အပျော်စီးသင်္ဘော Diamond Princess ပေါ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၉ ဦးထပ်တွေ့

40

အပျော်စီးသင်္ဘော Diamond Princess ပေါ်က နောက်ထပ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၉ ယောက်ကို တွေ့ရှိတယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးက ဖေဖော်ဝါရီ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးခံရသူ ၄၉၂ ယောက်မှာ ကူးစက်ခံရသူ ၁၇၄ ယောက် ရှိသွားပြီလို့ ဂျပန်ကျန်းမာရေးဝန်ကြဌာနက သတင်းထုတ်ပြန်ပါတယ်။

နောက်ပြီးသီးခြားစောင့်ကြည့်တဲ့ ဂျပန်အရာရှိတဦးမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရတာ တွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီး ခါတိုက သတင်းထောက်တွေကို ပြောပါတယ်။

ဟောင်ကောင်မှာ ဆင်းသွားတဲ့ ခရီးသည်တယောက် ဗိုင်းရပ်စ်ကူးစက်ခံရတာ တွေ့ပြီးနောက် Diamond Princess သင်္ဘောကြီးကို တိုကျိုမြို့တောင်ပိုင်း ယိုကိုဟားမားဆိပ်ကမ်းမှာ သီတင်းနှစ်ပတ်ကြာ သီးခြား စောင့်ကြည့်ထားတာ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရသူတွေကို သင်္ဘောပေါ်ကနေ ဂျပန်ဆေးရုံဆီ ပို့ဆောင်ခဲ့ပြီး ကျန်အမှုထမ်းတွေနဲ့ခရီးသည်တွေကို ဗိုင်းရပ်စ် ရှိ မရှိ ဆက်လက်စစ်ဆေးနေပါတယ်။ အပျော်စီးသင်္ဘော Diamond Princess ဟာ ဖေဖော်ဝါရီလ ၃ ရက်က ယိုကိုဟားမားဆိပ်ကမ်းကို ရောက်လာခဲ့ပြီး အမှုထမ်းခရီးသည် ၂၆၇၀ လိုက်ပါလာတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

DVB TV News

အေပ်ာ္စီးသေဘၤာ Diamond Princess ေပၚက ေနာက္ထပ္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၃၉ ေယာက္ကို ေတြ႕ရွိတယ္လို႔ ဂ်ပန္က်န္းမာေရးဝန္ႀကီးက ေဖေဖာ္ဝါရီ ၁၁ ရက္မွာ ေျပာလိုက္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ရွိ၊ မရွိ စစ္ေဆးခံရသူ ၄၉၂ ေယာက္မွာ ကူးစက္ခံရသူ ၁၇၄ ေယာက္ ရွိသြားၿပီလို႔ ဂ်ပန္က်န္းမာေရးဝန္ၾကဌာနက သတင္းထုတ္ျပန္ပါတယ္။

ေနာက္ၿပီးသီးျခားေစာင့္ၾကည့္တဲ့ ဂ်ပန္အရာရွိတဦးမွာလည္း ဗိုင္းရပ္စ္ကူးစက္ခံရတာ ေတြ႕ရွိတယ္လို႔ က်န္းမာေရးဝန္ႀကီး ခါတိုက သတင္းေထာက္ေတြကို ေျပာပါတယ္။

ေဟာင္ေကာင္မွာ ဆင္းသြားတဲ့ ခရီးသည္တေယာက္ ဗိုင္းရပ္စ္ကူးစက္ခံရတာ ေတြ႕ၿပီးေနာက္ Diamond Princess သေဘၤာႀကီးကို တိုက်ိဳၿမိဳ႕ေတာင္ပိုင္း ယိုကိုဟားမားဆိပ္ကမ္းမွာ သီတင္းႏွစ္ပတ္ၾကာ သီးျခား ေစာင့္ၾကည့္ထားတာ ျဖစ္ပါတယ္။

ဗိုင္းရပ္စ္ကူးစက္ခံရသူေတြကို သေဘၤာေပၚကေန ဂ်ပန္ေဆး႐ုံဆီ ပို႔ေဆာင္ခဲ့ၿပီး က်န္အမႈထမ္းေတြနဲ႔ခရီးသည္ေတြကို ဗိုင္းရပ္စ္ ရွိ မရွိ ဆက္လက္စစ္ေဆးေနပါတယ္။ အေပ်ာ္စီးသေဘၤာ Diamond Princess ဟာ ေဖေဖာ္ဝါရီလ ၃ ရက္က ယိုကိုဟားမားဆိပ္ကမ္းကို ေရာက္လာခဲ့ၿပီး အမႈထမ္းခရီးသည္ ၂၆၇၀ လိုက္ပါလာတယ္လို႔ ႐ိုက္တာသတင္းအရ သိရပါတယ္။

DVB TV News