ဘူးသီးတောင်တွင် လက်နက်ကြီးကျည်ကျ

23

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာအုပ်စု၊ ရေချမ်းပြင် ကျေးရွာမှာ ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၃ နာရီလောက်က လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာကြောင့် သုံးယောက်သေဆုံးခဲ့ပြီး နှစ်ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျေးရွာသားတွေ က ပြောပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့နေအိမ်ဟာ ရေချမ်းပြင်ကျေးရွာက ဦးဆီရော်ဒိန် နေအိမ်ဖြစ်ပြီး သူ့ဇနီးအပါအဝင်သားတဦးနဲ့ မြေးတဦးတို့ သေဆုံးခဲ့တာလို့ ရေချမ်းပြင်ကျေးရွာတာဝန်ခံ အဒူဆလင်က ပြောဆိုပါတယ်။
“သူတို့က ထမင်းစားဖို့လုပ်နေတာ၊ အဲ့ဒီမှာ လက်နက်ကြီးက အိမ်ကိုလာကျတာ၊ နေရာမှာ နှစ်ယောက်သေတယ်။ ဆေးရုံမှာတယောက်သေတယ်။ ဒဏ်ရာရတာ နှစ်ယောက်ရတယ်။ ကျနော်တို့ရွာကလူတွေကတော့ အကုန်ကြောက်လန့် နေကြတယ်။ နောက်ထပ်ပြီးတော့ လက်နက်ကြီးကျမလားဆိုတာကို”လို့ပြောပါတယ်။

ရေချမ်းပြင်ကျေးရွာက အမည်မဖော်လိုတဲ့ ကျေးရွာလူကြီးတဦးက “ကျနော်တို့ နောက်ထပ် ကျေးရွာကို လက်နက်ကြီးကျမှာ စိုးရိမ်ပါတယ်။ အခုကလေးတွေဆိုရင် အကုန်ကြောက်လန့်နေ ကြပြီ၊ ကျနော်တို့နဲ့ မနီးမဝေးမှာလည်း စိုင်းဒင်တံတားဆိုတာ ရှိတယ်။ အဲ့ဒီမှာတပ်ကနေရာ ယူတပ်စွဲထားတာရှိတယ်။ နယ်ခြားစောင့်လည်း ရှိတယ်။ ကျနော်တို့ရွာက လူတွေ အကုန်စိုးရိမ်နေကြတယ်။”လို့ ပြောပါတယ်။

သေဆုံးသူတွေကတော့ ဦးဆီရော်ဒိန်ရဲ့ ဇနီး အသက် ၄၇ နှစ်အရွယ်နဲ့ သားဖြစ်သူ အသက် ၁၇ နှစ်အရွယ်တို့သေဆုံးခဲပြီး မြေးဖြစ်သူ ၁ နှစ်အရွယ် မိန်းကလေးကတော့ ဘူးသီးတောင်ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ ကျေးရွာသားတွေကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ အခုရက်ပိုင်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး လက်နက်ကြီးကျည်ကျလို့ အရပ်သားတွေသေဆုံး၊ ထိခိုက်ဒဏ်ရာရတာ များပြားလာနေပါတယ်။

အခုကိစ္စနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို မေးမြန်ရာ သူတို့ဘက်က ပစ်တာမဟုတ်ဘဲ တပ်မတော်ဘက်က ပစ်ခတ်တာဖြစ်တယ်လို့ စွပ်စွဲပြောဆိုပါတယ်။ဒီလိုစွပ်စွဲပြောဆိုချက်နဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဖုန်းဆက်သွယ်ခဲ့ရမှာ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

DVB TV News

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ သရက္ျပင္ေက်း႐ြာအုပ္စု၊ ေရခ်မ္းျပင္ ေက်း႐ြာမွာ ေဖေဖာ္ဝါရီ ၁၂ ရက္ ညေန ၃ နာရီေလာက္က လက္နက္ႀကီးက်ေရာက္ ေပါက္ကြဲခဲ့တာေၾကာင့္ သုံးေယာက္ေသဆုံးခဲ့ၿပီး ႏွစ္ေယာက္ဒဏ္ရာရရွိခဲ့တယ္လို႔ ေက်း႐ြာသားေတြ က ေျပာပါတယ္။

လက္နက္ႀကီးက်ေရာက္ေပါက္ကြဲခဲ့တဲ့ေနအိမ္ဟာ ေရခ်မ္းျပင္ေက်း႐ြာက ဦးဆီေရာ္ဒိန္ ေနအိမ္ျဖစ္ၿပီး သူ႔ဇနီးအပါအဝင္သားတဦးနဲ႔ ေျမးတဦးတို႔ ေသဆုံးခဲ့တာလို႔ ေရခ်မ္းျပင္ေက်း႐ြာတာဝန္ခံ အဒူဆလင္က ေျပာဆိုပါတယ္။
“သူတို႔က ထမင္းစားဖို႔လုပ္ေနတာ၊ အဲ့ဒီမွာ လက္နက္ႀကီးက အိမ္ကိုလာက်တာ၊ ေနရာမွာ ႏွစ္ေယာက္ေသတယ္။ ေဆး႐ုံမွာတေယာက္ေသတယ္။ ဒဏ္ရာရတာ ႏွစ္ေယာက္ရတယ္။ က်ေနာ္တို႔႐ြာကလူေတြကေတာ့ အကုန္ေၾကာက္လန႔္ ေနၾကတယ္။ ေနာက္ထပ္ၿပီးေတာ့ လက္နက္ႀကီးက်မလားဆိုတာကို”လို႔ေျပာပါတယ္။

ေရခ်မ္းျပင္ေက်း႐ြာက အမည္မေဖာ္လိုတဲ့ ေက်း႐ြာလူႀကီးတဦးက “က်ေနာ္တို႔ ေနာက္ထပ္ ေက်း႐ြာကို လက္နက္ႀကီးက်မွာ စိုးရိမ္ပါတယ္။ အခုကေလးေတြဆိုရင္ အကုန္ေၾကာက္လန႔္ေန ၾကၿပီ၊ က်ေနာ္တို႔နဲ႔ မနီးမေဝးမွာလည္း စိုင္းဒင္တံတားဆိုတာ ရွိတယ္။ အဲ့ဒီမွာတပ္ကေနရာ ယူတပ္စြဲထားတာရွိတယ္။ နယ္ျခားေစာင့္လည္း ရွိတယ္။ က်ေနာ္တို႔႐ြာက လူေတြ အကုန္စိုးရိမ္ေနၾကတယ္။”လို႔ ေျပာပါတယ္။

ေသဆုံးသူေတြကေတာ့ ဦးဆီေရာ္ဒိန္ရဲ႕ ဇနီး အသက္ ၄၇ ႏွစ္အ႐ြယ္နဲ႔ သားျဖစ္သူ အသက္ ၁၇ ႏွစ္အ႐ြယ္တို႔ေသဆုံးခဲၿပီး ေျမးျဖစ္သူ ၁ ႏွစ္အ႐ြယ္ မိန္းကေလးကေတာ့ ဘူးသီးေတာင္ေဆး႐ုံမွာ ေသဆုံးသြားခဲ့တယ္လို႔ ေက်း႐ြာသားေတြကေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ေအေအတို႔ အခုရက္ပိုင္း တိုက္ပြဲျပင္းထန္စြာျဖစ္ပြားေနၿပီး လက္နက္ႀကီးက်ည္က်လို႔ အရပ္သားေတြေသဆုံး၊ ထိခိုက္ဒဏ္ရာရတာ မ်ားျပားလာေနပါတယ္။

အခုကိစၥနဲ႔ပတ္သက္လို႔ ရကၡိဳင့္တပ္ေတာ္ေအေအ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကို ေမးျမန္ရာ သူတို႔ဘက္က ပစ္တာမဟုတ္ဘဲ တပ္မေတာ္ဘက္က ပစ္ခတ္တာျဖစ္တယ္လို႔ စြပ္စြဲေျပာဆိုပါတယ္။ဒီလိုစြပ္စြဲေျပာဆိုခ်က္နဲ႔ပတ္သက္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းစီးဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကို ဖုန္းဆက္သြယ္ခဲ့ရမွာ ဖုန္းလက္ခံေျဖဆိုတာ မရွိပါဘူး။

DVB TV News