ၂၂ ရက် နေ့စွဲနဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို ဖေ့စ်ဘွတ်ကုမ္ပဏီ ရဲ့ ကြေညာချက်မှာ ပါဝင်တဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး Mytel ကုမ္ပဏီ ရဲ့ တုံ့ပြန်ပြောကြားချက်ကို လတ်တလော မသိရသေးပါဘူး။

– Unicode
~~~~~~~~~

Mytel နဲ့ ပတ်သက်နေတဲ့ အကောင့်စာမျက်နှာတွေ ဖေ့စ်ဘွတ် ဖျက်သိမ်း
~~~~~~
■ မြန်မာပြည်သူတွေကို မရိုးမသား သတင်းမှားတွေ ဖြန့်ချိနေတဲ့ ဖေ့စ်ဘွတ်အကောင့် ၁၃ ခု နဲ့ စာမျက်နှာ ၁ဝ ခုကို ဖယ်ရှားလိုက်ကြောင်းနဲ့ အဲဒီ အကောင့်တွေနဲ့ စာမျက်နှာတွေဟာ မြန်မာ့တပ်မတော်က အစုရှယ်ယာ ပါဝင်တဲ့ Mytel နဲ့ ဗီယက်နမ် အစိုးရပိုင် Viettel ဗီယက်တဲလ် ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ ပတ်သက်ဆက်နွယ်နေတာကို စုံစမ်းစစ်ဆေးတွေ့ရှိခဲ့ရကြောင်း ဖေ့စ်ဘွတ်ကုမ္ပဏီက မနေ့က ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။

အဲဒီ စာရင်းအတုဖွင့်ထားတဲ့ ပိုင်ရှင်တွေဟာ သူတို့ ဘယ်သူတွေလဲ၊ ဘာတွေလုပ်နေသလဲ စတဲ့ မူလဇစ်မြစ်တွေကို ဖုံးကွယ်ထားကြပြီး တခြားဆက်သွယ်ရေးကုမ္ပဏီတွေကို သုံးစွဲနေတဲ့ ပုဂ္ဂလိက အပြင်လူတွေ အသွင်ဆောင်ကာ ဖေ့စ်ဘွတ်ကြည့်ရှု အသုံးပြုနေသူတွေကို လှည့်စားခဲ့ကြကြောင်း၊ ဒါ့အပြင် တဦးနဲ့ တဦး အဆက်အသွယ် မရှိဟန်ဆောင်ခဲ့ကြပေမယ့် အမှန်တကယ်မှာ သူတို့ အချင်းချင်းချိတ်ဆက်ပြီး လှုပ်ရှားခဲ့ကြတာကို ဖေ့စ်ဘွတ်ကုမ္ပဏီက ထောက်လှမ်းသိရှိခဲ့ရတဲ့အတွက် အခုလို ဖယ်ရှား အရေးယူရတာဖြစ်ကြောင်း စသဖြင့် ဖေ့စ်ဘွတ်ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ အဲဒီ အကောင့်အတုနဲ့ စာမျက်နှာ အတု ပိုင်ရှင်တွေက မြန်မာပြည်က တခြားဆက်သွယ်ရေးကုမ္ပဏီတွေကို ထိခိုက်စေတဲ့ မကောင်းသတင်းတွေ ဖြန့်ချိခဲ့ကြပုံတွေကိုလည်း ဖေ့စ်ဘွတ်က နမူနာ ဓါတ်ပုံတွေနဲ့ ဖော်ပြထားပါတယ်။ အဲဒီ နမူနာ ဓာတ်ပုံကြော်ငြာတွေထဲမှာ Mytel နဲ့ ပြိုင်ဖက်ဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းက သုံးစွဲခ စျေးနှုန်းမြှင့်တင်မှုကို ကန့်ကွက်ဖို့ နှိုးဆော်၊ ရှုတ်ချချက်တွေလည်း ပါရှိပါတယ်။

အဲဒီအကောင့်အတု ပိုင်ရှင်တွေဟာ သတင်း အချက်အလက်မှားတွေကို ဖြန့်ချိဖို့အတွက ကြော်ငြာခအဖြစ် အမေရိကန် ဒေါ်လာ ၁ သန်းကျော် (၁၁၅၅ဝဝဝ) ကို သုံးစွဲခဲ့ပြီး သူတို့ကိုိ ကြည့်ရှုတဲ့ Follower ပေါင်း ၂၆၅၆ဝဝ ရှိတာကိုလည်း စုံစမ်းတွေ့ရှိခဲ့ရတယ်လို့ ဖေ့စ်ဘွတ်က ပြောပါတယ်။

Photo: Reuters