အမ်းမြို့နယ် တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦး ဓားထိုးအသတ်ခံရ

24

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာမှာရှိတဲ့ ရဲကင်းစခန်းမှာ တာဝန်ထမ်းဆောင် နေတဲ့ ရဲဒုတပ်ကြပ် ထွန်းထွန်းနိုင်ဟာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့လယ်က ကဇုကိုင်းကျေးရွာမှာ ဓားထိုးသတ်ခံရပြီး သေဆုံးသွားပါတယ်။

သေဆုံးသူ ရဲဒုတပ်ကြပ်ထွန်းထွန်းနိုင်ဟာ ကဇုကိုင်းကျေးရွာ(စမ်းကြီးပိုင်း)ရှိ ကုန်စုံဆိုင်မှာ စျေးဝယ်ဖို့ ဆိုင်ကယ်နဲ့သွားရောက်ခဲ့စဉ် အမည်မသိဆိုင်ကယ်တစီးနဲ့ လူတဦးက နောက်က လိုက်လာတာကြောင့် ကုန်စုံဆိုင်အတွင်းကို ဝင်ရောက်သွားတဲ့အချိန်မှာ အဆိုပါအမည်မသိ အမျိုးသားက လိုက်လာကာ လုံးထွေးသတ်ပုတ်ခဲ့ ကြပြီး ရဲဒုတပ်ကြပ်ထွန်းထွန်းဝင်းကို ဓားနဲ့ထိုးသွားခဲ့တယ်လို့ ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံးက သိရပါ တယ်။

ဓားထိုးခံရမှုကြောင့် ရဲဒုတပ်ကြပ်ထွန်းထွန်းနိုင်ရဲ့ ဘယ်ဘက်ရင်အုံမှာ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ရင်ဝ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ချက်အထက်မှာ ထိုးသွင်းဒဏ်ရာ ၁ချက်၊ လည်ပင်းနဲ့ ဝဲဘက်ပါးပြင်တို့မှာ ပြတ်ရှဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့တာကြောင့် အမ်းမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ အမ်းမြို့မရဲစခန်းမှူး ဒုရဲမှူးအေးမင်းကို ဆက်သွယ် မေးမြန်းရာမှာတော့ နာရေးရောက်နေတဲ့အတွက် မအားသေးဘူးလို့ပြောပါတယ်။

ကဇူးကိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ကိုခင်သန်းအောင်က “ကဇူးကိုင်းက ရဲတပ်ကြပ်တစ်ယောက်ပါ။ ကျနော်ကတော့ အဲဒီနေ့က အမ်းမှာမို့လို့။ သတင်းအရကတော့ ညနေ၂ နာရီ ၃ နာရီလောက်မှာ ထင်ပါတယ်၊ ကဇူးကိုင်းရွာမှာပါပဲ၊ ကဇူးကိုင်းရွာရဲ့ စမ်းကြီးပိုင်းလို့ခေါ်တဲ့ အဲဒီပိုင်းမှာပါ၊ ဓါးထိုးဒဏ်ရာနဲ့ သေတယ်လို့ပဲ ကျနော်သိရတယ်။ ကျနော်ကလည်း ရွာကို ပြန်ရောက်တဲ့အချိန်မှာ အလောင်းကိုရွာကနေ သယ်သွားကြပါပြီ” လို့ ပြောပါတယ်။

အဆိုပါဒုရဲတပ်ကြပ် ထွန်းထွန်းနိုင်ကို ဓါးနဲ့ထိုးသတ်သွားတဲ့ အမည်မသိသူကို အမ်းမြို့မရဲစခန်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၄ နဲ့ အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးနေတယ်လို့ ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

သတင်း- နောင်နောင်

————-

ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္၊ ကဇုကိုင္းေက်း႐ြာမွာရွိတဲ့ ရဲကင္းစခန္းမွာ တာဝန္ထမ္းေဆာင္ ေနတဲ့ ရဲဒုတပ္ၾကပ္ ထြန္းထြန္းႏိုင္ဟာ ေဖေဖာ္ဝါရီ ၁၁ ရက္ေန႔ ေန႔လယ္က ကဇုကိုင္းေက်း႐ြာမွာ ဓားထိုးသတ္ခံရၿပီး ေသဆုံးသြားပါတယ္။

ေသဆုံးသူ ရဲဒုတပ္ၾကပ္ထြန္းထြန္းႏိုင္ဟာ ကဇုကိုင္းေက်း႐ြာ(စမ္းႀကီးပိုင္း)ရွိ ကုန္စုံဆိုင္မွာ ေစ်းဝယ္ဖို႔ ဆိုင္ကယ္နဲ႔သြားေရာက္ခဲ့စဥ္ အမည္မသိဆိုင္ကယ္တစီးနဲ႔ လူတဦးက ေနာက္က လိုက္လာတာေၾကာင့္ ကုန္စုံဆိုင္အတြင္းကို ဝင္ေရာက္သြားတဲ့အခ်ိန္မွာ အဆိုပါအမည္မသိ အမ်ိဳးသားက လိုက္လာကာ လုံးေထြးသတ္ပုတ္ခဲ့ ၾကၿပီး ရဲဒုတပ္ၾကပ္ထြန္းထြန္းဝင္းကို ဓားနဲ႔ထိုးသြားခဲ့တယ္လို႔ ေက်ာက္ျဖဴခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံးက သိရပါ တယ္။

ဓားထိုးခံရမႈေၾကာင့္ ရဲဒုတပ္ၾကပ္ထြန္းထြန္းႏိုင္ရဲ႕ ဘယ္ဘက္ရင္အုံမွာ ထိုးသြင္းဒဏ္ရာ ၁ ခ်က္၊ ရင္ဝ ထိုးသြင္းဒဏ္ရာ ၁ ခ်က္၊ ဝမ္းဗိုက္ခ်က္အထက္မွာ ထိုးသြင္းဒဏ္ရာ ၁ခ်က္၊ လည္ပင္းနဲ႔ ဝဲဘက္ပါးျပင္တို႔မွာ ျပတ္ရွဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့တာေၾကာင့္ အမ္းၿမိဳ႕ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ထားတယ္လို႔လည္း သိရပါတယ္။

အဆိုပါျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အေသးစိတ္သိရဖို႔ အမ္းၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉးေအးမင္းကို ဆက္သြယ္ ေမးျမန္းရာမွာေတာ့ နာေရးေရာက္ေနတဲ့အတြက္ မအားေသးဘူးလို႔ေျပာပါတယ္။

ကဇူးကိုင္းေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ကိုခင္သန္းေအာင္က “ကဇူးကိုင္းက ရဲတပ္ၾကပ္တစ္ေယာက္ပါ။ က်ေနာ္ကေတာ့ အဲဒီေန႔က အမ္းမွာမို႔လို႔။ သတင္းအရကေတာ့ ညေန၂ နာရီ ၃ နာရီေလာက္မွာ ထင္ပါတယ္၊ ကဇူးကိုင္း႐ြာမွာပါပဲ၊ ကဇူးကိုင္း႐ြာရဲ႕ စမ္းႀကီးပိုင္းလို႔ေခၚတဲ့ အဲဒီပိုင္းမွာပါ၊ ဓါးထိုးဒဏ္ရာနဲ႔ ေသတယ္လို႔ပဲ က်ေနာ္သိရတယ္။ က်ေနာ္ကလည္း ႐ြာကို ျပန္ေရာက္တဲ့အခ်ိန္မွာ အေလာင္းကို႐ြာကေန သယ္သြားၾကပါၿပီ” လို႔ ေျပာပါတယ္။

အဆိုပါဒုရဲတပ္ၾကပ္ ထြန္းထြန္းႏိုင္ကို ဓါးနဲ႔ထိုးသတ္သြားတဲ့ အမည္မသိသူကို အမ္းၿမိဳ႕မရဲစခန္းမွာ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၀(က)/၅၄ နဲ႔ အမႈဖြင့္လွစ္ကာ စုံစမ္းစစ္ေဆးေနတယ္လို႔ ေက်ာက္ျဖဴခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံးက သိရပါတယ္။

သတင္း- ေနာင္ေနာင္ DVB TV News