တရားဥပဒေစိုးမိုးရေး အဓိကစိန်ခေါ်မှုဖြစ်ဟု ပြည်ထဲရေးဝန်ကြီးသစ်ပြော

51

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးက အဓိကစိန်ခေါ်မှုဖြစ်ပြီး ပြည်သူလူထုမပါဘဲ တရားဥပဒေစိုးမိုးရေးလုပ်မရဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် အတည်ပြုခန့်အပ်ခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းဝေးခေတ္တရပ်နားချိန်မှာ မီဒီယာ တွေရဲ့ မေးမြန်းမှုတွေကို အခုလို ဖြေဆိုခဲ့တာဖြစ်ပါတယ်။

“တရားဥပဒေစိုးမိုးရေးကတော့ အဓိကစိန်ခေါ်မှုပေါ့။ အဲဒါကိုသေချာလုပ်ရမှာပေါ့။ တို့ နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးက အဓိက အရေးကြီးတာကို ဒါလေးရအောင်လို့ ဆောင်ရွက်ပေးရ မှာပေါ့ ” လို့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြောပါတယ်။

အမှုတခုဖော်ထုတ်တဲ့နေရာမှာ ရဲတပ်ဖွဲ့တခုတည်း တာဝန်ရှိတာမဟုတ်ဘဲ ပြည်သူတွေက ဝိုင်းဝန်းကူညီပေးမှ ဖော်ထုတ်လို့ ရတာလို့လည်း ပြောပါတယ်။

“အမှုတစ်ခုဖြစ်တိုင်း ဖော်ထုတ်ဖို့ဆိုတာ ရဲမှာပဲ တာဝန်ရှိတယ်၊ လုံခြုံရေးလုပ်တဲ့သူတွေမှာပဲ တာဝန်ရှိတာမဟုတ်ဘူး ပြည်သူလူထုအားလုံးက ဝိုင်းပြီး အကုန်ဆောင်ရွက်ကြမှ ဖော်ထုတ်လို့ ရတာ။ အခုရန်ကုန်မှာဖြစ်သွားတဲ့ ကိစ္စဆိုလို့ရှိရင် အားလုံးဝိုင်းပြီးဆောင်ရွက်ကြရတာပဲ။ ဘဏ် ဝန်ထမ်းတွေကလည်း အရင်တုန်းက သူတို့ဆီမှာလာခဲ့တဲ့ဟာကို သိတယ်။ သူတို့ ကိုယ်တိုင်က ပြောပြတယ်။ အရင်တုန်းက ဘဏ်မှာလာပြီးတော့မှ ငွေထုတ်ငွေသွင်းလုပ်သွားတယ်ဆိုတာ သိ တယ်။ ဒီပေါ်မှာ ရဲကိုပြောတယ်။ ရဲကနေ ဒါကို လိုက်လံစုံစမ်းတယ်။ ဆိုလိုတာကတော့ ပြည်သူ လူထုမပါဘဲနဲ့တော့ တရားဥပဒေစိုးမိုး ရေးဆိုတာ လုပ်လို့မရဘူး။ အားလုံးဝိုင်းပြီး လုပ်ကြရမှာ ” လို့ ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကအတည်ပြုပြီး ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် သမ္မတက အတည်ပြဒခန့်အပ်ခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ ဒီကနေ့ လွှတ်တော်နာယကရှေ့မှာ ကတိသစ္စာပြုခဲ့ပါတယ်။

DVB TV News

ျမန္မာႏိုင္ငံမွာ တရားဥပေဒစိုးမိုးေရးက အဓိကစိန္ေခၚမႈျဖစ္ၿပီး ျပည္သူလူထုမပါဘဲ တရားဥပေဒစိုးမိုးေရးလုပ္မရဘူးလို႔ ျပည္ထဲေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးအျဖစ္ အတည္ျပဳခန႔္အပ္ခံရတဲ့ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္က ေျပာပါတယ္။

ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔ ျပည္ေထာင္စုလႊတ္ေတာ္အစည္းေဝးေခတၱရပ္နားခ်ိန္မွာ မီဒီယာ ေတြရဲ႕ ေမးျမန္းမႈေတြကို အခုလို ေျဖဆိုခဲ့တာျဖစ္ပါတယ္။

“တရားဥပေဒစိုးမိုးေရးကေတာ့ အဓိကစိန္ေခၚမႈေပါ့။ အဲဒါကိုေသခ်ာလုပ္ရမွာေပါ့။ တို႔ ႏိုင္ငံမွာ တရားဥပေဒစိုးမိုးေရးက အဓိက အေရးႀကီးတာကို ဒါေလးရေအာင္လို႔ ေဆာင္႐ြက္ေပးရ မွာေပါ့ ” လို႔ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္က ေျပာပါတယ္။

အမႈတခုေဖာ္ထုတ္တဲ့ေနရာမွာ ရဲတပ္ဖြဲ႕တခုတည္း တာဝန္ရွိတာမဟုတ္ဘဲ ျပည္သူေတြက ဝိုင္းဝန္းကူညီေပးမွ ေဖာ္ထုတ္လို႔ ရတာလို႔လည္း ေျပာပါတယ္။

“အမႈတစ္ခုျဖစ္တိုင္း ေဖာ္ထုတ္ဖို႔ဆိုတာ ရဲမွာပဲ တာဝန္ရွိတယ္၊ လုံၿခဳံေရးလုပ္တဲ့သူေတြမွာပဲ တာဝန္ရွိတာမဟုတ္ဘူး ျပည္သူလူထုအားလုံးက ဝိုင္းၿပီး အကုန္ေဆာင္႐ြက္ၾကမွ ေဖာ္ထုတ္လို႔ ရတာ။ အခုရန္ကုန္မွာျဖစ္သြားတဲ့ ကိစၥဆိုလို႔ရွိရင္ အားလုံးဝိုင္းၿပီးေဆာင္႐ြက္ၾကရတာပဲ။ ဘဏ္ ဝန္ထမ္းေတြကလည္း အရင္တုန္းက သူတို႔ဆီမွာလာခဲ့တဲ့ဟာကို သိတယ္။ သူတို႔ ကိုယ္တိုင္က ေျပာျပတယ္။ အရင္တုန္းက ဘဏ္မွာလာၿပီးေတာ့မွ ေငြထုတ္ေငြသြင္းလုပ္သြားတယ္ဆိုတာ သိ တယ္။ ဒီေပၚမွာ ရဲကိုေျပာတယ္။ ရဲကေန ဒါကို လိုက္လံစုံစမ္းတယ္။ ဆိုလိုတာကေတာ့ ျပည္သူ လူထုမပါဘဲနဲ႔ေတာ့ တရားဥပေဒစိုးမိုး ေရးဆိုတာ လုပ္လို႔မရဘူး။ အားလုံးဝိုင္းၿပီး လုပ္ၾကရမွာ ” လို႔ ဆိုပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမွာ လႊတ္ေတာ္ကအတည္ျပဳၿပီး ျပည္ထဲေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးအျဖစ္ သမၼတက အတည္ျပဒခန႔္အပ္ခံရတဲ့ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ဟာ ဒီကေန႔ လႊတ္ေတာ္နာယကေရွ႕မွာ ကတိသစၥာျပဳခဲ့ပါတယ္။

DVB TV News